NEWS

ရွှေပြည်သာတွင် ရေထဲပျက်ကျနေတဲ့ ဓာတ်ကြိုးနား ဖြတ်သွားမိတဲ့ အလုပ်သမားတစ်ဦး သေဆုံး

CoverLogo
363 Views
 
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ရေထဲ ပျက်ကျနေတဲ့ လျှပ်စစ်ဓာတ်ကြိုးနား ဖြတ်သွားမိတဲ့ စက်ရုံအလုပ်သမား အမျိုးသမီးတစ်ဦး အောက်တိုဘာ ၂၃ ရက် မနက်အစောပိုင်းမှာ သေဆုံးခဲ့ပါတယ်။
 
ရွှေပြည်သာမြို့နယ် (၁၂)ရပ်ကွက်၊ ပိတောက်လမ်းမှာ မနက် ၅ နာရီခွဲခန့်တွင် အလုပ်သွားရန် စက်ရုံသို့ လမ်းလျှောက်သွား‌နေစဉ် လျှပ်စစ်ဓာတ်ကြိုးရေထဲပျက်ကျနေတာကို မသိဘဲ ဖြတ်သွားမိလို့ အသက် ၄၀နှစ်ခန့်ရှိ မနော်ဖူး ဆိုသူ စက်ရုံအလုပ်သမားတစ်ဦး သေဆုံးခဲ့ရတာဖြစ်ပါတယ်။
 
အလုပ်သမားလုပ်ကိုင်​နေတဲ့ စက်ရုံကို​တော့ မသိရ​သေးပါဘူး။အောက်တိုဘာ ၂၀၊ ၂၁နှင့် ၂၂ရက်တို့တွင် သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ ရှိ မြို့နယ်တချို့နှင့် မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ခဲ့ပါတယ်။
 
ရွှေပြည်သာမြို့နယ်မှာ နှစ် ၃၀ အတွင်း မကြုံဖူးတဲ့ ရေကြီးမှုများကြောင့် နေအိမ်များ ရေနစ်မြှုပ်ခြင်း၊ လမ်းများပေါ်တွင် ရေလျှံခြင်းများ ဖြစ်ပေါ်လျက်ရှိကာ ပြည်သူအချို့မှာ ကယ်ဆယ်​ရေး စခန်း​​တွေမှာ သွား​ရောက် ​နေထိုင်ရပြီး အစားအ​သောက်နဲ့ ​ဆေး ဝါး အသုံးအ​ဆောင်အချို့ လိုအပ်​နေပါတယ်။
ဓါတ်ပုံ-လူမှုကွန်ယက်

Related posts

Cover
Myanmar QT စက်ရုံ အိမ်သာသန့်ရှင်းရေးလုပ်ခိုင်းပြီး ပိုက်ဆံဖြတ်
Jun 07, 2025
Cover
ETEC နှင့် EI အီလက်ထရောနှစ်စက်ရုံ အလုပ်သမားများ ဆက်လက်တောင်းဆိုနေ
Jun 06, 2025
Cover
ILO ရဲ့ အရေးယူမယ့်ဆုံးဖြတ်ချက်အပေါ် မစိုးရိမ်ကြဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနတုန့်ပြန်
Jun 06, 2025
Cover
Joy Time Garment စက်ရုံလုပ်သားများ တောင်းဆိုမှု ပြေလည်မှုရ
Jun 06, 2025
Cover
J&F Myanmar LNY Caps စက်ရုံ အချိန်ပို တစ်လ နာရီ ၉၀ ကျော် လုပ်ခိုင်း
Jun 06, 2025
Cover
မြန်မာကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။
Jun 06, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူ
Jun 05, 2025
Cover
Myanmar Postarion စက်ရုံ နှင့် အလုပ်သမားများ သဘောတူညီမှုရရှိ
Jun 05, 2025