NEWS

ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်၊ ဟိုစိမ့်မြန်မာ Hosheng Myanmar အထည်ချုပ် စက်ရုံက အလုပ်သမား သမဂ္ဂခေါင်းဆောင် ၆ ယောက်ကို စစ်တပ်ကဖမ်းဆီး စစ်ဆေးနေ

CoverLogo
1.3K Views

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန် ရှိဟိုစိမ့်မြန်မာ Hosheng Myanmar အထည်ချုပ် စက်ရုံက အလုပ်ထုတ်ခံရတဲ့  အလုပ်သမား သမဂ္ဂခေါင်းဆောင် ၆ ယောက်ကို စစ်တပ်ကဖမ်းဆီးထားပြီးစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 
"ရွှေပြည်သာထဲကစစ်​ကြောရေးတစ်ခုမှာ စစ်ဆေးနေတယ်လို့သိရပြီ။ စစ်တပ်အုပ်ချုပ်ရာနယ်မြေမှာ သမဂ္ဂလက်မခံဘူးတဲ့။ အခြားမြို့နယ်မှာသွားဖွဲ့ စစ်အုပ်ချုပ်ရေးနယ်မြေမှာ လာမဖွဲ့နဲ့တဲ့။ သမဂ္ဂဖွဲ့ပြီး အလုပ်သမားတွေဆူပူအောင်လုပ်လို့တဲ့။ ဒီပုံအတိုင်းဆို ပုဒ်မ၅၀၅ တပ်နိုင်တယ်။ ခုကတော့ပုဒ်မ မတပ်ရသေးဘူး။ ကျွန်တော်တို့သိရသလောက်က ၆ယောက်ပဲ"လို့ အမည်မဖော်လိုသူတစ်ဦးက ဆိုပါတယ်။ 


လုပ်ငန်းခွင်ထဲမှာလုပ်ကိုင်နေတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၇ ဦးကို အလုပ်ခွင်အတွင်း ဆူပူမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်တယ်ဆိုကာ  စက်ရုံတာဝန်ရှိသူတွေက  ဇွန်လ ၁၀ မှာအလုပ်ထုတ်ခဲ့လို့  ၎င်းတို့ ၇ ဦးကို အလုပ်ပြန်လည်ခန့်ထားပေးရန် စက်ရုံထဲက အလုပ်သမား ၆၀၀ ကျော်က စုပေါင်းဆန္ဒပြမှုဖြစ်ပွားခဲ့တာပါ။ 


ဇွန်လ ၁၄ ရက်နေ့ မှာတော့  ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးမှာ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားခေါင်းဆောင် ၇ ဦးနဲ့ စက်ရုံတာဝန်ရှိသူ တို့ ညှိနှိုင်းပေးမယ်ဆိုတာကြောင့်  သွားရောက်ရာကနေ အပြန်ထွေအုပ်ရုံးရှေ့မှာတင် အလုပ်သမားသမဂ္ဂခေါင်းဆောင် ၇ ဦးထဲမှ အတွင်းရေးမှူးဖြစ်သူ မသူသူစံကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး နောက်ရက်တွေမှာလည်း ကျန်ရှ်ိအလုပ်သမားတွေကိုဆက်လက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 


လက်ရှိမှာတော့ မသူသူစံအပါအဝင် နောက်ထပ် သမဂ္ဂခေါင်းဆောင် ၅ ဦးနဲ့ အလုပ်သမားအရေးအကူအညီပေးသူ ၂ ဦးထပ်မံဖမ်းဆီးခံထားရပြီး အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“အလုပ်သမား တွေ အဖမ်းခံနေရတာဟုတ်ပါတယ် အလုပ်သမားတွေနဲ့ အဆက်အသွယ်မရတော့ပါဘူး နောက်က လိုက်သွားတဲ့ သူတွေနဲ့ပါအဆက်အသွယ်မရတော့ဘူး စနေနေ့က လိုက်သွားတာပါ”လို့ အလုပ်သမားအရေး လှုပ်ရှားနေတဲ့ သတင်းရင်းမြစ်တစ်ဦးကပြောဆိုပါတယ်။ 


အဆိုပါ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၆ ဦးနှင့် အလုပ်သမားအရေးကူညီပေးသူ ၂ ဦးအပါ စုစုပေါင်း ၁၂ ဦးကျော် ဖမ်းဆီးခံထားရတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး စစ်ကောင်စီနဲ့ နီးစပ်သူအချို့ကတော့ ဟိုစိမ့်ကအလုပ်သမား ၆ယောက် လို့သတင်းရပြီး မည်သူမည်ဝါမသိရှိရဘဲ စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်လို့ စစ်ဘက်တရားရုံး၌သာ ရုံးတင်နိုင်တယ်လို့ သိရပါတယ်။ 


Hosheng Myanmar အထည်ချုပ်စက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး  ZARA, Inditex စတဲ့အမှတ်တံဆိပ်တွေ ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။
#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026