NEWS

လုပ်ခလစာမပေးတဲ့အတွက် ရွှေလင်ဗန်းစက်မှု့ဇုန်ထဲကကျားဖြူအထည်ချုပ်စက်ရုံလုပ်သားတွေ စောင့်ဆိုင်းနေရ

CoverLogo
1.1K Views

မတ်လအတွက်လုပ်ခလာစာမရှင်းပေးတဲ့အတွက်ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှု့ဇုန်အထဲက တရုတ်လူမျိုးပိုင်ဆိုင်တဲ့ကျားဖြူ(CSG) အထည်ချုပ်စက်ရုံကအလုပ်သမားတွေကယမန်နေ့က စက်ရုံတွင်းဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သိရပါတယ်။ 


"လစာကို ၅ ရက်နေ့ထုတ်ပေးရမှာကိုထုတ်မပေးဘူး ၇ ရက်နေ့ပြန်ချိန်းတယ် ၇ ရက်နေ့ရောက်တော့လဲ ၈ ရက်နေ့ဆိုပြီးပြန်ချိန်းတယ် အဲ့ဒါကိုဝန်ထမ်းတွေကလက်မခံတာ"လို့အဆိုပါစက်ရုံအလုပ်သမားတဦးက MLN ကိုပြောပါတယ်။ 


ယမန်နေ့အလုပ်ဆင်းချိန်လောက်ကစပြီးလုပ်အားခမရရှိတဲ့အလုပ်သမားတွေဟာ စုပေါင်းဆန္ဒပြနေကြပြီးတော့ည၈နာရီကျော်လောက်မှာပဲစက်ရုံထဲကိုစစ်ကောင်စီတပ်သားတွေဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။ 


"ဒီနေ့ထုတ်ပေးမယ် ညက၀န်ထမ်းတွေအိမ်မပြန်ဘဲနေတယ်ပြောတယ်၊ ရုံ ၁ နဲ့ ၂ စုစုပေါင်း ၁၀၀၀ လောက်ရှိတယ်။ရုံ ၂ ကလူနည်းစုမို့ လစာထုတ်ပေးပါတယ်။ အခုတော့ ရုံ ၁ အတွက်ဒီနေ့ထုတ်ပေးမယ်ပြောလို့စောင့်နေကြပါတယ် ၃ နာရီ ထုတ်ပေးမယ်လို့ သိရတယ်" လို့ စက်ရုံလုပ်သားတစ်ဦးက Myanmar Labour News ကိုပြောပါတယ်။ 


ယခုလက်ရှိအချိန်မှာစက်ရုံတွေဖက်ကလုပ်သားတွေရဲ့လုပ်ခလစာမပေးချေတာတွေ၊ လုပ်သားအခွင့်အရေးဥပဒေမဲ့ချိုးဖောက်တာတွေကြောင့်အလုပ်သမားတွေဖက်ကဥပဒေပါအခွင့်အရေး၊ လူမှု့ဖူလုံရေးအကျိုးခံစားခွင့်တွေရရှိဖို့မကြာခဏဆိုသလိုစက်ရုံတွင်းဆန္ဒပြတောင်းဆိုတာတွေရှိနေသလိုအလုပ်ရှင်တွေဖက်ကစစ်တပ်နဲ့ ခြိမ်းခြောက်နေတာတွေလဲရှိနေပါတယ်။
 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026