NEWS

လုပ်ငန်းခွင်ဆိုင်ရာအဆင်မပြေမှုများတောင်းဆိုပါက စစ်တပ်ခေါ်ဖမ်းခိုင်းမယ်လို့ အလုပ်သမားတွေခြိမ်းခြောက်ခံနေရ

CoverLogo
1.6K Views

အလုပ်သမားတွေကို လစာထုတ်ပေးရမယ့်ရက်မှာ မထုတ်ပေးဘဲ ရက်ကျော်ထုတ်ပေးလို့ မန်နေဂျာကိုသွားရောက်ပြောဆိုရာမှာ ရုတ်ရုတ်လုပ်ရင် စစ်တပ်ခေါ်ဖမ်းခိုင်းပြီး ပစ်သတ်ခိုင်းမယ်လို့ ခြိမ်းခြောက်တယ်လို့ စက်ရုံအလုပ်သမားတွေက ပြောဆိုပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန် ၄ ပတ္တမြားလမ်း မှာ အလုပ်သမား ၄၅၀ ဝန်းကျင်နဲ့ လည်ပတ်နေတဲ့ တရုတ်နိုင်ငံသား ပိုင် JINFU Garment Factory မှာ လုပ်ငန်းခွင်အတွင်း သမဂ္ဂဖွဲ့စည်းထားတာလည်းမရှိဘဲ အလုပ်သမားဉပဒေပါ ရပိုင်ခွင့်တွေ ဆုံးရှုံးနေရပြီး ခြိမ်းခြောက်မှုတွေပါ ပြုလုပ်ခံနေရတယ်လို့ အဆိုပါစက်ရုံလုပ်သားတွေက ပြောဆိုပါတယ်။

အဆိုပါ စက်ရုံမှာ  SINSAY, YSNS, WEAR, SUPPLY2022 စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ ဥပဒေပါခံစားခွင့်များဖြစ်တဲ့  (၁၉၅၁)ခုနှစ့် ခွင့်ရက်နှစ်အလုပ်ပိတ်ရက် ဥပဒေပါခံစားခွင့်များအား မပေး ခြင်း အများပြည်သူအလုပ်ပိတ်ရက်များဖြစ်ကြသည့် တနင်္ဂနွေနေ့များတွင် အလုပ်သမားများ၏ သဘောဆန္ဒ မပါပဲ အချိန်ပိုအားအတင်းအကျပ်ခိုင်းစေခြင်းနှင့် အချိန်ပိုကြေးအားမပေး တာတွေ ပြုလုပ်နေလို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲဖြစ်ပေါ်နေတာတွေကို ပြောဆိုတင်ပြခွင့်မရရှိသလို လုပ်ငန်းခွင်ထဲမှာ အဆင်မပြေမှုတွေကြားက အလုပ်ပြုတ်မှာစိုးရိမ်စွာနဲ့ ဆက်လက်လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

“ညဘက် ALLလင်း၊ ALL Night  ကိုအလုပ်သမားတွေကိုဆင်းခိုင်းတယ် အချိန်ပိုဆင်းခိုင်းပြီး အချိန်ပိုကြေး မပေးပါဘူး ပြီးရင်  သူတို့မတရားတိုးတောင်းထားတဲ့စံချိန်တွေ အပြည့်မရဘူးဆိုရင် အော်ဟစ်ဆဲဆိုပြီးတော့ ပြောတာရစရာကိုမရှိဘူး" လို့ အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

အလုပ်နဲ့မသက််ဆိုင်ဘဲနဲ့ အောစူပါ စူပေါတွေကနေ အလုပ်သမားအပေါ် ရိုင်းစိုင်းစွာ ဆဲဆိုခြင်းနှင့် ဝန်ထမ်းအချင်းချင်းအရှက်ရစေရန် အော်ဟစ်ပြောဆိုခြင်းများပြုလုပ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။


ဒါ့အပြင် အလုပ်သမားတွေကို ဖယ်ရီလုံလောက်စွာစီစဉ်ပေးထားတာမရှိလို့ သွားလာရခက်ခဲတာတွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။


နေ့စားဝန်ထမ်းတွေကို ၃ လပြည့်ပြီးပါက အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခြင်း မပြုဘဲ တနင်္ဂနွေနေ့များအား အချိန်ပိုဆင်းခိုင်းပြီး အချိန်ပိုကြေး (၄၈၀၀) ကျပ်သာပေးချေပြီး ဒေးကြေး ၃၆၀၀ ကျပ်နဲ့သာ ရှင်းပေးနေတယ်လို့ သိရပါတယ်။


လုပ်ငန်းခွင်ထဲမှာ လုပ်ငန်းခွင်‌ဘေးအန္တရာယ်ကင်းရှင်းရေးကိုစီစဥ်ဆောင်ရွက်မှုတွေပြုလုပ်ပေးထားတာမရှိဘဲ သောက်ရေ သုံးရေ နားနေဆောင် ဆေးပေးခန်း အိမ်သာနဲ့ အရေးပေါ်ထွက်ပေါက်တွေ လုံလောက်စွာ ပြုလုပ်ပေးထားတာမရှိဘူးလို့ သိရပါတယ်။

အလုပ်သမားတွေအနေနဲ့ အလုပ်သမားဥပဒေပါ ပိတ်ရက်ခံစားခွင့်တွေ ရရှိလိုပြီး နေ့စားဝန်ထမ်းတွေကို အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်ပေးဖို့နဲ့ အစမ်းခန့် ၃ လပြည့်ပါက အမြဲတန်းဝန်ထမ်းအဖြစ်ခန့်အပ်ပေးဖို့  အချိန်ပိုဆင်းရပါက လုပ်အားခပေးချေဖို့ လိုလားနေတယ်လို့ ဆိုပါတယ်။


 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026