NEWS

လုပ်ခလစာ ၂ လစာနီးပါးမပေးတဲ့အပြင် စစ်တပ်ပါခေါ်ပြီးခြိမ်းခြောက်နေလို့ Likes ViewTex Garment Co.Ltd အထည်ချုပ်စက်ရုံကအလုပ်သမားတွေအခက်ကြုံ

CoverLogo
3.2K Views

၂၀၂၁ခု နှစ် ၁၂ လပိုင်းကကျန်တဲ့လုပ်ခလစာနဲ့ယခုနှစ် ၁ လပိုင်းလုပ်ခလစာကိုမပေးတဲ့အပြင် ကျန်တဲ့လုပ်ခလစာတွေပေးဖို့ပြောဆိုတဲ့အလုပ်သမားတွေကိုပါစစ်တပ်ခေါ်ပြီးခြိမ်းခြောက်တာတွေပြုလုပ်နေတဲ့အတွက် လှိုင်သာယာမြို့နယ်တွင်းမှာလုပ်ကိုင်နေတဲ့ Likes View TexGarmentCo.Ltdအထည်ချုပ်စက်ရုံကအလုပ်သမားတွေအခက်ကြုံနေရတယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မွေးမြူးရေးဇုန် (၅) ၊ အမှတ်၆ ၊ ရွှေရင်အေးဘုရားလမ်းမပေါ်ရှိ Likes View Tex Garment Co.Ltd  အထည်ချုပ်စက်ရုံရဲ့ပိုင်ရှင်သာမကအောစူပါအဖြစ်တာဝန်ယူထားတဲ့အမျိုးသမီးကအခုလိုလုပ်ခလစာတွေမပေးတဲ့အပြင် အိုတီကြေး၊ အာဝါဒီးကြေး၊ အောလင်းကြေးတွေကိုပါဖြတ်တောက်နေတာဖြစ်တယ်လို့စက်ရုံအလုပ်သမားတွေကMyanmar Labour News ကိုပြောပါတယ်။

"၁၂လပိုင်းစာကတို့တိတို့တိနဲ့ပေးတာခုထိသုံးချိုးနှစ်ချိုးပဲရသေးတယ် ခု ၁ လပိုင်း ဇန်နဝါရီ လစာကတော့လုံးဝမရသေးဘူး အဲ့ဒါကျမတို့ကတောင်းတော့မိန်းမတွေဆိုတော့ပါးစပ်ကမပေးရင်ပါးရိုက်မယ်နားရိုက်မယ်ပြောတာပေါ့ အဲ့ဒါကိုစစ်တပ်ကိုချက်ခြင်းခေါ်တော့ မနေ့ကပဲမီးတန်းတစီးစက်ရုံရှေ့ရောက်လာတယ်"လို့အဆိုပါစက်ရုံလုပ်သမားတဦးက MLNကိုပြောပါတယ်။

အဆိုပါစက်ရုံပိုင်ရှင်အမျိုးသမီးမှာမြန်မာလူမျိုးဖြစ်ပြီး တခြားရှယ်ရာရှင်တဦးလဲရှိသေးတယ်လို့လဲသိရပြီးတော့စက်ရုံကိုအလုပ်စဝင်တဲ့သူတွေအပေါ်အလုပ်သင်ကြေး ၆သောင်းတောင်းခံပြီး စက်ရုံကလစာမပေးတဲ့အတွက်အဆောင်လခမပေးနိုင်တဲ့သူတွေကိုလဲစက်ရုံရှိအဆောင်ကနေနှင်ချတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

"သူကတော့တိုင်ချင်တဲ့သူတိုင်စစ်တပ်ကငါ့အကိုတွေကဗိုလ်မှူးတွေပဲတဲ့ ခုကကလေးတွေမှာလဲဆန်ဖိုးဆီဖိုးတောင်မပေးနိုင်တဲ့အခြေအနေဖြစ်နေတယ် သူကဟိုနေ့ပေးမယ်ဒီနေ့ပေးမယ်ဆိုပေမယ့်အရင်ကသူကပြဿနာဖြစ်ဖူးတော့ကလေးတွေကမယုံဘူ းခုလဲပေးမယ့်ပုံကိုမပေါ်တာ"လို့စက်ရုံဝန်ထမ်းတဦးကဆက်ပြောပါတယ်။

အဆိုပါစက်ရုံတွင်းဖြစ်ပေါ်နေတဲ့လက်ရှိအ​ခြေအနေတွေကိုစက်ရံလုပ်သမားတွေအနေနဲ့မြို့နယ်အလုပ်သမားရုံးကိုတိုင်ကြားဖြေရှင်းနေပြီး တရားစွဲကာခုံရုံးတင်စစ်ဆေးဖို့တောင်းဆိုထားတဲ့အဖွဲ့နဲ့ရရှိရမယ့်လုပ်ခလစာတွေအမြန်ဆုံးပေးဖို့တောင်းဆိုထားတဲ့အလုပ်သမားအဖွဲ့နှစ်ဖွဲ့ဖြစ်နေတယ်လို့လဲစက်ရုံအလုပ်သမားတွေကပြောပါတယ်။

"ခုက၃လပိုင်း ၁၅ ရက်နေ့ကိုအပြီးပေးဖို့ကျမတို့ဖက်ကတောင်းထားတယ်ဒါပေမယ့်သူ့ဖက်ကလုံးဝပေးမယ့်ပုံမပေါ်တဲ့အပြင်လေဘာရုံးတိုင်ထားတဲ့ကလေးတွေကိုလဲ ခြိမ်းခြောက်ထားတော့ကလေးတွေကတအားကြောက်နေ​ကြတယ်"လို့စက်ရုံအလုပ်သမားတဦးကMLNကို ပြောပါတယ်။

အဆိုပါစက်ရုံဟာလက်ရှိလုပ်ကိုင်နေတဲ့နေရာကိုတနှစ်စာချုပ်နဲ့ငှားရမ်းထားတာဖြစပြီး ဝန်ထမ်း (၃၀၀)ခန့်ရှိကာ  လက်ရှိအခြေအနေအရ ဝန်ထမ်းများမှာ လုပ်ခလစာ မထုတ်ပေးတဲ့အတွက် အိမ်လခ ၊ နေစရိတ်၊ စားစရိတ် အခက်အခဲများကြုံတွေ့နေတယ်လို့စက်ရုံအလုပ်သမားတွေကဆိုပါတယ်။

ဒါ့အပြင် Likes View Tex Garment Co.Ltd အထည့်ချုပ်စက်ရံကလုပ်သားတွေကိုအိုတီကြေး၊ ဆုကြေး၊ ရက်မှန်ကြေး၊ အာဝါတီကြေး၊ ဆုကြေးဖြတ်တောက်တာတွေအပြင်ညလုံးပေါက်အလုပ်လုပ်ခိုင်းထားတဲ့အောလင်းကြေးတွေကိုလဲမပေးဘဲ အလုပ်သမား ဉပဒေပါ အလုပ်သမားအခွင့်အရေးကိုချိုးဖောက်နေတယ်လို့ဆိုပါတယ်။

အဆိုပါစက်ရုံဟာလက်ရှိအချိန်မှာတော့ ရွှေပြည်သာကအပ်ထည်တွေကို အော်ဒါယူပြီးချုပ်လုပ်ပေးနေတယ်လို့သိရပါတယ်။

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026