NEWS

လုပ်ခတိုးပေးရေး True Green စက်ရုံလုပ်သားတွေ ဆက်လက်တောင်းဆို

CoverLogo
597 Views
 
ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်က True Green ကော်စေ့စက်ရုံမှာ အလုပ်သမားတွေ လုပ်ငန်းခွင် မဝင်ဘဲ လုပ်ခတိုးမြှင့်ရေး‌ တောင်ဆိုမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။
 
ကုန်ဈေးနှုန်းကြီးပြီး စားဝတ်နေရေး မလောက်ငှလို့ နေတွက်လုပ်ခ ဒေးကြေး ၆၈၀၀ ကျပ်ကနေ ကျပ် ၁၀၀၀၀ တိုးမြှင့်ပေးဖို အလုပ်သမားတွေက တောင်းဆိုနေတာပါ။
 
အလုပ်သမားတွေ ရဲ့ တောင်းဆို ချက်အရ စက်ရုံအနေဖြင့် ဒေးကြေးအား (၁၀၀၀၀ ကျပ်) အထိတိုးမြှင့်ပေးရန်၊ ရက်မှန်ကြေး (၃၀၀၀၀ ကျပ်)အား ရှေ့ ၁၅ ရက်ပျက်လျှင် (၁၅၀၀၀ ကျပ်) နောက် ၁၅ ရက်အတွင်းပျက်လျှင် (၁၅၀၀၀ ကျပ်)စီဖြတ်​​တောက်ပေးရန် တောင်းဆိုမှုများကို တိုင်းပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဖြင့် ဖြေရှင်းနေစဥ်မှာပဲ EC အဖွဲ့ပါ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၄ ဦးကို စက်ရုံက အလုပ်မှ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
 
တောင်းဆိုမှု ကာလအတွင်း စက်ရုံသမဂ္ဂဝင်‌တွေကို အလုပ်ထုတ်ခဲ့လို့ မေလ ၁၉ ရက် ညနေ ၄ နာရီခွဲမှာ အလုပ်သမားတွေက ထိုင်သပိတ်ပြုလုပ် တောင်းဆိုခဲ့ ပါတယ်။ မေ ၁၉ ရက်မှာပဲ ညှိနှိုင်း မှုကြောင့်အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင်တွေကို အလုပ်ပြန်ခန့်ခဲ့ပြီး ဒေးကြေးတိုးပေးဖို့ တောင်းဆိုမှုတွေကို ဆက်လက်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
 
"အီးစီတယောက်ရဲ့အိမ်ကို ရာအိမ်မှူးက ဓါတ်ပုံလာရိုက်တယ် ၊ မေးတော့ တပ်ကရိုက်ခိုင်းတယ်လို့ ပြောတယ်။ အီးစီတယောက်ကို ရဲတွေက ရှာဖွေတာတွေလုပ်တယ် အလုပ်သမားပြဿနာကို အလုပ်သမားဥပဒေနဲ့ မရှင်းဘဲ လမ်းကြောင်းပြောင်းပြီး ခေါင်းစဉ်ပြောင်းတာတွေတွေ့ရတယ်" အလုပ်သမားတွေကို အကူအညီပေးနေသူတစ်ဦးကပြောပါတယ်။
အလုပ်သမာတွေအနေနဲ့ ဒေးကြေး ၆၈၀၀ ကျပ်နဲ့ အလုပ်ချိန်အလွန်အကျွံလုပ်ကိုင်ရတာ လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေး ချိုးဖောက်ခံရမှုတွေရှိနေတာကြောင့် ဖြေရှင်းပေးဖို့ လိုလားနေကြတာပါ။
 
" အလုပ်သမားတွေက နိုင်ငံရေးတောင်းဆိုမှုတွေလုပ်နေတာမဟုတ်ဘူး လုပ်ခလစာရဖို့တောင်းဆိုနေတာ ဒီလူတွေက ဥပဒေကျော်လွန်ပြီးလုပ်ဆောင်နေတာ တခုမှမရှိသေးဘူး။ သူတို့က ဒေးကြေး ၆၈၀၀ ပဲရနေတာ အစောပိုင်းတုန်းကဆို အလုပ်ချိန် ၈ နာရီဆိုတာတောင်မသိကြဘူး။ ၅ နာရီလုပ်ပြီးတိုင်း နာရီဝက်နားရတယ်ဆိုတာ မသိကြဘူး တနေ့ ၁၅၊ ၁၆ နာရီကို ဒေးကြေးနဲ့ ပုတ်ပြတ်လိုပြောပြီးတော့ မဝရေစာ အခြေအနေနဲ့ ဆိုးဆိုးရွားရွားအခြေအနေတွေမှာထားပြီး လုပ်နေရတယ် ။ဘေးအန္တရာယ်ကင်းရှင်းရေး အရဆို ဆေးထိုးအပ်တွေ လစဉ်သုံးတွေက အစ အလုပ်သမားတွေက ရွေးရတယ်၊ အိမ်သာပိုက်ကနေ ကန်ထဲကို ထိုးချထားတာတွေ လုပ်တယ်။ ဒါတွေကို အလရ၊ အလည က ဘာမှ ညွှန်ကြားတာမရှိဘူး။
 
သမဂ္ဂရှိလာတော့ ဒါတွေထောက်ပြတယ်။ ထောက်ပြတဲ့ သမဂ္ဂကို အညှိုးအတေးထားလာတယ်။ သမဂ္ဂကို ဖျက်ပေးရင် ဒေးကြေး ၁၀၀၀၀ ပေးမယ်လို့ ပြောလာတယ် ပြီးတော့ အလုပ်ရှင်က သမဂ္ဂကို လုံးဝ အသိအမှတ်မပြုဘူး WCC မှာရှိတဲ့ ၃ ယောက်ကိုလည်း လည်းထုတ်ပေးဖို့ ပြောလာတယ်။ HR ကိုယ်တိုင်ကလည်း အလုပ်သမားဥပဒေကို ဘာမှန်းမသိဘူး နားမလည်ဘူး၊ အားလုံးကို ငွေပေးပြီး ဖြေရှင်းနေတာ ဒါတွေက ဒီနယ်ပယ်အတွက် ဆိုးရွားတဲ့ အခြေအနေတခုပဲ"လို့ အလုပ်သမားအရေးဆောင်ရွက်သူက မှတ်ချက်ပြုပြောဆိုပါတယ်။

Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026