NEWS

လုပ်ငန်းခွင်ချိုးဖောက်မှုတွေကို တိုင်ကြားထားပေမယ့် အရေးယူမှုမရှိ

CoverLogo
799 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် အနော်ရထာလမ်းမှာဖွင့်လှစ်ထားတဲ့ Eternal Fashion အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေဖြစ်ပွားနေပြီး အလုပ်သမားရုံးကိုတိုင်ကြားထားပေမယ့် အရေးယူပေးတာမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေအနေနဲ့ တစ်လလုံး အနားမပေးဘဲ ပိတ်ရက်တွေမှာ အချိန်ပိုအိုတီဆင်းခိုင်းတာ ၊ အချိန်ပိုဆင်းရန် ငြင်းဆန်ပါက ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံတာ ၊ ခွဲခြားဆက်ဆံတာတွေနဲ့ ဖိအားပေး ခြိမ်းခြောက် ခိုင်းစေတာတွေ ကျူးလွန်နေတာလို့ အလုပ်သမားတွေကပြောပါတယ်။

စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး SEM/R၊ TOREAD THE WORLD၊ TOREVD၊ minibala စတဲ့အမှတ်တံဆိပ် အင်္ကျီတွေချုပ်တာလို့ သိရပါတယ်။

အလုပ်သမား ၁၀၀၀၀ ကျော်နဲ့ လည်ပတ်နေပေမယ့် အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ ပြောပါတယ်။

"အလုပ်သမားအခွင့်အရေးတွေ အကြိမ်ကြိမ်ချိုးဖောက်နေတာပါ တစ်လလုံး တရက်မှ မနားရဘဲ တနင်္ဂနွေနေ့တိုင်း အချိန်ပိုခေါ်ပါတယ် မဆင်းရင်  စူပါတွေက နားမခံနိုင်အောင် ပြောပါတယ် ရိုင်းရိုင်းစိုင်းစိုင်းပြောတယ် ခွဲခြားခွဲခြားလုပ်ပါတယ် ဖိအားပေးပြီးခိုင်းတယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်မှာ ပုံမှန်အလုပ်ချိန်အပြင် နေ့စဉ် ည ၁၂ နာရီအထိ အချိန်ပိုဆင်းရသလို ၄ ရက်ဆက်တိုက် အောနိုက် ( ညလုံးပေါက်) ဆင်းခိုင်းတာတွေ ပြုလုပ်နေတာကြောင့် နားချိန်မရှိဘဲ လုပ်ကိုင်နေရတာလို့ ပြောပါတယ်။

အချိန်ပိုဆင်းခိုင်းတာနဲ့ပတ်သက်ပြီး ဂိတ်ပက် ဖြင့် ပြန်ပါကလည်း အလုပ်အကိုင် ၊ လစာ စတာတွေနဲ့ ခြိမ်းခြောက်ကာ အချိန်ပိုဆင်းခိုင်းပြီး တစ်လလုံး နားရက်မရှိဘဲ အောလင်း၊ အောနိုက်ပါဆင်းနေရတာကြောင့် ကျန်းမာရေးထိခိုက်လာတဲ့အလုပ်သမားတွေ အများအပြားရှိနေတယ်လို့ ဆိုပါတယ်။

ဆေးခွင့်၊ ခွင့်ယူပါက ခွင့်ပြုပေးပေမဲ့ အပြောအဆိုခံရတာကြောင့် ပိုမိုစိတ်ညစ်နေရတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

အခုလို လုပ်ငန်းခွင်ဆိုင်ရာ ကျူးလွန်ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအလုပ်သမားဦးစီးဌာနတွေကို တိုင်ကြားထားပေမယ့် ထိရောက်တဲ့ ဖြေရှင်းတာတွေ လုပ်မပေးဘူးလို့ အလုပ်သမားတွေကပြောပါတယ်။ လုပ်ငန်းခွင်ထဲကို စစ်ဆေးရေး လာရောက်ပေမယ့် ထူးခြားမှုမရှိဘူးလို့ ပြောပါတယ်။

"စူပါတွေက အွန်လိုင်းပေါ်မှာသာ လစာတွေအများ ကြီးပေးပြီးလူတွေခေါ်တာ တကယ်အလုပ်ထဲရောက်လို့ အလုပ်လုပ်ရရင် စက်ရုပ်တစ်ရုပ်လိုဘဲမနားမနေ လုပ်ရတာ  ပင်ပန်းလွန်းလို့ တော်ရုံလူဆိုရင် တစ်ပါတ်မကြာဘူး ထွက်ကုန်ကြတာ ကျန်းမားရေးထိခိုက်လာတဲ့ အထိ အချိန်ပိုအိုတီဆင်းနေရတာပဲကြည့် တခုခုဖြစ်လို့ ပြန်ကုဖို့ မလွယ်ဘူး။"လို့ အမည်မဖော်လိုတဲ့ အမျိုးသမီးအလုပ်သမားတစ်ဦးကပြောပါတယ်။

လုပ်ငန်းခွင်မှာ သောက်သုံးရေမသန့်ရှင်းတဲ့ ပြဿနာကြောင့်လည်း မကြာခဏ ဝမ်းလျောတာတွေဖြစ်နေတယ်လို့ ပြောပါတယ်။

"ဖယ်ရီစီးရင် ၄၅ ယောက်ပဲဆန့်တဲ့ကားကို ၆၀ လောက်စီးခိုင်းတာ မိန်းကလေးတွေလည်း တွယ်စီးပဲ အန္တရာယ်များတာပေါ့ မနက်ပိုင်းဆို ကို့အစီအစဉ်နဲ့ကိုလာတဲ့လူများတော့ ကားချောင်သေးတယ် ညနေအပြန်ကျတော့ လူကျပ်ပြီး အဆင်မပြေဘူး အန္တရာယ်များတာကို လူကြီးတွေက မသိချင်ယောင်ဆောင်နေတယ်"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ကောင်းမွန်ရေးရှေ့ရှုပြီး အလုပ်သမားတွေရဲ့ ကျန်းမာရေး နဲ့ ဘဝရပ်တည်ချက် မျှတဖို့ အောက်ပါ အချက်တွေကို ပြုပြင်ပေးဖို့ တောင်းဆိုထားပါတယ်။ တောင်းဆိုချက်တွေအနေနဲ့ 

၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများသောက်သည့်ရေကို သန့်ရှင်စွာဆောင်ရွက်ပေးရန်။
၂။ အလုပ်ရှင်ဘက်မှ အောနိုက်၊ အောလင်းများနှင့်  တနင်္ဂနွေနေ့များတွင် အချိန်ပိုအိုတီများမခေါ်ရန်။
၃။ အလုပ်ရှင်ဘက် စူပါများမှ အလုပ်သမားများကို အချိန်ပိုအိုတီကို ဖိအားပေးဆင်းခိုင်းခြင်းမပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ ဆေးခွင့်ယူလျင် ပြောဆိုခြင်းမပြုလုပ်ရန် စတဲ့အချက်တွေဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။


Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026