NEWS

လုပ်ခလစာခေါင်းပုံဖြတ်နေတဲ့အပြင်နိုင်ထက်စီးနင်းပြုလုပ်နေတဲ့အတွက် AJ စက်ရုံလုပ်သားများဆန္ဒပြ

CoverLogo
2.1K Views

ရန်ကုန်မြို့ ရွှေပြည်သာစက်မှု့ဇုန်ထဲမှာ လုပ်ကိုင်နေတဲ့ Asia Just Co.,Ltd ရဲ့မန်နေဂျာမှာအလုပ်သမားတွေအပေါ်လုပ်ခလစာခေါင်းပုံဖြတ်နေတဲ့အပြင် စက်ရုံစည်းကမ်းများကိုပါဖောက်ဖျက်ပြီးဝန်ထမ်းများအပေါ်နိုင့်ထက်စီးနင်းပြုမူနေတာတွေရှိနေတဲ့အတွက်ဒီကနေ့မှာပဲစက်ရုံလုပ်သားတွေမန်နေဂျာကိုတာဝန်ကရပ်ဆိုင်းပေးဖို့ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။

မန်နေဂျာဦးစိုင်းလင်းထွန်းဆိုသူမှသူစိုက်ပျိုးထားတဲ့ပန်းတွေပျောက်တဲ့ကိစ္စနဲ့စက်ရုံအလုပ်သမတွေကိုရိုင်းစိုင်းစွာပြောဆိုတာတွေရှိခဲ့တဲ့အပြင်အရက်သေစာသောက်စားပြီးခိုက်ရန်ဖြစ်ပွားတာတွေပြုလုပ်ပြီးအလုပ်သမားတွေအပေါ်ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေရှိလာတဲ့အတွက်အခုလိုထုတ်ပယ်ပေးဖို့အထိဆန္ဒထုတ်ဖော်ခဲ့တာဖြစ်တယ်လို့လဲသိရပါတယ်။

အဆိုပါစက်ရံမှာ ဥ​ရောပအထည်​တွေ ချုပ်လုပ်တာဖြစ်ပြီး မြန်မာနိုင်ငံမှာလာရောက်လုပ်ကိုင်နေတာနှစ်​ပေါင်း၂၀ ခန့် ရှိနေပြီလို့လဲသိရပါတယ်။

ယခုစစ်အာဏာသိမ်းပြီးနောက်ပိုင်းစက်ရုံအလုပ်ရုံတွေနဲ့စက်ရုံရဲ့လက်ဝေခံတွေကအလုပ်သမားတွေအပေါ်နိုင့်ထက်စီးနင်းပြုမူပြီးလုပ်သားအခွင့်အရေးပြောင်ပြောင်တင်းတင်းချိုးဖောက်လာတာတွေရှိသလို NUG အစိုးရဖက်ကလဲ လုပ်သားခွင့်ရေးချိုးဖောက်သူတွေကိုအရေးယူမယ်လို့ပြတိပြတ်သားသားကြေညာထားပါတယ်။


Related posts

Cover
Tianjin Fashion Milestone လုပ်သားများအား အထည် ထမ်းတင်ခိုင်း_
Aug 17, 2025
Cover
Hope One မှာ ဖယ်ရီအဆင်မပြေ
Aug 17, 2025
Cover
အခွင့်အရေးချိုးဖောက်ခံရမှုတွေဖြေရှင်းပေးဖို့ အလုပ်သမားတွေပြော
Aug 17, 2025
Cover
နိုင်ငံခြားငွေလဲနှုန်း ဈေးခုန်တက် ရွှေဈေး၊ စက်သုံးဆီဈေးများ မဆိုသလောက်ဈေးပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Aug 15, 2025
Cover
Shun Yu Myanmar Garment Co.,ltd ကလေးလုပ်သားတွေကိုဆဲဆိုခိုင်းစေ
Aug 14, 2025
Cover
Wan Xin Myanmar Company Limited ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို အလုပ်ထုတ်
Aug 13, 2025
Cover
မီလားဂါးဒင်းဖိနပ်စက်ရုံမှာ လုပ်ခတိုးပေးရေးတောင်းဆိုမှုပြုလုပ်
Aug 13, 2025
Cover
လုပ်အားခေါင်းပုံဖြတ်ပြီး ဆဲဆိုခိုင်းစေခံနေရ
Aug 13, 2025