NEWS

လုပ်ခလစာနဲ့နစ်နာကြေးမရှင်းပေးတဲ့ Myanmar Sunview 2 (ဆိုလာမိုဒါ (၂)) အထည်ချုပ်စက်ရုံ က အလုပ်သမား ၁၂၀၀ ကျော်အခက်တွေ့နေ

CoverLogo
2K Views

ရွှေပြည်သာမြို့နယ်မှာ ရှိတဲ့ Myanmar Sunview ကုမ္ပဏီပိုင် Myanmar Sunview 2 (ဆိုလာမိုဒါ (၂)) အထည်ချုပ်စက်ရုံမှာ ၂၀၂၁ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က အကြောင်းအရင်းမသိရတဲ့ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အလုပ်သမား ၁၂၀၀ ကျော်ဟာ ဘယ်နေ့အလုပ်ပြန်ဆင်းရမယ် ဆိုတဲ့ အာမခံချက် ရေရေရာရာမရရှိသလို ရသင့်ရထိုက်တဲ့ နစ်နာကြေးတစ်စုံတရာ ရရှိခြင်းလည်းမရှိဘဲ  ၉ လကျော်ကြာထိတိုင်အောင် ဒုက္ခပင်လယ်ဝေကြရတယ်လို့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတွေနဲ့အဆိုပါစက်ရုံအလုပ်သမားတွေကဆိုပါတယ်။

"စက်ရုံစပိတ်တော့လစာက ၁၆ ရက်စာကျန်တယ်စက်ရုံမဖွင့်ဘူးပိတ်မယ်ဆိုအလုပ်သမားနစ်နာကြေးတွေသူတို့ပေးရမှာလေအဲ့ဒါကိုလဲမပေးဘူးခုညှိနေတာ၁လရှိပြီ"လို့အဆိုပါစက်ရုံအလုပ်သမားများအရေးလိုက်ပါဆောင်ရွက်နေတဲ့သွေးစည်းညီညွတ်သောအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(STUM)မှဒေါ်မျိုးအေးကပြောပါတယ်။

အလုပ်သမားရေးတက်ကြွဆောင်ရွက်သူတွေနဲ့အလုပ်သမားတွေညှိနှိုင်းခဲ့ပေမယ့်စက်ရုံဖက်က တရုတ်သံရုံးကိုအကြောင်းကြားပြီးထုချေသွားမယ်လို့ပြန်လည်တုန့်ပြန်ထားတယ်လို့လဲသိရပါတယ်။

"အလုပ်သမားတွေကစက်ရုံဖွင့်ရင်အလုပ်ရမယ်ဆိုပြီးစောင့်နေတာစက်ရုံပြင်တာလဲတွေ့တော့ပိုင်ရှင်ကိုမေးတာဘာမှမပြောလို့ကျန်တဲ့လစာစတောင်းတာကစတာပဲအဲ့ဒါကိုမနေ့ကမှပိတ်တယ်လို့ပြောတာသူတို့ကနစ်နာကြေးပေးရမှာကိုပေးကိုမပေးချင်တာ"လို့ဒေါ်မျိုးအေးကဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးSTUMက- စက်ရုံမီးလောင်မှုဟာ အာမခံကြေးရလိုတာကြောင့် ပိုင်ရှင်ကိုယ်တိုင် တမင်ရည်ရွယ်မီးရှို့ခဲ့တာလို့ အချို့က သုံးသပ်ကြတာလည်း ရှိပေမယ့် အတည်ပြုနိုင်ခြင်းမရှိသလို မီးလောင်ရတဲ့ အကြောင်းအရင်းကိုလည်း သိရှိရခြင်း မရှိပါဘူး။ စက်ရုံပိုင်ရှင်ကတော့ အာမခံကြေးအနေနဲ့ရရှိတဲ့ ငွေကြေးတွေကို ရယူထားပြီး မီးလောင်သွားတဲ့ စက်ရုံကို ကိုးလကျော်ကြာတဲ့အထိ ပြန်လည်ပြင်ဆင်လည်ပတ်ခြင်းလည်းမရှိ၊ အလုပ်သမားတွေကို နစ်နာကြေးပေးပြီး အလုပ်ရပ်နားခြင်းလည်းမရှိဘဲ တာဝန်ရှောင်လွှဲပြီး အချိန်ဆွဲထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စက်ရုံကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။ ဒါပေမယ့်  အလုပ်သမား ၁၂၀၀ ကျော်ရဲ့ နစ်နာကြေးကိစ္စတွေကို တာဝန်ယူခြင်းမရှိတဲ့အပြင် အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ကိုလည်း အာမခံချက်ပေးခြင်း မရှိပါဘူး။ ဒီကိစ္စအပေါ် ရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးအတွက် စက်ရုံအလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တစ်ခုဖြစ်တဲ့ “သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) - STUM” တို့က ဦးဆောင်ပြီး တောင်းဆိုညှိနှိုင်းမှုတွေ၊ တိုက်ပွဲဝင်မှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။လို့ထုတ်ပြန်ကြေညာထားပါသေးတယ်။

"သူတို့ကတော့ကျမတို့ဖက်ကိုတိုင်ချင်တဲ့နေရာတိုင်ဆိုတဲ့သဘောပြောတယ် ကျမတို့ကလဲဒီကိစ္စနဲ့ပတ်သက်ပြီးကျမတို့အလုပ်သမားရပိုင်ခွင့်ကျမတို့ကိုယ်တိုင်တောင်းမယ်"လို့ဒေါ်မျိုးအေးကပြောပါတယ်။

အဆိုပါစက်ရုံပိုင်ရှင်မှာတရုတ်နိုင်ငံသားတဦးဖြစ်ပြီးသူပိုင်ဆိုင်သည့် Myanmar Sunview-1(ဆိုလာမိုလာ၁)အထည်ချုပ်စက်ရုံကိုလှိုင်သာယာနဲ့ Myanmar Sunview-3(ဆိုလာမိုလာ၃)တို့ကိုပဲခူးမြို့မှာဆက်လက်လည်ပတ်လုပ်ကိုင်နေတယ်လို့သိရပါတယ်။


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026