NEWS

ရွှေဈေး၂ရက်အတွင်းပြန်ကျ စက်သုံးဆီနဲ့ဒေါ်လာဈေးများအနည်းငယ်အပြောင်းအလဲဖြစ် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)

CoverLogo
351 Views
 
 
နေ့စဉ် စားသောက်နေထိုင်မှုတွေအတွက် အလုပ်လုပ်ကိုင်နေကြသူတွေဟာ တနေ့နဲ့တနေ့ ဝင်ငွေထွက်ငွေ မျှတမှုရှိစေဖို့ မျှော်လင့်လာတာက အချိန်အတော်ကြာလာပြီဖြစ်ပေမယ့် လုပ်ခနဲ့လစာ မမျှတတော့တဲ့အ‌ခြေအနေက ကြာမြင့်လာပါပြီ။
ဒါကြောင့် လက်ရှိကာလ ရဲ့ မြင့်တက်နေဆဲ ကုန်ဈေးနှုန်း‌တွေ ကို လုပ်သား မိဘပြည်သူတွေ သိရှိနိုင်စေဖို့ ဇူလိုင်လ၂၇ ရက်ကနေ ဩဂုတ်၁ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
 
ရွှေဈေး
 
ယခုတစ်ပတ်အတွင်း ကုန်ဈေးနှုန်းအခြေအနေတွေကိုသုံးသပ်ရ ရင်တော့ ရွှေဈေးက ပြီးခဲ့တဲ့၂ရက်အတွင်းမှာ ပဲ ‌ရွှေကုန်သည်လုပ်ငန်းရှင်များအသင်း YGEA ရဲ့ဈေးသတ်မှတ်ချက်မှာ လွန်ခဲ့တဲ့ရက်တွေကသတ်မှတ်‌ဈေးငွေကျပ် ၅၈,၉၀၀၀၀ ထက် ယခုသတ်မှတ်ဈေး ငွေကျပ် ၅၈,၉၀၀၀၀ ကျပ်နဲ့ ငွေကျပ် ၁၀၀၀ နှုန်းဈေးကျခဲ့ပါတယ်။
ရက်သတ္တပတ်အတွင်း ပြည်ပရွှေဈေးနှုန်း ကလည်း သတ်မှတ်ဈေး ကျဆင်းလို့ ပြင်ပဈေးကွက်မှာ ပါ ယခင်တစ်ပတ်က ပြည်တွင်းရွှေဈေး ၁၆ပဲရည်တစ်ကျပ်သား ၇၇ သိန်းထက် ယခုအခါ ၁၆ပဲရည်တစ်ကျပ်သားကို ၇၆သိန်းနှုန်း ‌အကျဈေးဘက်ဦးတည်လာပါတယ်။
 
စက်သုံးဆီဈေးနှုန်း
 
စက်သုံးဆီ‌ ဈေးအနေနဲ့ ဆိုင်များမှာ ရောင်းချလျက်ရှိတဲ့ဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၈၈၀ကျပ် ၊ ၉၅ တစ်လီတာ ၂၉၃၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၇၁၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၃၆၀ကျပ်ဖြစ်ပါတယ်။
ဇူလိုင်၂၇ ရက်က‌ ၃၁ရက်အတွင်း မှာတော့စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၉၃၅ကျပ်၊ ၉၅ တစ်လီတာ ၂၉၉၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၇၁၀ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၃၅၅ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေး၊ ဓာတ်ဆီ ဈေးဟာ ဇူလိုင်၂၇ရက်ကနေ ဇူလိုင်၃၁ရက်အတွင်း မှာဈေးမ‌ ပြောင်းဘဲ တည်ငြိမ်ခဲ့ပေမယ့် ဩဂုတ်လ၁ရက် ယနေ့မှာတော့ ဓာတ်ဆီတစ်လီတာ၅၅ကျပ်နှုန်းဈေးကျကာ ဒီဇယ်တစ်လီတာ၅ကျပ်နှုန်းဈေးပြန်တက်ကာ ဈေးအတက်အကျဖြစ်သွားတာပါ။
ပြင်ပစက်သုံးဆီဈေးက တစ်လီတာ ၃၀၀၀ ကျပ် ကနေ ၄၀၀၀ ကျပ်ကြား မှာပဲ ရောင်းချနေဆဲဖြစ်ပါတယ်။
 
