NEWS

ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေပျက်ကွက်တာကြောင့် အချိန်ပိုမတရားခိုင်းစေတာတွေပိုများလာ

CoverLogo
724 Views

အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန မှ စက်ရုံတွေကိုရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေလုပ်ဖို့ပျက်ကွက်နေတာကြောင့် စက်ရုံအများစုက အလုပ်သမားတွေဟာ အချိန်ပိုမတရားခေါ်ယူ ခိုင်းစေခံရတာတွေရှိလာတာဖြစ်တယ်လို့ အလုပ်သမား အရေး လှုပ်ရှားသူတွေထံကသိရပါတယ်။

 

"အိုတီ (အချိန်ပို)က တိုင်ရင်ဆင်းစစ်််တယ်ပေါ့နော်။ မတိုင်ရင်လည်း ဥပမာဆိုကြပါစို့ မီဒီယာတွေမှာဖော်ပြထားတာတို့ တိုင်ထားတာတို့ဆိုရင် ဆင်းစစ်ပေးရမှာ။ WF ဆိုတုန်းကလည်း တရားမစွဲခင်တုန်းကတောက်လျှောက်စစ်တယ်။ အခုလည်းစက်မှုဇုန်တွေမှာ ကော်ထိုက်၅တို့ဘာတို့ဆိုရင်လည်း အိုတီကိစ္စပြောတယ်။ အလုပ်သမားက မလုပ်နိုင်ဘူးပြောတယ် နားတယ်။ နားရင်ထုတ်ပစ်တာပဲ။ ထုတ်တဲ့အခါကျမှစစ်တယ် စစ်တော့ဘာပြောလဲဆို HR ဘက်ကနေ အိုတီဆင်းရလားဆိုမဆင်းရဘူးပြောနော်ဆို ပြီးသင်ပေးထားတယ်။ အလုပ်သမားတစ်ယောက်က HR ကအဲလိုပြောခိုင်းထားတာမသိလိုက်တော့ အိုတီဆင်းရတယ်လည်းပြောရော ဘာလို့အဲလိုပြောတာလဲ စက်ရုံသိက္ခာကျတာပေါ့ဘာညာဆိုပြီး ဦးစီးမှူးကိုယ်တိုင်ကပြောတာ ဒါကသူတို့လုပ်ရမဲ့အလုပ်ကို လစ်လျူရှုတဲ့အပြင် လုက်ငန်းရှင်ဘက်ကိုဖာထေးပြီးပြောတယ် အဲ့တာ များဘာလို့စစ်နေသေးလဲ ဆိုလိုချင်တာကလုပ်ငန်းရှင်ကိုစစ်တယ်၊ မရှိဘူးဆိုတာကို ကိုယ်တွေကိုပြန်တိုက်ချင်တာ ကိုယ်တွေကလည်း မဟုတ်ဘူးရှိနေတယ်ဆိုတာကို ပြန်သက်သေပြတာ" လို့ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။ 

 

ကော်ထိုက်ရုံ ၅ HUBO Garment မှာ အချိန်ပို ညလုံးပေါက်ဆက်တိုက်ခေါ်နေတာကြောင့် အလုပ်သမားကမဆင်းနိုင်တော့ဘူးလို့ STUM သို့ အသိပေးပြောဆိုလာတာဖြစ်ပြီး အလုပ်သမားတွေအချိန်ပိုဆင်းရတဲ့နာရီနဲ့ ရတဲ့အချိန်ပိုကြေးကိုက်ညီမှုလည်းမရှိတာကြောင့် အချိန်ပိုဆင်းရတာများလို့ပင်ပန်းဖျားနာရင်တောင် ခွင့်မရလို့ အလုပ်ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိတော့ဘူးလို့ ဆိုလာတာပါ။ 

 

ဒါ့အပြင် အခြားသောစက်ရုံအများစုမှာလည်း အချိန်ပိုမတရားခေါ်ယူတာတွေ ဆက်တိုက်ပြုလုပ်လာကြတယ်လို့ အသိပေးပြောဆိုလာတာတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။  

 

အလုပ်သမားများက နားရက်မရှိအောလင်းအောနိုက် (ညလုံးပေါက်)

ဆင်းရတာတွ များလွန်းတာကြောင့်အချိန်ပိုကို အလုပ်သမားကမဆင်းချင်ဘဲ ဆင်းနေရလို့ဖျားနာတာတွေ ပင်ပန်းပြီး အားနည်းတာ မူးဝေတာတွေထိ ဖြစ်လာတယ်လို့ ပြောဆိုမှုတွေမြင့်တက်လာပါတယ်။ 

 

​အဲလိုအသိပေးပြောဆိုလာရာမှာ အချိန်ပိုမတရားဆင်းရပေမဲ့ အချိန်ပိုကြေးအပြည့်မရတာတွေ၊ အထည်စံချိန်မတရားတောင်းပြီး အချိန်ပိုဆင်းခိုင်းတာတွေနဲ့ အချိန်ပိုဆက်တိုက်ဆင်းရတာကြောင့်ဖျားနာရင်တောင်ခွင့်မရတာတွေအပြင် မခံနိုင်တဲ့အဆုံးအချိန်ပိုမဆင်းဘဲနေလိုက်ရာက အလုပ်ထုတ်ခံရတာတွေ စတဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို အလုပ်ရှင်တွေစက်ရုံတွေက ဆက်တိုက်ပြုလုပ်လာကြတာလို့ သိရပါတယ်။ 

 

ဒါတွေဟာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန မှ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေလုပ်ဖို့ပျက်ကွက်နေတာတွေကြောင့် ပိုမိုဖြစ်ပွားလာရတာဖြစ်တယ်လို့ သိရပါတယ်။

 

#MyanmarLabourNews 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026