NEWS

လမ်း​ကြောင်းတစ်​ကြောင်းလျှင် ​အော်ဒါ​ကြေး ၃၃၀ နှုန်းဖြင့်​ပေး​ဆောင်​နေမှုအစား အခြေခံ delivery ကြေး ၆၇၀ + ၁ ကီလို ၁၅၀ ပေးချေရန် မန္တလေး Food Panda Rider များတောင်းဆို

CoverLogo
1.5K Views

အော်ဒါ​ကြေးကို ယခင်အနိမ့်ဆုံး​အော်ဒါ​ကြေး ၆၅၀ ကျပ်သတ်မှတ်ထားရာမှ ယခု​အော်ဒါ​ကြေးအနိမ့်ဆုံး ၃၃၀ ကျပ်သာ ပေးဆောင်တာကြောင့် မန္တလေးက Food Panda Rider များ အလုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆိုနေတာပါ။

"Batch  4 (အခြေခံ delivery ကြေး ၆၇၀ + ၁ ကီလို ၁၅၀)  မရမချင်း အလုပ်မဆင်းပါ။ (company)လည်း မနစ်နာနိုင်သလို ၊ rider များအတွက် လုပ်ပျော်နိုင်သော delivery ကြေးလည်း ဖြစ်ရပါမည်" လို့  Rider တွေက ဆိုပါတယ်။

ယခုအခါ customer ဆီမှ delivery ကြေး ၂၅၀ိ/- ၅၀၀ိ/-  ကောက်ခံနေ​သော်လည်း ၄င်း delivery fee ​ကြေးများအား rider များမှမရရှိဘူးလို့လည်း သိရပါတယ်။

Rider များသည် ယခင် အနိမ့်ဆုံး ​အော်ဒါ​ကြေး ၆၇၀ ရရှိ​နေရာမှ ယခု ဆီ​စျေး အဆမတန်မြင့်တက်လာသည်နဲ့အမျှ ​အော်ဒါ​ကြေး​ ​ပေး​ချေမှုများသည် လမ်း​ကြောင်းတစ်​ကြောင်းလျှင် ​အော်ဒါ​ကြေး ၃၃၀ နှုန်းဖြင့်​ပေး​ဆောင်​နေတာ ဖြစ်တယ်လို့ သိရပါတယ်။

"ယခုအချိန်တွင် 92 တစ်လီတာ=၂၀၀၀ ​ကျော်၊ ဖုန်း​ဘေ,အင်တာနက် bill များ ​စျေးနှုန်းကြီးမြင့်​နေသည်ဖြစ်ရာ ယခုအချိန်ထိ ရုံးဘက်မှ ​ဖြေရှင်း​ပေးခြင်းမရှိ​​သေး​ပါ။  Foodpanda ရုံးဘက်မှ လမ်း​ကြောင်းတစ်​ကြောင်း(၁၀ပြ​ကျော်)ခရီးအား ​အော်ဒါ​ကြေး၄၀၀ နှုန်းဖြင့်သာ ​ပေး​ဆောင်​နေဆဲဖြစ်ပါသည် အတိုချုံး​ပြောရလျှင် Foodpanda ရုံးဘက်မှ ယခုအချိန်ထိ rider များအား လုပ်အားခအနည်းငယ်ဖြင့်သာ ​ပေး​ဆောင်​နေ​သော​ကြောင့် ထိုကိစ္စအားအမြန်ဆုံး​ဖြေရှင်း​ပေး၍သင့်တင့်​သော​အော်ဒါကြေးများ​ပေး​ဆောင်​ပေး​စေလိုပါသည်။ ယခု စာသည် Foodpanda company ​အားစော်ကားလိုသည့်စိတ်ဖြင့်​ရေးသားခြင်းမဟုတ်ပါ။" လို့  မန္တလေး Food Panda Rider တွေရဲ့ တောင်းဆိုချက် မှာ ထည့်သွင်းပြောကြားထားပါတယ်။

 

 


Related posts

Cover
Wan Xin Myanmar Company Limited ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို အလုပ်ထုတ်
Aug 13, 2025
Cover
မီလားဂါးဒင်းဖိနပ်စက်ရုံမှာ လုပ်ခတိုးပေးရေးတောင်းဆိုမှုပြုလုပ်
Aug 13, 2025
Cover
လုပ်အားခေါင်းပုံဖြတ်ပြီး ဆဲဆိုခိုင်းစေခံနေရ
Aug 13, 2025
Cover
ယာဉ်မောင်းတွေ ပစ်ထားခဲ့တဲ့ မြန်မာ ၅၀ ကျော် အဖမ်းခံရ
Aug 12, 2025
Cover
Tianjin Fashion Milestone စက်ရုံမှူး အထည် ဆုကြေးမပေးဘဲ ခြိမ်းခြောက်ခိုင်းစေ
Aug 11, 2025
Cover
Myanmar S.Flamingo Garment ကြီးကြပ်ရေးမှူးများ ငွေကြေးတောင်းယူနေ
Aug 11, 2025
Cover
New Plus အထည်ချုပ် ဆုကြေး ခွဲခြားပေး
Aug 11, 2025
Cover
တရုတ်နိုင်ငံ Longchuan Depin Clothing အထည်ချုပ်စက်ရုံ အလုပ်ချိန် စော လုပ်ခိုင်းပြီး အချိန်ပိုခ မပေး
Aug 11, 2025