နိုင်ငံခြားငွေဈေးနှုန်း
 
နိုင်ငံခြားငွေကြေးဈေးကွက်မှာတော့ အမေရိကန်ငွေကြေးက ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၄၄၇၀ ကျပ်ရောင်းဈေးရှိကာ ၄၄၂၀ကျပ် ဝယ်ဈေး ပေါက်နေတယ်လို့ သိရပါတယ်။
 
အခြားငွေကြေးတွေဖြစ်တဲ့ ထိုင်းဘတ်နဲ့ တရုတ်ယွမ် ၊ ဂျပန်ယန်းတွေရဲ့ငွေလဲလှယ်နှုန်းကလည်း ယနေ့သြဂုတ်၁ရက်မှာ ဘတ်ဈေး ရောင်းဈေး ၁၃၅ကျပ် ၊ဝယ်ဈေး ၁၃၆ကျပ်ရှိကာ၊ ယွမ်ဈေး‌ ရောင်းဈေး၆၁၃ကျပ်၊ဝယ်ဈေး၆၂၀ကျပ် နဲ့ ဂျပန်ယန်းဈေး ရောင်းဈေး၂၉၀ ကျပ်ကျော်၊ ဝယ်ဈေး၂၉၆ ကျပ်ကျော်ဈေးရှိနေတယ်လို့သိရပါတယ်။
 
စင်ကာပူ ငွေလွှဲဈေးကလည်း ရောင်းဈေး၃၄၀၆ကျပ်နဲ့ဝယ်ဈေး၃၄၄၄ကျပ် ရှိနေခဲ့လို့ ပြီးခဲ့တဲ့တစ်ပတ်ကထက် ငွေ၁၀ကျပ်နှုန်းဈေးတက်လာပါတယ်။
 
အခြေခံစားသောက်ကုန်ဈေးနှုန်းများ
 
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ ဇူလိုင်၂၈ရက်ကနေသြဂုတ်၃ရက်အထိ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၁၃၀ကျပ်အဖြစ် သတ်မှတ်ရောင်းချနေတာဖြစ်ပြီးဒါဟာ ယခင်တပတ်ကြာက ဆီဈေးသတ်မှတ်ချက်ထက် ငွေကျပ် ၅၀ နှုန်းဈေးတက်လာတာပါ။
 
ပြင်ပစားအုန်းဆီဈေး ကွက်မှာတော့ တစ်ပိဿာ ကျပ် ၁၀၀၀၀ ဈေးမှာ ရှိနေရာကနေ ငွေကျပ်၁၀၅၀၀အထိ ငွေ၅၀၀ကျပ်နှုန်းက ယခင်တစ်ပတ်ကထက်ဈေးတက်လာတာပါ။
 
ဆန်ဈေးနှုန်းတွေကတော့ မြင့်တက်နေဆဲနဲ့ပဲဈေးတည်ငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၀၀၀ကျပ်၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၇၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
 
လုပ်သားပြည်သူအများဝယ်ယူစားသုံးနေကြတဲ့ရပ်ကွက်ဈေးများထဲမှာ အသားငါးနဲ့ဟင်းသီးဟင်းရွက်ဈေးတွေက သိသိသာသာကျဆင်းတာမရှိပဲ ယခင်တစ်ပတ်ကြာနဲ့နှိုင်းယှဉ်ပါက ပေါတဲ့ကုန်ကပေါလာသလို ရှားတဲ့ကုန်ကလည်းဈေးမြင့်နေဆဲဖြစ်ပါတယ်။
 
