NEWS

ရွှေ၊ဒေါ်လာစျေး မြင့်တက်နေပေမဲ့ အလုပ်သမားတွေ တရက် ၄၈၀၀ ဖြင့် လုပ်ကိုင်နေရ

CoverLogo
502 Views
 
မြန်မာနိုင်ငံအတွင်း ရွေစျေးနဲ့ဒေါ်လာစျေးတွေ မြင့်တက်နေပေမဲ့ အလုပ်သမားတွေရဲ့ တရက် အနည်းဆုံးလုပ်ခ လစာကို တိုးမြှင့်သတ်မှတ်မှုမရှိဘဲ အလုပ်ချိန် ၈ နာရီကို ၄၈၀၀ ကျပ်သာ ရရှိ နေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့ နှစ်က ဝန်ကြီးဌာနက ကျပ်တထောင်ကို တောက်ပံကြေးဆိုပြီး တိုးမြှင့်ပေးထားပေမဲ့ လုပ်ခလစာကိုတော့ တိုးမြှင့် ပေးတာ မရှိပါဘူး။
 
"ဒီလထဲမှာ စက်ရုံတချို့က Day ကြေးတွေတိုးပေး တာတွေရှိတယ်။ တချို့စက်ရုံကတွေကတော့ Day ကြေး ၄၈၀၀ နဲ့ ထောက်ပံ့ကြေး တစ်ထောင် ခုလည်း ဒီတိုင်းဘဲ ။ ထောက်ပံ့ကြေးလည်း မတိုးဒေးကြေးလည်းမတိုးလို့ တချို့ စက်ရုံက အလုပ်သမားတွေ တိုးပေးဖို့ တောင်းဆိုနေတယ်လို့လည်း ကြားရပါတယ်။ ရွှေစျေးက သိန်း၅၀ အထက်မှာ၊ ဒေါ်လာက ၄၀၀၀ ကျော်နေပြီဆိုတော့ ကုန်စျေးနှုန်းတွေ တက်တော့မယ်။ အလုပ်သမားက အခုထိ ဒေးကြေး မတိုးဘူး။ တနေ့ ၄၈၀၀ ပဲဆို ထမင်းတနပ်တောင် မဝပါဘူးလို့" အလုပ်သမားတဦးက ပြောပါတယ်။
 
မေဒေး အလွန်ကတည်းက ရန်ကုန်မြို့က စက်ရုံလုပ်ငန်းရှင်အချို့ဟာ လုပ်သား လိုအပ်ချက်တွေ ဖြစ်ပေါ်နေ တာကြောင့် တနေ့ လုပ်အားခတွေ တိုးမြှင့်ပြီး အလုပ်သမားခေါ်ယူတာတွေ ရှိလာပြီး တချို့ စက်ရုံတွေက ထောက်ပံကြေး နောက်ထပ် တစ်ထောင်တိုးမြင့် ခေါ်ယူနေတာတွေ ရှိတယ်လို့ အလုပ်သမားအသိုင်းအဝိုင်းက ပြောပါတယ်။
 
"စက်ရုံတချို့ကတော့ ဒေးကြေး ၇၀၀၀ ၊ ခုဆို ၇၅၀၀ ။ ၆၅၀၀ နဲ့ခေါ်နေတာတွေတွေ့ရတယ်။ တခြားစက်ရုံ တွေမှာ အခြားထောက်ပံ့ကြေး ၂၀၀၀ အပြင် မုန့်ဖိုး ၁၀၀၀၀၊ ရက်မှန်ကြေး ၂၀၀၀၀ ကနေ ၃၀၀၀၀ ဆိုပြီး တိုင်တွေ တိုး ပေးထားတာ တွေ့ရတယ်။ ဒါပေမဲ့ ဥပဒေအရ အနည်းဆုံးလုပ်ခလစာကို တိုးမြှင့် သတ်မှတ် လိုက်တာ မဟုတ်တဲ့အတွက် တနေ့ ၄၈၀၀ ဆိုတဲ့အတိုင်း ပေးနေတာတွေ အများကြီး ရှိနေပါတယ်။ ဥပဒေ သတ်မှတ်ချက်ကို ပြင်ဆင်မှ အလုပ်သမားအားလုံး ဒေးကြေးတိုး ရမှာပါ။ အလုပ်ရှင်တွေ မဖြစ်မနေ ပေးချေ ရမှာပါ။ ခုက အလုပ်ရှင်အနည်းစုကပဲ ဒေးကြေးတိုးပေးနေတာ။ ဒါကလည်း ဖြစ်သင့်တဲ့နှုန်းထား၊ လုံလောက်တဲ့ နှုန်းထားတော့ မဟုတ်သေးဘူး" လို့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
စက်ရုံတချို့က ဒေးကြေး ၇၅၀၀ အထိ တိုးပေးပေမဲ့ ထောက်ပံ့ကြေး ကျပ် တထောင်ကို ထည့်မပေးထားလို့ သိသာတဲ့ ပြောင်းလဲမှု မဟုတ်ဘူး လို့ အလုပ်သမားတွေက ပြောပါတယ်။ ဥပဒေမှာ သတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်ခလစာကို ပြောင်းလဲ သတ်မှတ်ပေးမှာ အချိန်ပိုကြေးပါ မြှင့်လာမှာ ဖြစ်လို့ ထောက်ပံ့ကြေးပဲ တိုးမြှင့် ပေးတာတွေက နစ်နာမှု ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
၂၀၁၈ ခုနစ် အနည်းဆုံး တရက်လုပ်ခလစာ ကျပ် ၄၈၀၀ သတ်မှတ်စဉ်က ငွေလဲလှယ်ဈေးဟာ တဒေါ်လာကို ကျပ် ၁၂၀၀ ကနေ ကျပ် ၁၃၀၀ ဝန်းကျင်သာ ဈေးပေါက်ခဲ့ပြီး ခြောက်နှစ်အကြာ အခု ၂၀၂၄ ခုနှစ်မှာတာ့ ဒေါ်လာဈေးက ကျပ် ၄၀၀၀ ကျော် ရှိနေပြီး အလုပ်သမားတွေကတော့ ကျပ် ၄၈၀၀ နဲ့ လုပ်ကိုင်နေရဆဲ ဖြစ်ပါတယ်။
 
လက်ရှိ အလုပ်ချိန် ၈ နာရီ တရက်အတွက် အလုပ်သမား တယောက်ရရှိနေတဲ့ လုပ်ခလစာ ကျပ် ၄၈၀၀ ဟာ တဒေါ်လာ ဝန်းကျင်ပဲ ရှိနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုကြပါတယ်။ ဒါကြောင့် အနည်းဆုံးလုပ်ခလစာကို ကျပ်တသောင်း အထိ တိုးမြှင့်ပြင်ဆင်ပေးဖို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က မေ ၁ ရက် (၁၃၄)ကြိမ်မြောက် မေဒေးနေ့ ကြေညာချက်မှာ ထည့်သွင်း တောင်းဆိုထားပါတယ်။
Photo - (ပုံဟောင်း/ Crd)

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026