NEWS

လစဉ်ငွေကြေးဖြတ်တောက်နေမှုကြောင့်အလုပ်သမား တွေ အခက်တွေ့နေ

CoverLogo
696 Views

တရုတ်နိုင်ငံသားပိုင်  Saiform International Garment Myanmar မှာ စက်ရုံဘက်က အခွင့်အရေး ချိုးဖောက်တာ တွေ လုပ်ဆောင်နေတဲ့အပြင် ငွေကြေးမှားယွင်း တွက်ချက်မိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမားတွေရဲ့ လုပ်ခလစာအနည်းအများပေါ် မူတည်ပြီး Cutting ဌာနစူပါက လစဉ်ပြန်လည် ဖြတ်တောက်နေတာကိုလည်း အ ရေးယူမှု မရှိတာကြောင့် အခက်တွေ့နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

ဒီစက်ရုံကို ရွှေသံလွင်စက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား (၁၇၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

 

လုပ်ငန်းခွင်ထဲမှာ သမဂ္ဂမရှိဘဲ WCC ကော်မတီ ဖွဲ့စည်းထားပေ  မယ့် အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ 

 

“Cutting ဌာနက စူပါက ပိုက်ဆံပေါင်းတာ မှားသွားလို့ဆိုပြီး လတိုင်းလိုလို အလုပ်သမားတွေရဲ့ လစာပေါ် မူတည် ပြီး (၅) သိန်းထွက်တဲ့သူဆိုရင် (၂၅၀၀၀)၊ (၂၇၀၀၀) လောက် ပြန်တောင်းတယ်။

နည်းတဲ့သူဆို နည်းသလို ပေးရ တယ်။ ပြောမယ်ဆို လစာတွက်တာက ရုံးပေါ်က တွက်တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း တစ်ဦးကို (၁၆၅၀၀) ကျပ် ပြန်တောင်းထားပြီးပါပြီ။ အခု Cutting ဌာနကစူပါ လတိုင်းပြန်တောင်းနေတာကို အလုပ်ရှင်ကော၊ ရုံးပေါ်က တာဝန်ရှိသူတွေလည်း သိပေမယ့် အရေးမယူပါဘူး။ ပြောမယ်ဆို အလုပ်သမားတွေဆီက ခေါင်းပုံဖြတ်နေတာပါ။ မကျေနပ်လို့ ပြန်ပြောတဲ့ အလုပ်သမားတွေကို သူကအော်ဟစ်ဆဲဆိုပြီး အကြောင်းရှာ အလုပ်ထုတ်ပါတယ်။ နောက်ဌာနက လစဉ်ဆုကြေးဆိုပြီး တစ်လတစ်ခါကို လစာထုတ်ပြီး တစ်ပတ်အတွင်းမှာ (၁) လလုံးဆုကြေးဆိုပြီး စက်ရုံက ပေးပါတယ်။ စူပါက ဆုကြေးတွေကို ရုံးပေါ်မှာ လူဦးရေအလိုက် တောင်းပါတယ်။ သူနဲ့ အဆင်ပြေတဲ့သူကို ပိုပေးတာ၊ အဆင်မပြေတဲ့သူတွေဆိုရင် လျော့ပေးတာတွေလည်း လုပ်ပါတယ်။ တစ်ခါတလေလည်း ဆု ကြေးမှားပေးမိလို့ဆိုပြီး ပြန်တောင်းပါတယ်။ အဲဒါကို ပြန်ပြောမိရင် အလုပ်ကထွက်သွားဆိုပြီး ပြောပါတယ်။ ကြိုက်တဲ့နေရာ တိုင်လို့ရတယ်ဆိုပြီးလည်း ပြောပါတယ်။ အလုပ်လုပ်ရင် အမှားပါသွားရင်လည်း တစ်ခါဖြစ်ရင် (၂၀၀၀) ကျပ် ဖြတ်ပါတယ်။ အဲဒါက လုပ်ငန်းခွင် စည်းမျဉ်းထဲလည်း မပါပါဘူး။ ဖြတ်လို့ရတဲ့ ပိုက်ဆံတွေကိုလည်း သူ့ဘာသာ ယူပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

လုပ်ငန်းခွင်ထဲမှာ အလုပ်ချိန်ကို မနက်(၈)နာရီကနေ ညနေ (၆) နာရီခွဲအထိ သတ်မှတ်ထားပေမယ့် လုပ်ငန်းလိုအပ် ချက်ကြောင့်ဆိုပြီး အချိန်ပိုတွေကို ည(၉)နာရီခွဲအထိဖြစ်စေ အောလင်း၊ အောနိုက်တို့ပြီး အမျိုးမျိုး ခေါ်နေ တယ်လို့ပြော ပါတယ်။ 

