NEWS

လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်မှုတွေ ဖြေရှင်းပေးစေလိုဟုဆို

CoverLogo
744 Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊အမှတ်(-)၊ နဝဒေးလမ်းမကြီး ၊ ဇုန် (၃) တွင် ဖွင့်လှစ် ထားသော Dongxin Garment Co.,Ltd. သည် လုပ်ငန်းခွင်အတွင်း အလုပ်သမားများသိသင့်သိထိုက်သည့် အလုပ်သမား ဥပဒေအကြောင်းအရာများကို နားလည်အောင် ရှင်းပြမှုမရှိခြင်း၊ ခေါင်းဆောင်များ၏ စိတ်ကြိုက်ဆဲဆိုခြင်းများကို ပြန်လည်ပြောဆိုခွင့်များမပြုရခြင်း၊ အလုပ်သမားရုံးများသို့တိုင်ကြားခြင်းများအား မပြုလုပ်ကြရန်တားမြစ်ထားကြောင်းနှင့် စုံစမ်းသိရှိပါက အလုပ်မှ ထုတ်ပယ်မည်ဟု စူပါများနှင့် အလုပ်ရှင်ဘက်မှ ရွေးချယ်ထားသော လုပ်ငန်းခွင်ညှိနှိုင်းရေး အလုပ်သမားကိုယ်စားလှယ် (wcc) တို့မှ စုံစမ်းမေးမြန်းမှုများပြုလုပ်ရင်း အလုပ်သမားများအား အခက်တွေ့အောင် ပြုနေနေတာတွေ ရှိနေတယ်လို့ အလုပ်သမားများက ပြောဆိုလာပါတယ်။ 


စက်ရုံသည် WCC ရွေးချယ်ဖွဲ့စည်းရာမှာ အလုပ်သမားများ၏ သဘောဆန္ဒဖြင့် ရွေးခွင့်မပေးဘဲ အလုပ်ရှင်ဘက်မှ ရွေးပြီးထားသူကိုသာ မဲစာရင်းပေးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိရွေးပေးထားသော WCC အဖွဲ့သည် အလုပ်သမားများ၏ လုပ်ငန်းခွင် ပြဿနာများကို ဖြေရှင်းပေးခြင်းမရှိဘဲ အလုပ်ရှင်က ပြောဆိုသည့်အတိုင်းသာ လိုက်လုပ်ခြင်းဖြစ်တယ်လို့လဲ ဆိုလာပါတယ်။ 


ပထမအကြိမ် ရွေးပေးထားသော WCC အဖွဲ့သည် အလုပ်သမားများ၏ လုပ်ငန်းခွင်ပြသာနာများကို ဖြေရှင်းကူညီပေးခြင်း ရှိသောကြောင့်  WCC သတ်တမ်း (၂) နှစ်မပြည့်သေးဘဲ WCC အဖွဲ့ဝင်တစ်ဦးကို အလုပ်မှ အကြောင်းပြချက် မရှိဘဲ ထုတ်ပြစ်ခြင်းရှိခဲ့သဖြင့် လက်ရှိ အလုပ်သမားညှိနှိုင်းဖျန်ဖြေရေးရုံးတွင် အမှုဖြေရှင်းလျှက်ရှိတယ်လို့ ဆိုပါတယ်။


စက်ရုံအတွင်းအလုပ်သမားများခံစားခွင့်ရှိသော ခွင့်များနှင့်ပတ်သက်ပြီး  ‌ဆေးခွင့်တောင်းလျှင်ပင် မပေး ချင်ဘဲ စူပါများမှ ဟိုလူ့သွားပြော ၊ ဒီလူ့သွားပြောဖြင့် လုပ်တတ်ကြပြီး၊ ကိုယ်ပူတာလောက်ကတော့ ဆေး သောက်ရင်ပျောက်ပါတယ်ဆိုကာ ဆေးပေးခန်းတွင်သာ ခေတ္တ နားခိုင်းတက်ကြောင်း အလုပ်သမားကို စက်ရုံဆေးပေးခန်းသည် ဆေးလုံလောက်စွာမထားသောကြောင့် အလုပ်သမားများဆေးသွား တောင်းလျှင် ဆေးမရှိသည်ကများတယ်လို့ အလုပ်သမားများက ပြောပါတယ်။


စက်ရုံတွင် နေ့စား ၊လရှင်း အလုပ်သမားများစွာရှိကြောင်းနှင့် ၎င်းအလုပ်သမားများအားအမြဲတမ်းဝန် ထမ်းခန့်အပ်ရမည်စိုးသောကြောင့် အော်ဒါအနည်းငယ်ပါးသည်နှင့် အလုပ်မှ ထုတ်ပြစ်တက်သည်ကိုလည်းလုပ် သက် ၆ လကျော်နှင့် အလုပ်ထုတ်ခံရသည့် မိန်းကလေးထံမှ သိရှိရပါတယ်။ 


စက်ရုံသည် အလုပ်သမားများအား အလုပ်သမားဥပဒေအရ လုပ်ငန်းခွင်သို့စတင်ဝင်ရောက်သည့်ရက်မှ ရက်ပေါင်း ၃၀ အတွင်း EC စာချုပ်ချုပ်ပေးရမည်ကိုလည်းလှစ်လျူရှူ့ထားကြောင်းနှင့် စာချုပ်ချုပ်ပေးရန် ပြေဆိုသူများကိုလည်း သူဌေး၏ မိန်းမစကားပြန်က အလုပ်ကထုတ်ပစ်ကြောင်း အလုပ်သမားများက ပြောပြလာပါတယ်။


လက်တလောတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအများဆုံးဖြစ်နေသော စက်ရုံဖြစ်နေသည့်အ ကြောင်းအား လူအများသိရှိသွားသည့်အပေါ် အလုပ်သမားများအား လိုက်လံစုံစမ်းနေမှုများအားပြုလုပ်နေခြင်း သိရှိပါက အလုပ်မှ ထုတ်ပစ်ရန် HR ၊ အလုပ်ရှင်ဘက်မှစူပါအချို့နှင့် အလုပ်ရှင်ဘက်မှ စာရေးမ အချို့ကအုပ်စု ဖွဲ့ညှိနှိုင်းနေကြကြောင်းကိုလည်း အလုပ်သမားအချို့မှ ပြောပြလာပါတယ်။

၂၃.၇.၂၀၂၄ ရက်နေ့ ၃ နာရီခွဲတွင် မီတင်ပြု လုပ်ရာ၌ အလုပ်သမားများ၏ လက်ကိုင်ဖုန်းများအား စက်ရုံဘက်မှ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် သိမ်း ဆည်းသွားတော့မည်ဆိုကာ ပြောလာခြင်းရှိတယ်လို့ ဆိုပါတယ်။


အလုပ်ရှင်သည် မြန်မာဘာသာ စကားမတက်သောကြောင့် အလုပ်ရှင်၏ မိန်းမ ဖြစ်သူက စကားပြန်ပေးရာ၌ ထိန်ချန်စကားပြန် ပေးခြင်းများနှင့် မိမိအကျိုးအတွက်သာကြည့်သော စူပါ၊ စာရေးမတို့၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် နစ်နာမှုများစွာ ဖြစ်​နေတယ်လို့  အလုပ်သမားအချို့မှ ရင်ဖွင့် ပြောဆိုလာပါတယ်။


Related posts

Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026