NEWS

ရှိရှောင်ကွေ့ အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား အလုပ်ထုတ်

CoverLogo
199 Views
 
ရှိရှောင်ကွေ့ အထည်ချုပ်စက်ရုံက အချိန်ပို မဆင်းလို့ဆိုပြီး အလုပ်သမားတွေကို အလုပ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ နှစ်သစ်ကူးအလုပ်ပိတ်ရက် အချိန်ပို အလုပ်မဆင်းလို့ ဆိုပြီး အလုပ်သမား ၁၅ ဦးကို အလုပ်ထုတ်ခဲ့တာလို့ ပြောပါတယ်။
“နှစ်သစ်ကူးပိတ်ရက်ကို အလုပ်ပိတ်တယ်ပြောထားပြီး အချိန်ပိုအိုတီခေါ် ပါတယ်။ အချိန်ပို မဆင်းတဲ့ အလုပ်သမား ၁၅ ယောက်ကို အလုပ်က ထုတ်တာပါ။ “ လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
စက်ရုံလုပ်ငန်းခွင်က အလုပ်သမားတွေကို တရုတ် အမျိုးသားက စိတ်ကြိုက် အုပ်ချုပ်ပြီး ကိုယ်ထိလက်ရောက် ပြုမူတယ်လို့လည်း သိရပါတယ်။
 
“၁၂လပိုင်းထဲမှာ တရုတ် အမျိုးသားက ပါကင်ဌာနက ယောက်ကျားလေး အလုပ်သမား တစ်ယောက်ကို ကိုယ်ထိလက်ရောက် လက်သီးဖြင့်ထိုး တယ်။ သီချင်းဖွင့်လို့ ထိုးတာတဲ့ ။ အဲလို သီချင်းတွေက အမြဲ ဖွင့်နေတာပါ။ “ လို့ပြောပါတယ်။
 
စက်ရုံလည်ပတ်နေတာ တစ်နှစ်ကျော်ရှိပြီး အလုပ်သမားတွေမှာ ခွင့်အမျိုးအစားတွေ ခွင့်နဲ့ ခွင့်ရက် ခံစားခွင့်မရသလို့ ရက်ပျက်သတ်မှတ်ပြီး လုပ်ခလစာ ဖြတ်တောက်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“လူမူဖူးလုံရေးထည့်ဝင် ကြေးကိုလစဥ်လတိုင်း ပေးရတယ်၊ ဆေးခွင့်ခံစားခွင့်နဲ့ ရှောင်တခင်ခွင့် ဘာမှမရတာ။ ရက်ပျက်တာနဲ့ ဒေးကြေး ရက်မှန်ကြေး အကုန်ဖြတ်တယ်။ တခါရက်ပျက်ရင် ၃၀၀၀၀ ကျော် အဖြတ်ခံရတယ်” လို့ ပြောပါတယ်။
စက်ရုံမှာ ရောင်ပြန်အဝတ်အစားတွေ ချုပ်လုပ်နေပြီး စံချိန်မပြည့်ပါက လုပ်ငန်းခွင်ထဲက တရုတ်အမျိုးသားက အော်ဟစ်ဆဲဆိုတယ်လို့လည်း ပြောပါတယ်။
 
“ စက်လိုင်းတစ်လိုင်းကို လူ ၃၀၊ လိုင်းပေါက်အထည် တစ်နာရီကို ၈၀ကျော် ပေးရတယ်။ စံချိန်မပြည့်ရင် တရုတ်အမျိုးသားက အော် ဟစ်ဆဲဆိုတယ်။ တိုင်စရာ မြန်မာ HR လဲ မရှိဘူး။ “ လို့ ပြောပါတယ်။
 
ရှိရှောင် ကွေ့အထည်ချုပ်က တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်၂၊ ဦးမှိုလမ်းမှာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ စက်ရုံမှာ အလုပ်သမားများ ၁၅၀ ကျော်လုပ်ကိုင်နေပြီး လုံခြုံရေး ရောင်ပြန် အင်္ကျီတွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026