NEWS

လမ်း​ကြောင်းတစ်​ကြောင်းလျှင် ​အော်ဒါ​ကြေး ၃၃၀ နှုန်းဖြင့်​ပေး​ဆောင်​နေမှုအစား အခြေခံ delivery ကြေး ၆၇၀ + ၁ ကီလို ၁၅၀ ပေးချေရန် မန္တလေး Food Panda Rider များတောင်းဆို

CoverLogo
1.8K Views

အော်ဒါ​ကြေးကို ယခင်အနိမ့်ဆုံး​အော်ဒါ​ကြေး ၆၅၀ ကျပ်သတ်မှတ်ထားရာမှ ယခု​အော်ဒါ​ကြေးအနိမ့်ဆုံး ၃၃၀ ကျပ်သာ ပေးဆောင်တာကြောင့် မန္တလေးက Food Panda Rider များ အလုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆိုနေတာပါ။

"Batch  4 (အခြေခံ delivery ကြေး ၆၇၀ + ၁ ကီလို ၁၅၀)  မရမချင်း အလုပ်မဆင်းပါ။ (company)လည်း မနစ်နာနိုင်သလို ၊ rider များအတွက် လုပ်ပျော်နိုင်သော delivery ကြေးလည်း ဖြစ်ရပါမည်" လို့  Rider တွေက ဆိုပါတယ်။

ယခုအခါ customer ဆီမှ delivery ကြေး ၂၅၀ိ/- ၅၀၀ိ/-  ကောက်ခံနေ​သော်လည်း ၄င်း delivery fee ​ကြေးများအား rider များမှမရရှိဘူးလို့လည်း သိရပါတယ်။

Rider များသည် ယခင် အနိမ့်ဆုံး ​အော်ဒါ​ကြေး ၆၇၀ ရရှိ​နေရာမှ ယခု ဆီ​စျေး အဆမတန်မြင့်တက်လာသည်နဲ့အမျှ ​အော်ဒါ​ကြေး​ ​ပေး​ချေမှုများသည် လမ်း​ကြောင်းတစ်​ကြောင်းလျှင် ​အော်ဒါ​ကြေး ၃၃၀ နှုန်းဖြင့်​ပေး​ဆောင်​နေတာ ဖြစ်တယ်လို့ သိရပါတယ်။

"ယခုအချိန်တွင် 92 တစ်လီတာ=၂၀၀၀ ​ကျော်၊ ဖုန်း​ဘေ,အင်တာနက် bill များ ​စျေးနှုန်းကြီးမြင့်​နေသည်ဖြစ်ရာ ယခုအချိန်ထိ ရုံးဘက်မှ ​ဖြေရှင်း​ပေးခြင်းမရှိ​​သေး​ပါ။  Foodpanda ရုံးဘက်မှ လမ်း​ကြောင်းတစ်​ကြောင်း(၁၀ပြ​ကျော်)ခရီးအား ​အော်ဒါ​ကြေး၄၀၀ နှုန်းဖြင့်သာ ​ပေး​ဆောင်​နေဆဲဖြစ်ပါသည် အတိုချုံး​ပြောရလျှင် Foodpanda ရုံးဘက်မှ ယခုအချိန်ထိ rider များအား လုပ်အားခအနည်းငယ်ဖြင့်သာ ​ပေး​ဆောင်​နေ​သော​ကြောင့် ထိုကိစ္စအားအမြန်ဆုံး​ဖြေရှင်း​ပေး၍သင့်တင့်​သော​အော်ဒါကြေးများ​ပေး​ဆောင်​ပေး​စေလိုပါသည်။ ယခု စာသည် Foodpanda company ​အားစော်ကားလိုသည့်စိတ်ဖြင့်​ရေးသားခြင်းမဟုတ်ပါ။" လို့  မန္တလေး Food Panda Rider တွေရဲ့ တောင်းဆိုချက် မှာ ထည့်သွင်းပြောကြားထားပါတယ်။

 

 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026