NEWS

လုပ်ခလစာတိုးပေးဖို့ Myanmar GiGi Leather ပိုက်ဆံအိတ်စက်ရုံ အလုပ်သမား၂ထောင်ခန့်ဆန္ဒပြတောင်းဆို

CoverLogo
858 Views

ရွှေပြည်သာမြို့နယ်  သာဓုကန်စက်မှုဇုန် ပုလဲလမ်းရှိ Myanmar GiGi Leather ပိုက်ဆံအိတ်စက်ရုံက  အလုပ်သမား ၂ထောင်ခန့်ဟာ  လုပ်ခလစာတိုးမြှင့်ပေးဖို့ စက်ရုံတွင်းဆန္ဒပြတောင်းဆိုနေတယ်လို့ သိရပါတယ်။  

 

အဆိုပါစက်ရုံဟာ  တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ကာ  အလုပ်သမား ၂ထောင်ခန့်နဲ့လည်ပတ်နေပြီး လည်သာပိုက်ဆံအိတ်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။  

 

"မနေ့ကတည်းက စပြီးတောင်းဆိုနေကြတာပါ။ ခုလက်ရှိအခြေအနေအထိ ပြေလည်မှုမရသေးပါဘူး။ ၀န်ထမ်းတွေကတော့ လိုင်းထဲမီးပိတ်ပြီးတောင်းဆိုနေကြတာပါ။ ဒေးကြေးတစ်သောင်းနဲ့ရက်မှန်ကြေးလေး သောင်း အချိန်ပိုကြေးတစ်နာရီ ၂ထောင်ရယ်တောင်းဆိုတာပါ။အလုပ်ရှင်ကတော့ ဒေးကြေး ၈၈၀၀  အချိန်ပိုကြေး၂ထောင် ပေးတယ်။ ရက်မှန်ကြေးလေးသောင်းတော့မပေးဘူးပေါ့ အလုပ်သမားတွေက လက်မခံလို့တောင်းဆိုနေကြတာပါ။ ဒီဘေးပတ်ချာလည်စက်ရုံတွေက အကုန်တိုးပေးပြီးနေပြီ။ အဲ့တာကြောာင့် ဝန်ထမ်းတွေကတောင်းဆိုတာကို မလိုက်လျောလို့ဆန္ဒပြတာပါ။ လည်သာပိုက်ဆံအိတ်တွေချုပ်တာပါ"လို့ အလုပ်သမားတွေထံက သိရပါတယ်။  

 

အလုပ်သမားတွေဟာ ထောက်ပံ့ကြေးနဲ့ဒေးကြေးအပါ  ၇၈၀၀ ကျပ် အချိန်ပိုကြေး ၁၇၀၀ ကျပ်နဲ့ ရက်မှန်ကြေး ၂သောင်းဖြင့် လုပ်ကိုင်နေတာဖြစ်ပြီးအခြားစက်ရုံတွေက တစ်နေ့လုပ်ခတိုးမြှင့်ပေးလို့ စက်ရုံမှာလည်းဒေးကြေး တစ်သောင်းကျပ် အချိန်ပိုကြေး ၂ထောင်နဲ့ ရက်မှန်ကြေး ၄သောင်း ပေးဖို့ WCC မှတစ်ဆင့် အလုပ်ရှင်ထံသို့ တောင်းဆိုခဲ့ကြပေမဲ့လည်း "ညှိနေတယ်"ဆိုကာ အချိန်ဆွဲနေတာတွေကြောင့်  အလုပ်သမား ၂ထောင်ခန့်က စက်ရုံတွင်းမှာ မီးပိတ်ဆန္ဒပြတောင်းဆိုမှုကို မတ်လ၁၀ရက်နေ့ကစတင်တောင်းဆိုနေတာလို့ သိရပါတယ်။ 

 

"အခုတောင်းဆိုမှုမှာ စက်ရုံနှစ်ရုံတွဲရှိတာ နှစ်ရုံတွဲလုံးအကုန်ပါတယ်။  အလုပ်သမားတွေကထောက်ပံ့ကြေးအပါ ၇၈၀၀ရယ် အချိန်ပို ၁၇၀၀ ရယ် ရက်မှန်ကြေး ၂သောင်းရယ် ပါ။ ခုက စက်ရုံမှာအလုပ်သမားတွေမဆိုင်တဲ့ နေပူထဲမှာထိုင်ခုံတွေဆေးသုပ်ရတဲ့အလုပ်တွေခိုင်းတာတွေလည်းရှိတယ်။ နောက်ပြီး စက်ရုံမှာာကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှုမရှိတော့ ခာဏခဏကိုယ်ဝန်ပျက်ကျတယ်။ နောက်ပြီးစက်ရုံမှာပစ္စည်းတွေထားဖို့လော်ကာမရှိတော့ ဖုန်းပျောက်တာတွေ ပစ္စည်းပျောက်တာတွေလည်းရှိတယ်။ WCC ကသုံးယောက်ရှိတယ်။ သူတို့ကတော့ အလုပ်ရှင်နဲ့ညှိနေတယ် ညှိနေတယ် နဲ့အချိန်ဆွဲနေလို့ မရဘူးအကြောင်းမပြန်လို့ ခုလိုတောင်းဆိုမှုဖြစ်သွားတာာပါ "လို့ အလုပ်သမား က ဆိုပါတယ်။  

 

အဆိုပါစက်ရုံဟာ ယခင်ကခွဲခြားဆက်ဆံတာတွေလည်းရှိခဲ့လို့ တိုင်ကြားခဲ့ဖူးသလို ယခင်က Mk စက်ရုံကအလုပ်သမားတွေကို ယခု ယခုMyanmar GiGi Leather သို့ခေါ်ယူခိုင်းစေလို့ တိုင်ကြားခံရကာ  အော်ဒါ မရှိလို့ဆိုပြီး စက်ရုံပိတ်လိုက်တဲ့ Mk စက်ရုံရဲ့ပိုင်ရှင်ဖြစ်တယ်လို့ သိရပြီး Mk စက်ရုံကနေ စက်ရုံပိတ်လျော်ကြေးမယူတဲ့အလုပ်သမားတွေက ယခု Myanmar GiGi Leather စက်ရုံသို့ဝင်ရောက်လုပ်ကိုင်နေကြတာလို့လည်း သိရပါတယ်။ 

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026