NEWS

ရွှေပြည်သာက အလုပ်သမား ၁၀၀၀ ကျော်ရှိတဲ့အထည်ချုပ်စက်ရုံ ရုတ်တရက်စက်ရုံပိတ်ဖို့ပြင်

CoverLogo
1.1K Views

ရွှေပြည်သာမြို့နယ်က အလုပ်သမား ၁၀၀၀ ကျော်နဲ့လည်ပတ်နေတဲ့  GTIG အထည်ချုပ်စက်ရုံဟာ အကြောင်းပြချက်မရှိဘဲ  ရုတ်တရက်စက်ရုံပိတ်ဖို့ပြင်ဆင်နေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။

“GTIG စက်ရုံက အပြီးပိတ်သိမ်းမယ်လို့ပြောတယ်ဗျ။  စက်ရုံကအပြီးပိတ်သိမ်းတင်မှာ။ အပြီးပိတ်တင်မှာကိုသူတို့ကမတင်ရသေးဘဲနဲ့  အလုပ်သမားတွေကိုလျော်ကြေးပေးတာ။  လျော်ကြေးပေးတော့ အလုပ်သမားသမဂ္ဂကလက်မခံဘူး။  သူတို့ကိုစက်ရုံပိတ်သိမ်းခွင့်ပြုတယ်ဆိုတဲ့အကြောင်းကို အလရကခွင့်ပြုချက်ကျပြီဆိုတော့ မှလက်ခံမယ်။ လျော်ကြေးယူမယ်လို့ပြောထားပါတယ်။ သူတို့ကတော့ဥပဒေနဲ့အညီလျော်ကြေးပေးမယ်လို့တော့ပြောထားတယ်။  ရှေ့မှာတော့ အငြင်းပွားမှုကို ပြေလည်သွားတယ်။ brand ၀င်ညှိတယ်။ အလုပ်သမားကိုပြန်ခန့်ဖို့ပြေလည်ပြီး ပြန်ခန့်လိုက်ပါတယ်။ အဲ့ဒီပြန်ခ န့်ပြီး နှစ်ရက်လောက်မှာပဲ စက်ရုံပိတ်မယ်လို့  ဗြုန်းစားကြီးပြောလိုက်တာ။ တကယ်ဆိုရင် အလုပ်သမားအဖွဲ့အစည်းတွေကိုမရှိစေချင်လို့  ဗြုန်းစားကြီးပိတ်လိုက်တဲ့သဘောပဲ။ စက်ရုံပိတ်မယ်ဆို ကြိုတင်ပြင်ဆင်ရတာလေ  စက်ရုံပိတ်သိမ်းတွေခွင့်ပြုချက်တွေတင်ပြီးတော့မှ ပိတ်ရတာ။  တစ်ရက်နှစ်ရက်တည်းနဲ့ထပိတ်လို့မရဘူး။ ဒါကသူတို့ရဲ့အလုပ်မရှိလို့ပိတ်တာမဟုတ်ဘူး။  အလုပ်သမားအဖွဲ့အစည်းတွေကိုမရှိစေချင်လို့ ပိတ်တာ။ ဘာကြောင့်ပိတ်တယ်ဆိုတာ မပြောဘူး။ ကျွန်တော်တို့သမဂ္ဂကိုပြောတော့ ပိတ်မယ်လို့ပဲပြောလိုက်တယ်” လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။  

အဲဒီစက်ရုံဟာ အလုပ်သမား ၁၃၀၀ လောက်နဲ့ လည်ပတ်နေတာဖြစ်ပြီး လုပ်ငန်းခွင်အငြင်းပွားမှုမကြာခဏဖြစ်ပေါ်နေတဲ့ စက်ရုံဖြစ်ပြီး အဲဒီစက်ရုံမှာ ဖြစ်ပေါ်နေတဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအပေါ် တိုင်ကြားမှုတွေပြုလုပ်ခဲ့ရာ  Brand ကုမ္ပဏီကလာရောက်စစ်ဆေးပြီး အလုပ်ရှင်ရဲ့မှားယွင်းမှုတွေ့ရှိရလို့   အလုပ်ရှင်အလုပ်သမားပြေလည်မှုရရှိသည်အထိ ညှိနှိုင်းကာ ပြေလည်မှုရရှိခဲ့ပြီးနောက်  ယခုလိုပိတ်သိမ်းမယ်ဆိုတဲ့ကြေညာချက်ထွက်လာတာဖြစ်တယ်လို့  သ်ိရပါတယ်။  

စက်ရုံကို ဖေဖော်ဝါရီလ ၂၈ ရက်မှာစတင်ပိတ်မယ်လို့ ကြေညာထားပြီး အလုပ်သမားတွေကိုနို့တစ်ကြေးတစ်လစာနဲ့လုပ်သက်နစ်နာကြေးတွေပေးမယ်လို့အသိပေးထားတယ်ဆိုပေမဲ့ စက်ရုံပိတ်သိမ်းခွင့်မတင်ရသေးဘဲကြေညာလိုက်တာကြောင့်   အလုပ်သမားတွေကတော့  စက်ရုံပိတ်သိမ်းခွင့်ရရှိပြီးမှာသာလျင်  စက်ရုံပိတ်လျော်ကြေးပေးခြင်းကို  လက်ခံနိုင်မယ်လို့ သိရပါတယ်။  

ဝါးတရာစက်မှူဇုန်တွင်ဖွင့်လှစ်ထားတဲ့  အဆိုပါGTIG အထည်ချုပ်စက်ရုံဟာ ၂၀၁၇ တွင် စတင်ဖွင့်လှစ်ကာအလုပ်သမား ၁၃၀၀ နီးပါးခန့်ဖြင့် လည်ပါတ်နေတာဖြစ်ပြီး  ကော်ထိုက် ၅ ရုံတွဲမှာ ကော်ထိုက်၄ လို့လူသိများသလို  အလုပ်သမားအခွင့်အရေးချိုးဖောက်မှူများ မကြာခဏဖြစ်ပွားတဲ့စက်ရုံလည်းဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews 
#STUM
#YS


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026