NEWS

လုပ်ခတိုးပေးဖို့နဲ့ လုပ်ငန်းခွင်ဆိုင်ရာ တောင်းဆိုချက်တွေပေးဖို့ ဆန္ဒပြတောင်းဆိုမှုကို Dongxin Garment Co, Ltd လိမ်လည်ဖြေရှင်း

CoverLogo
244 Views

အလုပ်သမား ၉၀၀ ဝန်းကျင် လုပ်ကိုင်နေတဲ့ Dongxin Garment Co, Ltd မှာ တရက်လုပ်ခ ၁၅၀၀၀ ပေးဖို့ ရက်မှန်ကြေးတိုးပေးဖို့ လုပ်ငန်းခွင်အတွင်းမှာ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်းတွေကို တင်းတင်းကြပ်ကြပ်အရေးယူပေးဖို့ စတဲ့အချက်တွေတောင်းဆိုဆန္ဒပြမှုကို စက်ရုံတာဝန်ရှိသူတွေက အမှန်တကယ်မလိုက်လျောပေးဘဲ လိမ်လည်ဖြေရှင်းခဲ့တာကြောင့် အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၂၅၊ ၂၆၊ ၂၇ မှာ အလုပ်သမားတွေ လုပ်ငန်းခွင်အတွင်းစုပေါင်းတောင်းဆိုဆန္ဒပြခဲ့တာပါ။ 

အဲ့ဒီတောင်းဆိုချက်တွေကို ဖြေရှင်းပေးမယ်ဆိုပြီး အလုပ်ရှင်ဘက်က တာဝန်ရှိသူတွေညှိနှိုင်းတာကြောင့် ဆန္ဒပြမှုကို ရပ်တန့်ခဲ့ပေမယ့် တကယ်တမ်း စာချုပ်ချုပ်ရာမှာတော့ တောင်းဆိုချက်တွေမရတဲ့အပြင် ဖိအားပေးမှုတွေရှိနေတာလို့ အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃၊ နဝဒေးလမ်းမှာဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး PONTAPES, GUESS, TIGORR, COEN စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာပါ။ 

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂမရှိဘဲ ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီသာရှိတယ်လို့ ဆိုပါတယ်။အလုပ်ချိန်က မနက် ၇ နာရီ ၃၀ မှ ည ၈း၀၀ နာရီ၊ ၁၂ နာရီ ၊ မိုးလင်းထိဆင်းရတာရှိတယ်လို့ သိရပါတယ်။ 

"အလုပ်သမားတွေ တောင်းဆိုမှုလုပ်နေတဲ့ ၂၆ ရက်နေ့က အောစူပါ၊ စူပါတွေက ဆန္ဒပြပါဝင်တဲ့အလုပ်သမားတွေကို ဒေးကြေး ၁၂၀၀၀ ၊ ရက်မှန်ကြေး ၅၀၀၀၀ အချိန်ပိုကြေး တနာရီ ၂၂၀၀ ပေးမယ်။ စက်ရုံထဲပြန်လာခဲ့ပေါ့ ဥပဒေပါအချက်တွေကို လိုက်နာဆောင်ရွက်ပေးပါ့မယ် ပြောထားတဲ့အတိုင်းမပေးရင် အကုန်လုံးဆန္ဒထွက်ပြလို့ရတယ်"ပြောပြီးကတိကဝတ်ပေးပြီး ပြန်ခေါ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ အလုပ်သမားကပြောပါတယ်။ 

"တကယ်တမ်းမြို့နယ်ရုံးမှာ အလုပ်သမားကိုယ်စားလှယ်တွေသွားညှိတော့မှ ဒေးကြေး ၁၁,၅၀၀ ကျပ်၊ ရက်မှန်းကြေး ၆၀,၀၀၀ကျပ်၊ အချိန်ပိုကြေး တစ်နာရီ ၂,၂၀၀ ကျပ်ဖြင့် ပေးမည်ဖြစ်ပြီး ဆန္ဒပြသည်ရက်များကို လုပ်ခလစာ မပေးနိုင်ကြောင်း" 

"အလုပ်သမားတွေက ၂၅ နဲ့ ၂၆ ကို လုပ်ခပေးပါက အလုပ်ရှင်ဘက်ကပေးသည့် လုပ်ခကို သဘောတူကြောင်း၊ ဆန္ဒပြသည့် ရက်ကို လုပ်ခမပေးပါက ဒေးကြေး ၁၂၀၀၀ ကျပ်ပေးရန် ပြောသော်လည်း  စက်ရုံဘက်က မပေးနိုင်ကြောင်းငြင်းဆိုကာ စာချုပ်အတင်းချုပ်သွားပါတယ်" လို့ အလုပ်သမားကရှင်းပြပါတယ်။ 

စာချုပ်ချုပ်တဲ့အချိန်မှာလဲ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေး ကလွဲပြီး ကျန်တဲ့အချက်တွေ ထည့်သွင်းချုပ်ဆိုပေးတာမရှိဘဲ အထူးသဖြင့် လုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုမပြုဆိုသောအချက်ကို လိုက်လျောပေးခြင်းမရှိဘဲ ဖိအားပေးကာ လက်မှတ်ထိုး စာချုပ်ချုပ်ဆိုခဲ့တယ်လို့ အလုပ်သမားတွေကပြောပါတယ်။ 

"အလုပ်သမားတွေအနေနဲ့ ဆန္ဒပြတောင်းဆိုတယ်၊ အလုပ်ရှင်ဘက်က သဘောတူလိုက်လျောပေးမယ်ဆိုပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဆွေးနွေးပြီး မြို့နယ်ရုံးရောက်တော့မှ မူလကတိကဝတ်ကို ဖောက်ဖျက်တာ ကျေနပ်မှုမရှိဘူး"လို့ အလုပ်သမားကပြောပါတယ်။ 

