NEWS

လာအို အခြေစိုက် NEW ERA၊ Authentic တံဆိပ်ချုပ် စက်ရုံ စာချုပ်ချိုးဖောက်ပြီး လျှော်ကြေးတောင်း

CoverLogo
568 Views
 
လာအိုနိုင်ငံ အခြေစိုက် ALPILAO INTERNATONAL Co.,Ltd အထည်ချုပ် စက်ရုံက အလုပ်သမားတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အလက်တွေကိုချိုးဖောက်ပြီး လျှော်ကြေး မတရားတောင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ မြန်မာနိုင်ငံ အခြေစိုက် AR HTAN CO,Ltd အေဂျင်စီကတဆင့် လစာဒေါ်လာ ၂၂၀ နဲ့ စာချုပ် ချုပ်ဆိုခဲ့တာလို့ မြန်မာနိုင်ငံကုန် ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“လစာ ဒေါ်လာငွေ၂၂၀ နဲ့ တစ်နှစ်ပြည့် ပြန်မယ်ဆို လျော်ကြေးမပေးရဘူး၊ ပြန်ချင် ပြန်ဆိုပြီး စာချုပ်ထားတယ်။ အခု တစ်နှစ်ကျော်အလုပ်လုပ်ပြီးပြီး၊ ပြန်မယ်ဆိုတော့ ဒေါ်လာ ၁၀၀၀လျော်ကြေးတောင်းတယ်။ စက်ရုံက တောင်းတာ မြန်မာငွေ၄၅ သိန်း ဝန်းကျင်ရှိတယ်။ အခုက တစ်လစာ လုပ်အားခလဲ မပေးဘူး ၊ ၁၀ ရက် ရက်ပေါင်လည်း ပြန်မပေးဘူး။ “ လို့ ပြောပါတယ်။
 
ကျန်းမာရေးမကောင်းလို့နိုင်ငံပြန်ခွင့်တောင်းတဲ့ အလုပ်သမားတွေမှာ လျော်ကြေးလည်း မပေးနိုင်၊ အလုပ် လည်း မဆင်းနိုင်ဘဲ အဆောင်မှာပဲ နေထိုင်နေသူတွေ အများအပြား ရှိနေတယ်လို့ အလုပ်သမားတွေက ဆက်ပြောပါတယ်။ စက်ရုံဘက်က ကျန်းမာရေးမကောင်းတဲ့ အလုပ် သမားတွေကို စက်ရုံဘက်က သတင်းမေးမြန်းတာ မရှိဘဲ လျော်ကြေးမတရားတောင်းခံတာကြောင့် မြန်မာအလုပ်သမားတွေ နိုင်ငံပြန်ဖို့ အခက်တွေ့နေတယ်လို့ သိရပါတယ်။
 
“ လူ၃၀ရှိ စက်လိုင်းကို စံချိန် ဦးထုပ် ၆၀၀ ကျော် တောင်းတယ်။ တောင်းတာမပြည့်ရင် လစာဖြတ်လို့ ပြောတယ်။ မြန်မာအလုပ်သမားတွေကို အလုပ်ခေါ်တုန်းက အလုပ်ချိန်နဲ့ အချိန်ပို(၂)နာရီအပါ ည ၇နာရီ အထိပဲ။ အဲဒါကို စာချုပ်ရှိတယ်။ အခုဆို စံချိန်မရလို့ဆိုပြီး ည ၁၀ အထိ ချုပ်ခိုင်းတယ်။ စက်ရုံမီးပျက်တဲ့ အချိန်ကို မှတ်ထားပြီး တနင်္ဂနွေနေ့မှာ မီးပျက်တဲ့ နာရီအတိုင်းပြန်ဆင်းပေးရတယ်။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေအတွက် ထမင်းဖိုး တရက် လာအိုငွေ ငါးသောင်း ပေးထားပေမဲ့ တနင်္ဂနွေနေ့နဲ့ ပျက်ရက်အတွက် အဲဒီ ထမင်းဖိုး မပေးတော့ဘူးလို့လည်း အလုပ်သမားတွေက ပြောဆိုထားပါတယ်။ ALPILAO INTERNATONAL Co.,Ltd စက်ရုံက စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော် လုပ်ကိုင်နေပြိး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ လက်ရှိ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ စက်ရုံဖွင့်လှစ်ထားတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026