NEWS

လုပ်ခလစာနည်းပါးမှုကြောင့် အခြေခံအလုပ်သမားတွေ ပိုမိုကျပ်တည်းလာ

CoverLogo
864 Views

ကုန်စျေးနှုန်းမြင့်တက်မှုတွေသာမက အများပြည်သူသွားလာရေး ယာဉ်လိုင်း ကားခတွေပါထပ်မံမြင့်တက်လာတာတကြောင့် အခြေခံအလုပ်သမားတွေအတွက် လက်ရရှိရရှိနေတဲ့အနိမ့်ဆုံးလုပ်ခလစာရဲ့နှုန်းထားမရ လုံလောက်မှုမရှိလို့ ပိုမိုခက်ခဲလာတယ်လို့ အခြေခံပြည်သူတွေနဲ့ အလုပ်သမားတွေထံက သိရပါတယ်။ 

“အလုပ်သွားအလုပ်ပြန်တွေမှာ တစ်ချို့စက်ရုံတွေကဖယ်ရီရှိကြတယ် ။ တစ်ချို့စက်ရုံတွေက ဖယ်ရီမရှိကြဘူး။ လိုင်းကားစီးကြရတယ်။ ခုဆိုလိုင်းကားခတွေက စျေးတွေကတက်လာတယ်။ ကုန်စျေးနှုန်းတွေဆိုတာကလည်းတောက်လျှောက်မြင့်တက်လာနေတယ်။ ရတဲ့အနိမ့်ဆုံးလုပ်ခလစာနဲ့က ဘယ်လိုမှကိုမလောက်ငှဘူး။ မလောက်ငှတော့အလုပ်သမားတွေက အစားအသောက်အနေအထိုင် ပိုပိုပြီးကိုဆင်းရဲလာတယ်”လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။ 

ဖယ်ရီကားမရှိတဲ့ အလုပ်သမားတစ်ယောက်ရဲ့အလုပ်အသွားအပြန်အတွက် လိုင်းကားခ တစ်နေ့လျှင် ငွေကျပ် ၁၆၀၀ ကျပ်ကနေ ကျပ်နှစ်ထောင်အထိရှိလာပြီး စားသောက်စရိတ်တွေကအစ အဆမတန်စရိတ်ကြီးမြင့်လာတာကြောင့် အလုပ်သမားတွေဟာ တစ်နေ့လုပ်ခ အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်နဲ့ခံစားခွင့်တစ်ထောင် ရရှိတဲ့အပေါ် အလုပ်သမားတွေရဲ့ဘ၀ဟာ တိုးလာခြင်းမရှိတဲ့လုပ်ခလစာနဲ့ ကြီးမြင့်လာတဲ့ကုန်စျေးနှုန်းတွေအကြားမှာ ၀၀လင်လင်စားနိုင်ဖို့ခက်ခဲလာတယ်လို့ ဆိုပါတယ်။  

“တစ်နေ့လေးငါးထောင်နဲ့ စက်ရုံအလုပ်သမားတွေဘ၀အရမ်းသနားပါတယ်။ လမ်းစရိတ်နဲ့တင်တစ်နေ့ ၂ထောင်နီးပါးရှိတယ်။ ကျန်တဲ့၃ထောင်လောက်က ထမင်းစားရင်တစ်နပ်စာပဲရပါတယ်ဗျာ။ အလုပ်တွေပိုလုပ်လာရတယ် ကုန်စျေးနှုန်းတွေတက်လာတယ် ပိုပင်ပန်းလာရတယ် လစာကတော့ပိုမရတော့ အောက်ခြေကအလုပ်သမားတွေဘ၀က တစ်နေ့ထမင်းတစ်နပ်ပဲစားရုံရှိတော့တယ်”လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။ 

ရန်ကုန်မြို့တွင်း အလုပ်သွား အလုပ်ပြန် လုပ်ကြသည့် အခြေခံလူတန်းစားများဟာ လုပ်ငန်းခွင်သို့ ရောက်ရှိရန် အနည်းဆုံး လိုင်းကား ၂ ဆင့်ကနေ ဆင့်အထိစီးရတာရှိသလို လိုင်းကားခတွေကလည်း အနည်းဆုံး၄၀၀ကနေ ၅၀၀အထိဖြစ်လာပြီး အခြား အထွေအထွေကုန်ကျစရိတ်တွေကြောင့်လည်း အလုပ်သမားတွေ အတွက် ပိုမိုခက်ခဲလာတာပါ။

အာဏာသိမ်းစစ်ကောင်စီက၂၀၂၃ခုနှစ်အောက်တိုဘာလ၁ရက်နေ့ကနေစပြီး တစ်ရက်လုပ်အားခ ၄၈၀၀ကျပ်အပြင် ထောက်ပံ့ကြေးအဖြစ်တစ်ထောင်ကျပ်ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ အိုတီတွက်ရာမှာတော့ ၄၈၀၀ကျပ်အပေါ်မှာသာတွက်ချက်ထားတာကြောင့့် အိုတီကြေးဟာလုံး၀တိုးမြင့်လာတာမရှိပါဘူး။ အလုပ်သမားတွေဘက်ကကြည့့်မယ်ဆိုပါက တိုးမြင့်ပေးလိုက်တဲ့တစ်ထောင်ကျပ်က တစ်ရက်တာရှင်သန်ခြင်းအတွက် ဘယ်လိုမှလောက်ငှနိုင်ခြင်းမရှိပါဘူး။ ဒီတိုးမြှင့်ပေးလိုက်တဲ့နှုန်းက လက်ရှိကုန်ဈေးနှုန်းတွေအရ ဘယ်လိုမှလုံလောက်မှုမရှိပါဘူးလို့အလုပ်သမားများကဆိုထားပါတယ်။ 

လက်ရှိမှာတော့ အလုပ်ရှင်တွေပေးချေနေတဲ့နှုန်းထား အနည်းဆုံးအခ ကြေး ငွေဥပ ဒေအရ တစ်ရက် (၈) နာရီအလုပ်ချိန်ကို (၄၈၀၀) ကျပ်ဟာ(၂၀၁၈) ခုနှစ်က အတည်ပြုခဲ့တာ ဖြစ်ပြီး ဥပေဒအရ အနည်းဆုံးအခကြေးငွေနှုန်းထားကို နှစ်နှစ်လျှင်တစ်ကြိမ် ခေတ်နဲ့လျော်ညီတဲ့နှုန်းထားဖြစ်အောင် ပြန်လည်ပြင်ဆင်ရမယ်လို့ဆိုထားပေမဲ့ ၂၀၂၃ခုနှစ်အောက်တိုဘာလမှသာ ကျပ်တစ်ထောင်သာလျှင် တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026