NEWS

လက်ရှိအခြေအနေအရပြည်ပကို ဆန်တင်ပို့နိုင်မှုလျော့ကျလာဖို့ရှိ

CoverLogo
2.8K Views

လတ်တလောတွင် မြန်မာနိုင်ငံရဲ့ပေါ်လစီတွေ အခြေအနေတွေအရ ပြည်ပကိုဆန်တင်ပို့နိုင်မှု သိသိသာသာကျဆင်းသွားနိုင်တယ်လို့  ဆန်စပါးရောင်းဝယ်နေတဲ့ ကုန်သည်များက ဆိုပါတယ်။

''ပြည်ပကိုတင်ပို့နိုင်မှုကတော့ လက်ရှိကတော့ ပုံမှန်ပါပဲ။ လက်ရှိ ပေါ်လစီတွေကြောင့် နောက်ပိုင်းတော့ အများကြီးကျသွားနိုင်တယ်''လို့ ဆန်ကုန်သည်တစ်ဦး​က ဆိုပါတယ်။

လက်ရှိမှာ ပြည်ပကိုတင်ပို့နိုင်တဲ့ဆန်တန်ချိန်ဟာမြန်မာနိုငိငံဆန်စပါးအသင်းချုပ်ရဲ့  ထုတ်ပြန်ချက်အရ  မက်ထရစ်တန်ချိန် အနေဖြင့်  Oversea Trade 147120 MT ဖြစ်ပြီး Border Trade 35430 MT ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဩဂုတ်၁ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်။

ပြည်ပကို ဆန်ကြမ်းအဓိကတင်ပို့နေတာဖြစ်ပြီး လက်ရှိနိုင်ငံရဲ့ပေါ်လစီများအရ ဆန်တင်ပို့မှုကျဆင်းလာပါက ပြည်တွင်း ဆန်တွေပုံကာ  ဆန်ဈေးကျပြီး ပို့ကုန်ဝင်ငွေကျဆင်းလာကာ GDP ကွာဟချက်မြင့်မားလာမယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းဆန်စျေးမြင့်တက်နေမှုမှာ လေးပုံတစ်ပုံခန့် ဆန်ချောတစ်အိတ်ပျမ်းမျှ ၂ သောင်းကျော်တက်သွား​ကာ ဆန်ကြမ်းတစ်အိတ်ပျမ်းမျှ ငါးထောင်နဲ့ခုနှစ်ထောင်ကြားတက်သွားတယ်လို့သိရပါတယ်။

''ဆန်စျေးတွေတက်လာတယ်တက်လာတယ်ဆိုပြီး  အထိတ်တလန့်ဝယ်ယူကြတာကြောင့်ပါ ဒေါ်လာဈေးတက်တော့ကုန်စျေးနှုန်းကလည်း အစစအရာရာတက်နေတကိုး သေချာတာကတော့ ပြည်တွင်းစားသုံးမှုအတွက်တော့ ဆန်မပြတ်သွားပါဘူး.''လို့လည်းယင်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ပြောင်းလဲလာတဲ့နောက်ဆက်တွဲအခြေအနေတွေကြောင့် ကုန်စျေးနှူန်းမြင့်တက်လာရာမှာဆန်စျေးနှုန်းမြင့်တက်လာမှုက သိသိသာသာမြင့်မားလာတယ်လို့ ဆိုပါတယ်။

အသင်းချုပ်အနေနဲ့ ဆန်စျေးမြင့်တက်မှုကို ထိန်းပေးတဲ့အနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းကနေ တစ်အိမ်လျှင်ဆန်တစ်အိတ်နှုန်းဖြင့် သက်သာသောနှုန်ထားဖြင့် ဩဂုတ်လမှစ၍ သုံးလတိုင်ရောင်းချပေးမှာဖြစ်ပြီး  ဆိုင်မှာပြန်ရောင်းချဖို့အတွက် ရောင်းပေးမှာမဟုတ်ဘူးလိူ့လည်း ဆိုပါတယ်။

'' ပြည်သူတွေအားလုံးအတွက် အများအကျိုးအတွက် တည်ငြိမ်မှူရအောင် အားလုံးဝိုင်းထိန်းကြရမှာပါ။  
ခုရောင်းချပေးမဲ့ဟာလည်း စားသုံးသူတွေအတွက် စားနိုင်သလောက်ရောင်းချပေးမှာပါ။ ဆိုင်တွေမှာရောင်းချဖို့ ရောင်းမပေးပါဘူး။ အချိန်ကတော့၃လပါ။ household တွေအတွက် မကြီးမြင့်စေဖို့တစ်အိမ်တစ်အိတ်နှူန်းပါ''လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ နီးစပ်သူက ပြောပါတယ်။

MyanmarLabourNews

 


 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026