NEWS

ရွှေထိပ်ထားရွှေထည်ဖြန့်ချီရေးက တစ်ဖက်သတ်စွပ်စွဲမှုကြောင့် အမှုရင်ဆိုင်နေရတဲ့ အလုပ်သမားတွေ အခက်တွေ့နေ

CoverLogo
612 Views
 
ရွှေထိပ်ထားရွှေထည်ဖြန့်ချီရေးက ရွှေပျောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်သက် (၇) နှစ်နဲ့ (၈) နှစ်ရှိတဲ့ ဝန်ထမ်း အမျိုးသမီးနှစ်ဦးကို သက်သေမရှိဘဲ တစ်ဖက်သတ် စွပ်စွဲတာကြောင့် အလုပ်သမားတွေဟာ အချုပ်ကနေအမှုရင်ဆိုင်နေရပြီး အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ် ကျောက်ကုန်းလမ်းမှာဖွင့်လှစ်ထားတဲ့ ရွှေထိပ်ထားရွှေထည်လက်ကားဖြန့်ချီရေးက ပိုင်ရှင်ဖြစ်သူတွေက ရွှေ (၂၆) ကျပ်သား ပျောက်ဆုံးတယ်ဆိုကာ အမှုဖွင့်ထားတာဖြစ်ပြီး စွပ်စွဲခံထားရတဲ့ အလုပ်သမားတွေဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကတည်းက ရဲစခန်းမှာစတင် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
“အလုပ်သမားနှစ်ယောက်လုံးက အပျိုကြီးတွေပါ။ တစ်ယောက်က ရွှေထည်တွေ ချပေးရတာပါ။ အထည်ပေးရ တယ် ဆိုတာလည်း လုပ်ချင်သလို လုပ်ရတာ မဟုတ်ပါဘူး။ သူတို့ပြောတဲ့အထည်တွေကို ပစ္စည်းထုတ်မယ်ဆို သွားယူရတာပါ။ သွားယူရတာကလည်း သူတို့ရုံးကားနဲ့ပိုင်ရှင်ကသော့ကိုင် သူကပစ္စည်းချပေးရတဲ့သူမို့ သူပါပါရတယ်။ ပန်းထိမ်သမားတွေကိုချပေးရတယ်။ ဟိုတစ်ယောက်ကလည်း စိန်ဘာညာချပေးရတာမို့ သူလည်းပါတာပါ။ သွားထုတ်ပြီဆိုလည်း သူဌေးပါပါရတယ်။ အဲ့မှာတော့ CCTV မရှိဘူးပေါ့။ စမ်းချောင်း ကျောက်ကုန်းလမ်း အမှတ် - အဲ့ဒီမှာတော့ CCTV ရှိတယ်။ အဲ့ဒီမှာပစ္စည်းက ချပေးရတာ။ ပစ္စည်းကယူရင်တော့ အလုံမှာသွားယူရတယ်။ ၆လပိုင်းမှာကျ သူတို့ကပစ္စည်းပျောက်တယ်ဆိုပြီး ၂ လွှာကိုတော့ မရှာပါဘူး။ ၃လွှာမှာကျ သူတို့ CCTV ကို ကြည့်တဲ့အခါ်မှာလည်း ဘယ်သူယူတယ်ဘယ်ဝါယူတယ်ဆိုတာ မရှိပါဘူး။ အဲဒါကို အလုပ်သမားနှစ်ယောက်ကို မတရားစွပ်စွဲတာပါ”လို့ ဖြစ်စဉ်မှာပါတဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ရွှေဆိုင်ပိုင်ရှင်နဲ့ အထွေထွေမန်နေဂျာ အနေနဲ့ အမှုမဖွင့်ခင်ကတော့ ရွှေ (၁၂) ကျပ်သားသာ ပျောက်ဆုံးတယ်ဆို ပြောဆိုပေမယ့် အမှုဖွင့်ချိန်မှာတော့ (၂၆) ကျပ်သားလို့ ထွက်ဆိုတာဖြစ်ပြီး ပုဒ်မ- ၄၀၈ (ရွှေပန်းထိမ်ကရွှေများကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုခြင်း) ၊ ပုဒ်မ- ၃၈၁ (ရွှေဆိုင်မှ ရွှေများခိုးယူခြင်း)( ရွှေ ၉၀ သားဟုဆို) တို့နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
တရားစွဲဆိုခံရတဲ့ အလုပ်သမား ၂ ဦးရဲ့ မိဘတွေအနေနဲ့ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၊ ဥပဒေရေးရာ ဝန်ကြီးဌာန တွေကို တိုင်တန်းစာပေးပို့ခဲ့ပါတယ်။လက်ရှိမှာတော့ တရားစွဲဆိုမှုအတွက် ရုံးချိန်း ၁၀ ချိန်း ကျော်လွန်လာပြီး အချုပ်ကနေ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
