NEWS

လုပ်ငန်းခွင်ဆိုင်ရာ ကိစ္စရပ်တွေကို EC စာချုပ်အတိုင်း ဖြေရှင်းဆောင်ရွက်ဖို့ အလုပ်သမားတွေတောင်းဆို

CoverLogo
988 Views

လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန် မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် SAUNG OO SHWE NAY အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာရပ်တွေဖြစ်ပေါ်နေပြီး အလုပ်ရှင်ဘက်မှ EC စာချုပ် အတိုင်း သာ ဖြေရှင်းဆောင်ရွက်စေလိုတယ်လို့အလုပ်သမားတွေကပြောဆိုပါတယ်။

အဆိုပါလုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လက်ရှိမှာ လုပ်ငန်းခွင်အတွင်း စက်လိုင်းတွေ ရွေ့ပြောင်းတဲ့ကိစ္စရပ်နဲ့ပတ်သက်လို့ ခွဲခြားဆက်ဆံမှုတွေရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။

စက်ရုံမှာ အလုပ်သမား ၂၀၀၀ ကျော်နဲ့ H&Mတံဆိပ် ဘောင်းဘီအထည်တွေချုပ်လုပ်တင်ပို့နေတာဖြစ်ပြီး ပေးချေနေတဲ့ အခကြေးငွေနှုန်းထားကတော့ ဒေးကြေး ၅၈၀၀ ကျပ် ရက်မှန်ကြေး ၂၀၀၀၀ ကျပ် အချိန်ပို တစ်နာရီ ၁၄၅၀ ကျပ် ကျွမ်းကျင်ကြေး A+(၃၅၀၀၀)A(၂၅၀၀၀)B(၁၀၀၀၀)ကျပ် သတ်မှတ်ပေးချေနေတာလို့ အလုပ်သမားကပြောပါတယ်။

"ချိုးဖောက်မှုကတော့ ခွဲခြားဆက်ဆံတာတွေလုပ်ဆောင်နေပါတယ် စက်ရုံဘီမှာ လိုင်း ၁၃ ကနေ ၃၀ ကျော်ထိ ရှိပြီး  အလုပ်ရှင်က တခြားလိုင်းတွေအကုန်လုံးကို အထည်တွေချပေးပြီး လိုင်း ၂၂ ကို ခွဲခြားပြီး လိုင်းဖျက်မယ်လို့ ပြောတယ်အလုပ်ရှင် အလုပ်သမားဆွေးနွေးတော့လည်း အလုပ်သမားတွေရဲ့ သဘောဆန္ဒတွေကို မယူဘဲ လုပ်တဲ့အတွက် အလုပ်သမားတွေက ကျေနပ်မှုမရှိဘူး အလုပ်သမားတွေကလည်း  EC စာချုပ်ကိုလည်း လိုင်း ၂၂ ဆိုပြီးချုပ်ထားတာပဲ အခုလို ချုပ်ထည်တွေမချပေးဘဲ လိုင်းဖျက်မယ်ပြောတာဟာ အလုပ်သမားတွေ ကိုယ့်သဘောနဲ့ကိုယ် စိတ်ညစ်ပြီးအလုပ်ထွက်သွားအောင် ရည်ရွယ်ချက်ရှိရှိလုပ်နေတာလို့ ပြောချင်ပါတယ်၊ စက်လိုင်းတစ်လိုင်းထဲကို အလုပ်ပေးမလုပ် ဘဲ ဒေးကြေးမပေးဘူးလို့လဲ ခြိမ်းခြောက်ပါတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

အခုလိုလုပ်ငန်းခွင်ဆိုင်ရာအခက်အခဲတွေကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး အလုပ်သမားတွေအနေနဲ့ အလုပ်သမားသဘောဆန္ဒမပါဘဲ ဌာန လိုင်းပြောင်းရွေ့ခြင်းမပြုလုပ်ရန် အလုပ်ရှင်ဘက်မှ အလုပ်ပေးနိုင်သောရက်များအတွက် ဒေးကြေးပေးချေရန် အလုပ်ရှင်ဘက်မှ EC စာချုပ်အတိုင်းဆောင်ရွက်ပေးရန် အလုပ်ရှင်ဘက်မှအလုပ်သမားအခြင်းခြင်းခွဲခြားဆက်ဆံခြင်းမပြုလုပ်ရန် စတဲ့အချက်တွေတောင်းဆိုလိုတယ်လို့အလုပ်သမားတွေကပြောပါတယ်။

 


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026