အလုပ်သမားတွေအနေနဲ့ 

၁။စက်ရုံဘက်မှ မူလ ကတိပြုထားသည်အတွက် ၂၅, ၂၆,၂၇ ကိုလုပ်ခလစာမဖြတ်ပဲပေးမည်ဆိုပါက  ဒေးကြေး ၁၁,၅၀၀ ကျပ်၊ ရက်မှန်းကြေး ၆၀,၀၀၀ကျပ်၊ အချိန်ပိုကြေး တစ်နာရီ ၂,၂၀၀ ကျပ် ကိုသဘောတူမည်ဖြစ်ပါသည်။ 

၂။ အမူလ ကတိပြုထားသည်အတွက် ၂၅, ၂၆,၂၇ ကိုလုပ်ခလစာမပေးနိုင်ပါက ဒေးကြေး ၁၂,၀၀၀ ကျပ်၊ ရက်မှန်းကြေး ၆၀,၀၀၀ကျပ်၊ အချိန်ပိုကြေး တစ်နာရီ ၂,၂၀၀ ကျပ်ဖြင့် ဖြင့် ပေးရန် ဆက်လက်တောင်းဆိုသွားမည်ဖြစ်ပါသည်။

၃။ အထူးအားဖြင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုများနှင့် ပတ်သက်၍  စက်ရုံထဲ အမြဲလိုလိုကျူးလွန်းခံရတာတွေရှိပါသည်။ ကျူးလွန်းခံရသည့်အခါတွင်လည်း စက်ရုံဘက်မှ ဖြေရှင်း အရေးယူမှုများအားနည်းပါသည်။ စက်ရုံထဲ လိင်ပိုင်းဆိုင်ရာထိပါးပြောဆိုမှုများ ကြမ်းတမ်းစွာ ဆဲဆိုမှုများနှင့် ကိုယ်ထိလက်ရောက်မှုများရှိနေကြောင်း အသိပေးထားပါတယ်။ 

Dongxin Garment အလုပ်သမားများအနေဖြင့် ၂၀၂၆ ခုနှစ်၊ မေလ၊ ၂၅ ရက်နေ့ တွင် လုပ်ခလစာအပါအဝင် အလုပ်သမားအခွင့်အရေးများပါ (၉) အချက်ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။ 

တောင်းဆိုချက်တွေကတော့ 

၁။ ဒေးကြေး ယခင် ၉,၀၀၀ ကျပ်အစား ၁၅,၀၀၀ ကျပ်တိုးပေးရန်နှင့် ရက်မှန်ကြေး ယခင် ၄၀,၀၀၀ ကျပ်အစား ၆၀,၀၀၀ ကျပ်၊ အချိန်ပိုကြေးကို ဒေးကြေးနှင့် အညီ တွက်ချက်ပေးရန်။ 
၂။ အချိန်ပိုမဆင်းချင်သူများကို အော်စူပါ၊ စူပါများမှ ရိုင်းစိုင်းစွာပြောဆိုခေါ်ယူခြင်းနှင့် ခွဲခြားဆက်ဆံမှုများ မပြုလုပ်ရန်။ 
၃။ ထမင်းစားအတွင်း ခွေးချေးများနှင့် မသန့်မရှင်းဖြစ်နေသည်များကို သန့်ရှင်းအောင်ပြုလုပ်ပေးရန်။
၄။ စက်ရုံအတွင်း အပူရှိန်လျော့နည်းအောင်စီမံဆောင်ရွက်ပေးရန်။
၅။ လူဦးရေနှင့် အညီသောက်ရေလုံလောက်အောင်စီစဉ်ပေးရန်။
၆။ စက်ရုံဆေးပေးခန်းအတွင်း ဆေးလုံလောက်စွာထားပေးရန်နှင့် အမျိုးသမီးသုံးလစဉ်ထုတ်များကို ငွေကြေးဖြင့် ရောင်းချခြင်းမဟုတ်ပဲ လိုအပ်လျှင် အသုံးပြုနိုင်ရန် စီစဉ်ထားပေးရန်။
၇။ စက်ရုံဆေးပေးခန်းတွင် ခန့်ထားသည့် နက်စ်များသည် ဂိမ်းဆော့၍ အလုပ်သမားများကျန်းမာရေးကို စီစစ်ခြင်းမပြုရန်နှင့် နက်စ်မ ပြောင်းလဲခန့်အပ်ပေးရန်။ 
၈။ EC စာချုပ်ပါ နောက်ဆက်တွဲ (ခ) (၂၁) အရ လုပ်ငန်းခွင်းအတွင်းလိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်း အကြောင်းအားလုပ်ငန်းရှင်အပါအဝင်၊ မန်နေဂျာ၊ အော်စူပါ၊ စူပါတို့မှ တိတိကျကျလိုက်နာဆောင်ရွက် ပေးရန်။ 
၉။ အိမ်သာများ ပျက်ဆီးနေသည်များကို ပြုပြင်ပေးရန်နှင့် မိုးတွင်းအခါ အိမ်သာလျှောက်လမ်းအတွင်း ရေညှိများကို သန့်ရှင်းရေးလုပ်ပေးရန်နှင့် မိုးတွင်း အိမ်သာများပြည့်တက်လာသည်များကို မပြည့်တက်လာအောင်စီစဉ်ပေးရန်တို့ ဖြစ်ပါတယ်။ 

 

 

 

                                                                     


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026