NEWS

လုပ်ငန်းခွင်ဆိုင်ရာ ခံစားခွင့်တွေ ခွင့်ပြုပေးဖို့ အလုပ်သမားတွေတောင်းဆို

CoverLogo
831 Views

လုပ်ငန်းခွင်ထဲမှာ ခွင့်ခံစားခွင့်တွေမရတာ လူမှုဖူလုံရေးဆေးခွင့်မရတာ နဲ့ လုပ်သက် ၃ လကျော်တဲ့နေ့စားအလုပ်သမားတွေကို အတည်ပြုခန့်အပ်ခြင်းမရှိတာကြောင့် အလုပ်သမားတွေခံစားသင့်တဲ့ ဥပဒေပါခံစားခွင့်တွေ ခွင့်ပြုပေးဖို့ YOYIKA GARMENT အလုပ်သမားတွေကတောင်းဆိုလိုတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါ စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော်နဲ့ လည်ပတ်နေတာဖြစ်ပြီး  LIVADES၊ Laskikaru စတဲ့အမှတ်တံဆိပ် အင်္ကျီတွေချုပ်လုပ်နေတာလို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားဖြစ်တဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

လုပ်ငန်းခွင်မှာ အလုပ်သမား ၇၀၀ ကျော်ရှိပေမဲ့ နေ့စားအလုပ်သမား ၁၀၀ ဝန်းကျင်ရှိကာ လုပ်သက် ၃ လပြည့်ပြီးတဲ့ အလုပ်သမားတွေများပေမဲ့ အတည်ပြုခန့်အပ်တာမရှိဘဲ ခိုင်းစေနေတာ တရက်ပျက်တာနဲ့ အလုပ်ကထုတ်ပယ်တာ စစ်ဆေးရေး လာပါကကြိုတင်သိရှိကာ  ပုန်းရှောင်ခိုင်းထားတာ စစ်ဆေးရေးများပြန်သွားမှ ပြန်လည်အလုပ်လုပ်ရတာ တွေကြောင့် နစ်နာမှုတွေဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်ချိန်အနေနဲ့ နံနက် ၇ နာရီ ၃၀ ကနေ ညနေ ၆ နာရီအထိ ဆင်းရပြီး အထည်စံချိန်တောင်းခံရမှာ အလုပ်သမား ၄၀ ဝန်းကျင်သာရှိတဲ့ စက်လိုင်းတစ်လိုင်းကို အလုပ်ချိန် ၁၀ နာရီအတွက် အထည်စံချိန် ၇၀၀ အထိ သတ်မှတ်တောင်းခံနေပြီး အထည်စံချိန်မပြည့်ပါက ကြီးကြပ်ရေးများဖြစ်သည့် အောစူပါ စူပါတွေက အော်ဟစ်ခြင်း ဆဲဆိုခြင်းများပြုလုပ်ကာ စံချိန်ပြည့်အောင်ချုပ်ခိုင်းခြင်း များကြောင့် လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ အလုပ်သမားကပြောပါတယ်။

"အထည်စံချိန်ကို မတရားတောင်းပြီး အသည်းအသန်ချုပ်ရတယ် တခါတလေ ပဲကျ ရင် အလုပ်သမားက ဝမ်တိမ်ထိုးရတယ် အချိန်ပိုဆင်းရမဲ့နေ့တွေဆို ကြိုမပြောဘူး အလုပ်ချိန်ပြီးလို့ အိမ်ပြန်တော့မယ်ဆိုမှ အချိန်ပိုဆင်းရမယ်ဆိုပြီးပြောမယ် အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မမေးဘဲ မဆင်းမနေရ အတင်းအဓမ္မခေါ်ပြီး အောလင်း အောနိုက်ဆင်းပေးနေရတယ် မဆင်းဘူး ငြင်းရင် ခွဲခြား ခွဲခြားနဲ့ အလုပ်ထွက်ရတဲ့အထိ ဖိအားပေးတာတွေလုပ်တယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာအလုပ်သမားတိုင်းခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့် ဆေးခွင့်တွေ ခံစားခွင့်မရဘူးလို့သိရပါတယ်။လူမှုဖူလုံရေးကြေး လစဉ်ထည့်ဝင်ရပေမဲ့ ဆေးခွင့်ခံစားခွင့်မရဘူးလို့ လည်း အလုပ်သမားကပြောပါတယ်။ 

"ခွင့်ခံစားခွင့်မရတာတွေ လူမှုဖူလုံရေးဆေးခွင့်ခံစားခွင့်မရတာတွေက နစ်နာတာပေါ့ နေထိုင်မကောင်းလို့ ဖြစ်စေ အရေးပေါ်ကိစ္စကြောင့်ဖြစ်စေ ခွင့်တင်ပြီး အလုပ်ပျက်ရင် ဒေးကြေး ၅၈၀၀ နဲ့ ရက်မှန်ကြေး ၃၅၀၀၀ ဖြတ်ခံရတယ် အဲ့ဒါမဖြစ်သင့်ဘူး"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ခွင့်ရက်များ ဆေးခွင့်များခံစားခွင့်ပြုဖို့ ၊ ၃ လပြည့်ပြီးသော နေ့စားအလုပ်သမားတွေကို အတည်ပြုခန့်အပ်ပေးဖို့ နဲ့ အထည်စံချိန်တွေတောင်းခံရမှာ အော်ဟစ်ဆဲဆိုခြင်းမပြုဘဲ အေးဆေးစွာ တောင်းခံရန် စတဲ့ အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026