NEWS

ရွှေလင်ဗန်းစက်မှုဇုန်က YOYIKA Garment စက်ရုံကအလုပ်သမားများ အချိန်ပိုဆင်းရန်ဖိအားပေးခိုင်းစေခံရ

CoverLogo
1K Views

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် မူကြိုလမ်းဆုံအနီး၌ ဖွင့်လှစ်ထားတဲ့ YOYIKA Garment အထည်ချုပ်စက်ရုံဟာ အလုပ်သမားတွေအပေါ် အချိန်ပိုဆင်းရန် ဖိအားပေးခိုင်း စေခေါ်ယူနေတာတွေရှိနေတယ်လို့ အလုပ်သမား တွေထံကသိရှိရပါတယ်။

 

"အချိန်ပိုကိုအောလင်းခေါ်တယ်။ ပြီးရင်ထမင်းစားနားတဲ့အချိန်ကိုတောင် ဒသမတွေနဲ့ဖြတ်တယ်။ ည၈နာရီ၁၅မိနစ်အထိအချိန်ပိုခေါ်တာ။ ပြီးရင်ခဏနားပြီးတခါမနက်မိုးလင်းအထိအောလင်းခေါ်တယ်။ အဲလိုဆက်တိုက်လုပ်ရတော့ ကျွန်မတို့မှာပင်ပန်းပြီး အာဝါဒီမပေးနိုင်တော့ဘူး။ လုပ်နိုင်အားလည်းကျလာတယ်။ နေမကောင်းလို့မူးလဲလည်း မပြန်ရဘူးစက်ရုံကဆေးခန်းကဆေးပဲ ရတယ်" လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။ 

 

အဆိုပါစက်ရုံကတရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့စက်ရုံဖြစ်ပြီး အလုပ်သမား၅၀၀ခန့်ဖြင့်လည်ပတ်ကာ ဂျာကင်ထည်တွေကို ချုပ်လုပ်နေတာဖြစ်တယ်လို့သိရပါတယ်။ 

 

အဆိုပါစက်ရုံကအလုပ်သမားတွေကို နေ့အလုပ်ချိန်နှင့်အောလင်းအချိန်ပိုခေါ်ယူတာကို အစိုးရရုံးပ်ိတ်ရက်ရောက်ရှိတိုင်း ရုံးမပိတ်ခင်တစ်ရက်အလိုခေါ်ယူတာဖြစ်ပြီး အချိန်ပိုကြေးပေးပေမဲ့ ထမင်းစားနားချိန်များကိုတော့ အချိန်ပိုကြေးဖြတ်တောက်တာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင်အလုပ်သမားများက အချိန်ပိုအောလင်းဆင်းရလို့ အချိန်ပိုမဆင်းပါက အလုပ်ထွက်ဖို့သာဖိအားပေးပြောဆိုပြီး အချိန်ပိုအတင်းအကြပ်ခေါ်ယူကာ အလုပ်ပင်ပန်းလို့ ခွင့်ယူပါကလည်းရက်မှန်ကြေးဖြတ်တောက်မှုတွေရှိပြီး ဖူလုံရေးကြေးကိုလည်း လုပ်သက်သုံးလမပြည့်ခင်က ဖူလုံရေး​ကြေးဖြတ်တောက်ပေမဲ့ အလုပ်သမားကဖူလုံရေးခွင့်ယူပါက ၆လပြည့်မှဖူလုံရေးခွင့်ယူရမယ်ဆိုကာ ဖြတ်တောက်ခြင်းဖြစ်ကာ ဖူလုံရေးထည့်ငွေကိုစောလျင်စွာဖြတ်တောက်တယ်လို့လည်း သိရပါတယ်။

 

အဲဒီလိုတွေကြောင့် အလုပ်သမားတွေဟာ ကျန်းမာရေးနဲ့ညီညွတ်စွာလုပ်ကိုင်လိုပြီး ခွင့်ယူရန်မလိုဖို့အတွက် အချိန်ပိုခေါ်ယူခြင်းကိုည၆နာရီအထိသာ ခေါ်ယူစေလိုတယ်လို့ တင်ပြ ပြောဆိုထားပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026