NEWS

လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်မှုတွေရှိပြီး လူမျိုးရေးခွဲခြားတာတွေပြုလုပ်နေတာကြောင့် ရင်ဖွင့်စာပေးပို့လာတဲ့အလုပ်သမားတစ်ဦး

CoverLogo
2K Views

ရန်ကုန်တိုင်း မင်္ဂလာဒုံစက်မှုဇုန်  ဇေကမ္ဘာ ၁၁  လမ်း၊ မှာ ဖွင့်လှစ်ထားတဲ့ Myanmar Consumer Beverage Ltd ၊
ဟိန္ဒူလူမျိုးတစ်ဦးပိုင်ဆိုင်တဲ့ စက်ရုံမှာ စက်ရုံတွင်း လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးတွေ ချိုးဖောက်မှုဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ ဝန်ထမ်းပေးပို့လာတဲ့စာကိုဖော်ပြပေးလိုက်ပါတယ်။

စက်ရုံထဲမှာ လူ့အခွင့်ရေးတွေချိုးဖောက်မှုတွေအများကြီးရှိနေပါတယ်။သူတို့ရဲ့လူမျိုးများကိုသာ ဦးစားပေးခြင်း၊ နေရာပေးခြင်း၊ စည်းကမ်းပိုင်းနှင့်ပတ်သက်ရင်လည်း အ လျှော့ပေးခြင်းများပြုလုပ်ပါတယ်။

အထူးသဖြင့် ဗမာဆိုရင်စည်းကမ်းပိုင်းတင်းကျပ်ခြင်း၊ အပစ်ရှာဖွေထုတ်ပယ်ခြင်း၊ အလုပ်သမားတစ်ဦးရဲ့ လုပ်သက်၊ အရည်ချင်းဆိုင်ရာခံစားခွင့်များကို မပေးခြင်း၊ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုများတွက်တာဝန်ယူမှုမရှိခြင်း ၊နစ်နာသောဝန်ထမ်းများအား ဥပက္ခာပြုထားခြင်း၊ လစာ၊ အချိန်ပိုကြေးများကို တိုးမြင့်ပေးရမည်ကိုမဆောင်ရွက်ပေးခြင်းနှင့်အခြားသော လူ့အခွင့်ရေးချိုးဖောက်အများပြားရှိနေပါတယ်။

အလုပ်သမားသမဂ္ဂသီးသန့်မရှိပါ။အလုပ်သမားများဘက်မှ ရပိုင်ခွင့်များတောင်းဆိုလျှင် အပစ်ရှာအလုပ်ဖြုတ်ပါတယ်။ဝန်ထမ်းအများစုဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးတွေပါဝင်ကြသူများဖြစ်တဲ့အတွက် စက်ရုံပိုင်ရှင်ကပို၍ဖိနှိပ်နေ ခြင်းဖြစ်သည်ဟုလည်း သုံးသပ်မိပါတယ်။

တိုင်ကြားပါက သက်ဆိုင်ရာဌာနများကိုငွေကြေးပေး၍ ဖြေရှင်းပါတယ်။ Speed အချိုရည်၊ one tea နို့ဆီ၊ Horn အချိုရည်၊ designer သောက်ရေသန့်များထုတ်ပါတယ်။ဂေါ်ဇီံလာံဆိပ် ခြင်ဆေးခွေ လက်ဆေးဆပ်ပြာတွေလည်း ထုတ်တယ် ။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားဝန်ထမ်းများအပေါ် ဖိနှိပ်မှုများပြုလုပ်ပါတယ်။

စွမ်းအင်ဝန်ကြီးဌာနမှ ပြည်သူပိုင်ဂတ်စ်လိုင်းများကိုတရားမဝင်ခိုးယူအသုံးပြုပီး လည်ပတ်နေတာဖြစ်ပါတယ်။ဇေကမ္ဘာလ၁၁ လမ်း အဆုံးမှာ ဆင်ဖုံရွာဆိုတာရှိတယ် အဲ့ရွာအနီးကဂတ်စ်ပိုက်လိုင်းကနေ တရားမဝင်ခိုးယူအသုံးပြုနေတယ်ဗျစစ်တပ်ကိုလည်းနှစ်စဉ် ဘီလျံနဲ့ထောက်ပံ့နေတယ်လို့လဲ သိရပါတယ်။

စက်ရုံမှာ ဖုန်း ကိုင်ဆောင်ခွင့်တွေပါပိတ်ပင်ထားသေးပါတယ်။ pdf တွေနဲ့အဆက်သွယ်လုပ်မှာစိုးလို့ဆိုပြီး
အကန့်သတ်နဲ့ကိုင်နေရတယ်။ ဖုန်းပါလာရင်အပြီးသိမ်းတာပါလုပ်တယ်။

သူတို့လူမျိုးတွေကိုသာ နေစရာ စားစရာလုပ်ပေးပါတယ် ကျန်တဲ့ဝန်ထမ်းတွေက လစာ ၁၄၄၀၀၀ ရယ် အိုတီကြေး တစ်နာရီ ၁၅၀၀ ရယ်က လွဲရင် ဘာမှ မရပါဘူး။ စက်ရုံမှာ CCTV တွေကို အိမ်သာတွေကအစတပ်ဆင်ပါတယ် မိန်းခလေးအိမ်သာပါတပ်ပါတယ်။

CCTV အလုံး ၁၀၀၀  ခန့်တပ်ထားပြီး ဝန်ထမ်းတွေကိုအကုန်စောင့်ကြည့်ပါတယ် အမှားအသေးလေးတွေကိုလည်း ထုတ်ပစ်သည်အထိအရေးယူပါတယ် ဗမာမှန်ရင် ဘာအခွင့်ရေးမှမရပါ
စက်ရုံရဲ့ အဓိကအရေးပါတဲ့နေရာများကို သူတို့လူမျိုးကိုသာခန့်ပါတယ်
ဗမာမိန်းခလေးတွေအပေါ်လည်း အခွင့်ရေးယူမှုများရှိပါတယ် ကာအိန္ဒြေပျက်ပျားစေတာမျိုးတွေပါ။ ဘယ်မှလည်းတိုင်မရပါဘူး။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026