NEWS

ရွှေပြည်သာတွင် အထည်ချုပ် စက်ရုံ နိုတစ် မပေးဘဲ ရုတ်တရက်ပိတ်သိမ်း ၊ နိုတစ်ကြေး မပေးနိုင်ဟု ငြင်းဆို

CoverLogo
499 Views

ရွေပြည်သာစက်မှုဇုန်က SYSMM APPAREL အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေကအောက်တိုဘာ ၅ ရက်ညနေပိုင်းမှာ လစာထုတ်ပေးပြီး စက်ရုံပိတ်သိမ်းမယ်လို့ ရုတ်တရက် ကြေညာပြီး ဥပဒေအတိုင်း နစ်နာကြေးတွေ ပေးမယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“မနက်ဖြန် လျှော်ကြေးရမယ်တောင် တွေးထားတာပါ ။” အထည်ချုပ် အလုပ်သမား တဦးက ပြောပါတယ်။ 

ဒီကနေ့ စက်တင်ဘာ ၆ ရက်မှာတော့ မနက်ပိုင်းမှာ စက်ရုံအတွင်း အလုပ်သမားတွေကို စက်ရုံဘက်ကခေါ်ယူပြီး စက်ရုံပိတ်သိမ်းပြီး ဥပဒေပါ နစ်နာကြေးပေးမှာ ဖြစ်ပေမဲ့ နို့တစ်ကြေးကိုတော့ မပေးနိုင်ဘူးဆိုပြီး ငြင်းပယ်ခဲ့ တယ်လို့ ပြောပါတယ်။

“ကျွန်မတို့က ဥပဒေအတိုင်းဆိုတော့ နို့တစ်ကြေးပါ ပေးမယ်ထင်ထားတာပါ။ အလုပ်ရုတ်တရက်ပိတ်တော့ အလုပ်ပြန်ရှာဖို့က ခက်တယ်၊ လကလည်း အစဆိုတော့ မလွယ်ဘူး။ နိုတစ်ကြေးမရရင် ကျွန်မတိုခက်ခဲ့တွေ့ တာပေါ့။ ယူထားတွေရှိတော့ လိပ်ပတ်မလည်ဘူးဖြစ်ပြီပေါ့ “ လို့ အမျိုးသမီးအထည်ချုပ်လုပ်သား တဦးက ပြောဆိုပါတယ်။

စက်ရုံဘက်က ကျန်ရှိနေတဲ့လုပ်ငန်းတချို့က အလုပ်သမားတွေကို နေ့စားအဖြစ် လုပ်ငန်းပြတ်တဲ့အထ လုပ်ကိုင်ခိုင်းမယ်ဆိုပြီး ပြောကြားထားပြီး နောက်ဆုံးအဆင့် QC ဌာနနဲ့ ထုတ်ပိုး Packing ဌာနက အလုပ်သမားတွေ လုပ်ငန်းခွင်မှာ ဆက်လက်လုပ်ကိုင်နေကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

SYSMM APPAREL Manufacturing Co.;Ltd စက်ရုံကတော့ ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာ စက်မှုဇုန် ၄ ၊ ပန်းပဲခေါင်မောက်ခက်လမ်းမှာ အလုပ်သမား ၆၀၀ ကျော်နဲ့ လုပ်ကိုင်နေပြီး စက်ရုံပိတ်သိမ်းမှုကြောင့် လက်ရှိ လုပ်သား ၄၀၀ ကျော် အလုပ်ဖြုတ်ခံရတာဖြစ်ပါတယ်။ နေ့စားအနေနဲ့ အလုပ်သမား ၁၀၀ ကျော် ကျန်ရှိနေပြီး စက်ရုံကတော့ ဥရောပ ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Sinsay၊ RAFRAF၊ Fox & Bunny စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ 

 #MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026