NEWS

လုပ်ခ လျှော့ချဖြတ်တောက်မှုကြောင့် အလုပ်သမားတွေ ဆန္ဒပြတောင်းဆို

CoverLogo
599 Views
 
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် သမကုန်း အပြင်ပဒံမှာရှိတဲ့ Myanmar Stage အထည်ချုပ်စက်ရုံမှာ ဧပြီလုပ်ခလစာလျှော့ချဖြတ်တောက်လို့ လုပ်ခလစာလျှော့နည်းပြီး အခက်အခဲဖြစ်ခဲ့တဲ့ အလုပ်သမားတွေ စုပေါင်းပြီး ဖြတ်တောက်ထားတဲ့ လုပ်ခလစာတွေ ပြန်လည်တွက်ချက်ပေးဖို့ လုပ်ငန်းခွင်မှာ ဆန္ဒပြတောင်းဆိုမှုပြုလုပ်နေကြပါတယ်။
 
တရုတ်နိုင်ငံသားပိုင် လုပ်ငန်းဖြစ်ပြီး အလုပ်သမား ၇၀၀ ကျော်နဲ့ r/ / My Chicco အမှတ်တံဆိပ် ဝယ်လွန်ဂျာကင်တွေ ချုပ်လုပ်နေတဲ့ အထည်ချုပ်လုပ်ငန်းဖြစ်တယ်လို့ သိရပါတယ်။
 
လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂမရှိဘဲ WCC သာဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ လုပ်ခလစာအနေနဲ့ ဒေးကြေး ၉၀၀၀ ကျပ် ၊ ရက်မှန်ကြေး ၄၀၀၀၀ ကျပ် ၊ ကျွမ်းကျင်ကြေး A+ 160000. A 90000. B 90000 ကျပ် သတ်မှတ်ပေးထားပြီး အလုပ်ချိန် မနက် ၇.၃၀ မှ ညနေ့ ၆.၃၀ ထိဖြစ်တယ်လို့ပြောပါတယ်။
 
"မေလ ၅ ရက်နေ့ လစာထုတ်တော့ ကျွမ်းကျင်ကြေးတွေ လျှော့လိုက်တယ်။ အရင်က A+ ၁၆၀၀၀၀ ကျပ် ကို ၁၂၀၀၀၀ ပဲ ပေးတယ် A ၁၃၀၀၀ ကို ၉၀၀၀၀ B ၉၀၀၀၀ ကို ၆၀၀၀၀ ဆိုပြီး လစာထဲမှာ ဖြတ်လိုက်တယ် အဲ့တာတွေကို အရင်အတိုင်းပြန်ပေးဖို့ အလုပ်သမားတွေက လုပ်ငန်းခွင်မှာတောင်းဆိုနေတာ"လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။
 
မေလ ၆ ရက်နေ့က စတင်ဆန္ဒပြတောင်းဆိုနေတာဖြစ်ပြီး အခြားသော လုပ်ငန်းခွင်ဆိုင်ရာခံစားခွင့်တွေဖြစ်တဲ့ ခွင့်ခံစားခွင့် ၊ ဆေးခွင့်၊ ရက်မှန်ကြေး ခံစားခွင့် သတ်သတ်မှတ်မှတ်မရတာ ၊ အထည်စံချိန်အလွန်အကျွံတောင်းခံတာ ၊ အချိန်ပိုအလွန်အကျွံခိုင်းစေတာနဲ့ EC စာချုပ်ကို လုပ်သက် ၁ နှစ်ပြည့်မှ ချုပ်ဆိုတာ စတဲ့ အချက်တွေပါ လိုက်နာပေးဖို့ ထည့်သွင်းတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
 
အဆိုပါ စက်ရုံအလုပ်သမားတွေအနေနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေကို မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကိုလည်း တင်ပြ အကူအညီတောင်းခံထားတယ်လို့ ပြောပါတယ်။
 
အလုပ်သမားတောင်းဆိုချက်တွေအနေနဲ့
၁။ ကျွမ်းကျင်ကြေးများ ယခင်ပေးထားအတိုင်းပြန်လည် ပေးရန်။
၂။ ဥပဒေ ခွင့်များဖြင့် ခွင့်ယူပါက ရက်မှန်ကြေး မဖြတ်တောက်ရန်။
၃။ အလုပ်သမားများ ထုတ်လုပ်နိုင်သော အထည်စံချိန်တောင်းရန်။
၄။ လူမှုဖူလုံခွင့်ဖြင့် ခွင့်ယူပါက ဒေးကြေးမဖြတ်ရန် ၊ ဖြတ်တောက်ခဲ့သော ဒေးကြေးများကို ပြန်လည်ပေးရန်။
၅။ ရှောင်တခွင့်များကို ဥ‌ပဒေအတိုင်ပေးရန်။
၆။ စက်ရုံ စက်လိုင်းများတွင် လိုင်းသားလျှော့ပါက အလုပ်သမားအသစ်ခေါ်ယူပေးရန်။
၇။ လူမှုဖုလုံရေးကဒ်များကို အမြန်းဆုံး အလုပ်သမားကို ပေးရန်။
၈။ EC စာချုပ်များကို ၃လပြည့်ပါက ချုပ်ဆိုပေးရန် စတဲ့အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
 

Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026