" ၂၆ ကျပ်သားနဲ့ တစ်မှု ၊ ၉၀ သားနဲ့ တစ်မှု၊ ကျောက်ပျောက်တဲ့တစ်မှုကျတော့‌ ၁၄၀ ကျောက်ဖိုးပေါ့ အဲ့ဒါ နဲ့စွဲထားတာ အဲ့တာကျတော့ မ---- ( တရားစွဲခံထားရသူ) ကို မစစ်ရသေးဘူး "လို့ နီးစပ်သူကပြောပါတယ်။
တရားစွဲခံ နေရတဲ့ အလုပ်သမားတွေဟာ office leader ရာထူးနဲ့ လုပ်ခလစာ ငါးသိန်းကျော်သာ ရရှိတာဖြစ်ပြီး အလုပ်ချိန် မနက် (၉) နာရီကနေ ည (၆) နာရီကျော်အထိသတ်မှတ်ထားပေမယ့် စွပ်စွဲခံရတဲ့ အလုပ်သမားတွေကတော့ လုပ်သက်ကြာ မြင့်နေပြီ ဖြစ်တာကြောင့် အလုပ်ချိန် အတိအကျ သတ်မှတ်တာမရှိဘဲ မိုးလင်းမိုးချုပ် လုပ်ကိုင်ရတာ ဖြစ်ပါတယ်။
“အထဲရောက်နေတာတော့ (၅) လလောက် ရှိပါပြီ။ မိသားစုတွေကတော့ ခက်ခက်ခဲခဲ လာကြရတာပါ။ အခုက စရိတ်တွေတက်နေတော့ အဆင်မပြေပါဘူး။ ကလေးတွေကတော့ မလုပ်တဲ့အတွက် လွတ်ရင်တော်ပါပြီ တွေးတယ်။ ရှေ့နေတွေကတော့ ကိုယ်ကိုမတရားစွပ်စွဲတာကြောင့် အမှုပြန်ဖွင့်စေချင်တယ်”လို့ စွပ်စွဲခံရသူနဲ့ ဆွေမျိုးတော်သူကပြောပါတယ်။
"၂၀၂၄ ၆ လပိုင်း ၂၀ ရက်နေ့က အရပ်ဝတ်နဲ့ အမျိုးသား ၂ ဦး ကျောက်ကုန်းလမ်း စမ်းချောင်းက ရုံးမှာ စစ်မယ်ဆိုပြီး စစ်တယ် ဝန်ထမ်းတွေကို စစ်တယ်ပေါ့ အကုန်လုံးက ဖြစ်စဉ်တွေကို ပြောပြရတယ် အဲ့ ၂ ယောက်ကို အကုန်လုံးက မယူကြဘူးဆိုပြီးထွက်ဆိုတယ် အလုပ်သမားတွေက အဲ့ပိုင်ရှင် အမျိုးးသမီးရဲ့ ခင်ပွန်းလောင်း ကိုလည်း မသင်္ကာဘူးပေါ့ သူ့ကိုလည်း စစ်ပါဆိုပြီး ပြောတယ် ပစ္စည်းတွေပျောက်တုန်းက သူလဲ အဝင်အထွက်ရှိတယ် ကျန်တဲ့ဝန်ထမ်းတွေက ဘယ်သူမှ ယူလို့မရဘူး သူ့ကိုပါ စစ်ပေးပါလို့ ပြောတော့ သူတို့ အတွဲက ဧည့်ခန်းထဲမှာ ထိုင်ပြီး စီစီတီဗွီနဲ့ နားထောင်နေတာ အဲ့မှာ ပြောတဲ့ မ--- ကို ဒူးထောက်ရှိခိုးပြီးတောင်းပန်ခိုင်းတယ် နောက်နောင် အဲ့လိုမပြောပါဘူးလို့ လည်း ဝန်ခံကတိထိုးခိုင်းတယ် ပျောက်တာက အလုံက ကွန်ဒိုမှာ တိုင်တာက စမ်းချောင်းမှာ အရင်က ရုံးပစ္စည်း ပျောက်တယ်ဆိုတာတခါမှမရှိဘူး အခုလည်း အလုပ်ကို ဆက်မလုပ်ရဲလို့ ထွက်ချင်တဲ့လူတွေကိုလည်း ပေးမထွက်ဖူး လစာမရတဲ့လူတွေလည်းရှိနေတယ်"လို့ အမှုနဲ့ နီးစပ်သူကပြောပါတယ်။
လက်ရှိမှာတော့ ကျန်ရှိနေတဲ့ အလုပ်သမားတွေကိုပါ သံသယနဲ့ စောင့်ကြည့်တာတွေပါ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
တရားစွဲခံထားရတဲ့ အလုပ်သမားအမျိုးသမီး ၂ ဦးအနက် တဦးမှာ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးနဲ့ ဆွေမျိုးတော်စပ်သူဖြစ်ပြီး လုပ်ခ ကျပ် ၈၀၀၀၀ နဲ့ အလုပ်စတင်လုပ်ကိုင်ခဲ့ရာကနေ လုပ်သက် ၇ နှစ်အကြာမှာ အခုလို တရားစွဲဆိုခံရတာဖြစ်ပါတယ်။

Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026