 

လုပ်ခလစာကိုတော့နဲ့ ဒေးကြေး (၄၈၀၀) ကျပ်၊ ထောက်ပံ့ကြေး (၅၂၀၀) ကျပ် စုစုပေါင်း (၁၀၀၀၀) ကျပ်၊ ရက်မှန် ကြေး (၄၀၀၀၀) ကျပ်၊ တစ်ကတ်ကြေးတို့ ပေးချေနေပြီး အချိန်ပိုကြေးကိုတော့ တစ်နာရီ (၂၂၀၀) ကျပ်နဲ့ တွက်ချက် ပေးနေတာ ဖြစ်ပါတယ်။ 

 

“အထည်စံချိန်ကိုတော့ အလုပ်သမားတွေ ချုပ်နိုင်တာထက် ပိုတောင်းပါတယ်။ ဖိအားပေး ပြောဆိုတာတွေလည်း ရှိပါတယ်။ ခွင့်ရက်နဲ့ ပတ်သက်ရင်တော့ အရေးကြီးလို့ ခွင့်တင်တာတို့၊ ဂိတ်ပတ်တောင်းတာတို့ဆို အလွယ်မပေးပါဘူး။ လုပ်သက်ခွင့်ပြည့်တဲ့ အလုပ်သမားတွေ ခွင့်တင်ရင် ပြည့်တဲ့ရက်မို့ ခွင့်မပေးပါဘူး။ ခွင့်ပြည့်ပြီး (၂) လကြာမှ ငွေကြေးခံစားခွင့်ပဲ ပေးပါတယ်။ ဆေးခွင့်တင်ရင် ခွင့်စာပါလည်း အ‌ပြောဆိုခံရပါတယ်။ ဆေးခန်းကော၊ သူနာပြု ကော ရှိပေမယ့် ဗိုက်အောင့်၊ ခေါင်းမူးရင်တောင် သောက်ဖို့ဆေး မရှိပါဘူး။ သူနာပြုက စက်ရုံထဲမှာ နှစ်လုံးထီ‌နဲ့ မုန့် ရောင်းပါတယ်။ သူကို အရေးယူတာ မရှိပါဘူး။ စစ်ဆေးရေးတွေလာရင် အယောင်ပြသဘောမျိုး လုပ်ထားတဲ့ ဆေး ခန်းပါ။ နောက်အလုပ်သမားနဲ့ အိမ်သာလည်း မမျှပါဘူး။ အိမ်သာတွေက သုံးလို့မရလည်း ပြင်မပေးပါဘူး”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်တွင်းက ချိုးဖောက်ခံရတာတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။ 

 

စက်ရုံအလုပ်သမားတွေက Cutting ဌာနကစူပါက တောင်းထားတဲ့ ပိုက်ဆံတွေကို ပြန်တွက်ပေးဖို့နဲ့ လစာတွေကို ခေါင်းပုံဖြတ်တာ၊ ဆဲဆိုနေတာတွေကို အရေးယူပေးဖို့၊ ဆုကြေးတွေကို ပွင့်လင်းမြင်သာစွာ ချပြခွဲဝေပေးဖို့၊ ဥပဒေ ပါခွင့်တွေ တောင်းခံပါက အလွယ်တကူပေးဖို့ ဆေးလက်မှတ်နဲ့ ဆေးခွင့်တင်တာကို ပြောဆိုတာမလုပ်ဖို့နဲ့ ပြောဆို သူတွေကို အရေးယူပေးဖို့၊ ဆေးပေးခန်းမှ ဆေးထားပေးဖို့နဲ့ လုပ်ငန်းခွင်စည်းကမ်းနဲ့ မညီညွတ်တဲ့ သူနာပြုကို အရေးယူပေးဖို့၊ အိမ်သာတွေကို သန့်ရှင်းအောင်ပြုပြင်ပေးပြီး လုံလောက်အောင် ထားရှိပေးဖို့၊ အချိန်ပိုတွေကို အလုပ်သမားတွေ သဘောဆန္ဒကောက်ခံပြီးမှ ခေါ်ဖို့နဲ့ အထည်စံချိန်တွေကို ထုတ်လုပ်နိုင်စွမ်းအပေါ် ညှိနှိုင်းတောင်းဆိုဖို့ လိုလားနေတာ ဖြစ်ပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026