NEWS

ရွှေပြည်သာ ထန်းခြောက်ပင် ဂိတ်က ကယ်ရီလုပ်ကိုင်သူတွေကို စစ်သင်တန်းတက်ရန်ဖိအားပေးနေ

CoverLogo
513 Views

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ၁၉/ ၄၇ ရပ်ကွက် သန်းတွဲစက်မှု လမ်းမကြီးပေါ်ရှိ ထန်းခြောက်ပင်ဂိတ်တွင် ကယ်ရီဆွဲသူအဖြစ် လုပ်ကိုင်သူတွေကို စစ်မှုထမ်း သင်တန်း ၂ ပတ်တက်ရောက်ရန် ဖိအားပေးနေတယ်လို့ ကယ်ရီဆွဲသူတွေရဲ့ နီးစပ်သူတွေထံကသိရပါတယ်။

အဆိုပါ ကယ်ရီဂိတ် ၂ ခုတွင် ကယ်ရီဆွဲသူ ၅၀၀ ဝန်းကျင်ရှိပြီး ထန်းခြောက်ပင် ဂိတ်တခြမ်းတွင် ဂိတ်မှူးအဖြစ် တာဝန်ယူထားသည့် အသက် ၃၀ ကျော် ရှိ မောင်မောင်သိန်းဆိုသူက ဂိတ်ဝင်ထားတဲ့ ကယ်ရီသမားတွေကို စစ်မှုထမ်း ၂ ပတ်တက်ရောက်ရန် နှင့် ထောက်ပံ့မှုပေးမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၀ ရက်က လက်မှတ်ထိုးခိုင်းနေတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

ကယ်ရီဆွဲသူတွေမှ တရားဝင်စာထုတ်ထားလားမေးရာ မပြနိုင်ဘဲ မဖြစ်မနေ တက်ရမယ်လို့သာပြောကြောင်း ကယ်ရီ အလုပ်သမားတွေနဲ့ နီးစပ်သူက ပြောပါတယ်။ 

"ကျွန်တော်တို့အနေနဲ့  လက်ရှိအချိန်မှာ စားဝတ်နေရေးအတွက် မနည်းရုန်းကန်နေရတယ်။ ဆီးစျေးတက်လို့ ဆိုင်ကယ်ကယ်ရီကို မဖြစ်သာလို့သာ ဆွဲနေရတာဖြစ်ပါတယ်။ မိသားစုတွေ စားဝတ်နေရေးကို ကယ်ရီဆွဲခနဲ့ အဆင်ပြေအောင် နေနေရတာ ကယ်ရီဆွဲရတာကလည်း လစဥ်ကြေးဆိုပြီး ၂၀၀၀ ကျပ်၊ ကတ်ပြားကြေးဆိုပြီး ၇၀၀၀ ကျပ်လစဥ်ပေးရပါတယ်။ ဒါ့အပြင် လစဥ်တိုင်း ဥက္ကဌ ပိုက်ဆံကောက်ခိုင်းလို့ ဟိုအလှူ ဒီအလှူဆို ကောက်ခံမှုတွေလည်း ရှိပါတယ်။ ကျွန်တော်တို့မှာ ပေးရသည်များရှိသောလည်း စားဝတ်နေရေးအတွက် အဆင်ပြေအောင်နေပြီး တောင်းသမျှပေးပြီး လုပ်နေရတာဖြစ်ပါတယ်"လို့ အမည်မဖော်လိုတဲ့ ကယ်ရီဆွဲသူတစ်ဦးက ပြောထားပါတယ်။

အခုလို အဓမ္မစစ်မှုထမ်းသင်တန်း မတက်လိုဘဲ ရှောင်ရှားနေပါကလည်း လူစာရင်းနှင့်လိပ်စာ ကောက်ယူထားတဲ့အတွက် အငြိုးအတေးထားပြီး အန္တရာယ်ပြုမှာ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

"စားဝတ်နေရေးအရ ကယ်ရီမဆွဲလို့လည်း အဆင်မပြေဘူး။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့  ဒုက္ခတော်တော်ရောက် နေပါတယ်။  ထန်းခြောက်ပင်ဂိတ်မှူး မောင်သိန်း ဆိုသူက  ဂိတ်ကယ်ရီသမားများကို မတရား ခြိမ်းခြောက်ပြီး စစ်သင်တန်းတက်ရန် ပြောနေတာပါ ကျွန်တော်တို့ ကြားထားတာကတော့ လူတစ်ဦး စစ်မှုထမ်းဝင်လျှင် ပိုက်ဆံပေးမယ်ဆိုပြီး ပြောထားပါတယ်။ ပြည်သူတွေအနေနဲ့  ဒုက္ခရောက်နေတဲ့ အခြေအနေတွင် လူလူချင်းဖိနှိပ် ခြိမ်းခြောက် လုပ်စားနေတဲ့  မောင်သိန်းဆိုသူလုပ်ရပ်တွေကို တာဆီးပေးကြပါ"လို့ ကယ်ရီလုပ်သားတစ်ဦးက အကူအညီတောင်းခံထားပါတယ်။ 


Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026