ဟင်းစားအနေနဲ့ စားသုံးကြတဲ့ ဟင်းသီးဟင်းရွက်အသား၊ ငါးဈေးတွေကတော့ အသားဈေးတွေ ဈေးမြင့်တက်နေဆဲဖြစ်ရာ ရပ်ကွက်ဈေးတွေမှာ ဆိတ်သားဈေးက တစ်ဆယ်သား ၅၅၀၀ကျပ်ဈေးနဲ့ ဈေးထပ်မံမြင့်တက်ကာ အမဲသားဈေးမှာလည်း တစ်ဆယ်သား ၃၂၀၀ ကျပ်နဲ့ ယခင်တစ်ပတ်ကြာက အမြင့်ဈေးအတိုင်းပဲရှိနေပါတယ်။
 
လူအစားများတဲ့ ကြက်သားဈေးကလည်း တစ်ဆယ်သား၂၀၀၀ ကျပ် နဲ့ဝက်သားတစ်ဆယ်သား ၃၅၀၀ ကျပ် ဈေးနဲ့တက်ဈေးအတိုင်းပဲရှိပြီး ပြန်ကျမလာသေးပါဘူး။
 
ငါးဈေးကွက်ထဲမှာတော့ ငါးစင်ရိုင်း တစ်ဆယ်သား ၃၀၀၀-၃၅၀၀ ကျပ်ဈေး၊ ငါးပုဏ္ဏားတစ်ဆယ်သား ၃၀၀၀ ကျပ်ဈေးငါးတန်တစ်ဆယ်သား ၂၅၀၀ ကျပ်ဈေး၊ ငါးဘဲတစ်ဆယ်သား ၁၆၀၀ ကျပ်၊ ငါးပုတ်သင်တစ်ဆယ်သား ၁၅၀၀ ကျပ်၊ တီလားဗီယားတစ်ဆယ်သား ၁၃၀၀-၁၅၀၀ ကျပ်ဈေး၊ငါးကျည်းတစ်ဆယ်သား ၃၅၀၀ ကျပ်၊ ငါးရံ့တစ်ဆယ်သား ၃၀၀၀ ကျပ်၊ ငါးပြေမတစ်ဆယ်သား ၂၅၀၀ ကျပ်၊ ငါးသလောက်တစ်ဆယ်သား ၃၅၀၀ ကျပ်ဈေးနဲ့ ငါးမြစ်ချင်းတစ်ဆယ်သား ၁၅၀၀-၁၈၀၀ ကျပ်ဈေးဖြင့် ပုံမှန်အတိုင်းရှိပြီး ငါးကြင်းဖြူတစ်ဆယ်သား ၂၃၀၀-၂၅၀၀ ကျပ်နဲ့ ဈေးမြင့်တက်နေပါတယ်။
 
ငါးခြစ်ဈေးကတော့ ပုံမှန်အမြင့်ဈေးအတိုင်းရှိပြီး ငါးမြစ်ချင်းခြစ်တစ်ဆယ်သား ၃၀၀၀-၃၃၀၀ ကျပ်၊ ငါးဖယ်ခြစ်တစ်ဆယ်သား ၄၅၀၀ ကျပ်ဈေးအတိုင်းရှိနေပါတယ်။
 
ကြက်ဥ၊ ဘဲဥ ဈေးကတော့ လက်ရှိမှာ လက်လီဈေးကအလုံးကြီး ၅၀၀ကျပ်၊ ၇၀၀ကျပ် ကနေ အလုံးသေး ၄၀၀ကျပ်၊ ၅၀၀ကျပ် ဈေးတွေရှိနေပြီး လက်ကား ၁၀လုံးဈေးအများဈေး တစ်လုံးကို ၃၉၀ကျပ်နှုန်းသာ ကျသင့်တယ်လို့ဆိုပါတယ်။
 
ဆေးဘဲဥဈေးယခင်၈‌၀၀ကျပ်ကနေ ၉၀၀ကျပ်အထိတက်ဈေးနဲ့ငြိမ်နေပါတယ်။
 
စားဖိုဆောင်သီးနှံဈေးနှုန်း
 
စားဖိုဆောင်သီးနှံတွေဖြစ်တဲ့ အာလူး တစ်ပိဿာ ၆၀၀၀ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂၀၀၀ကနေ ၂၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁၇၀၀၀ကျပ် အထိ ဈေးနှုန်းတွေ ဖြစ်ပေါ်ကာ ယခင်ထက်ဈေးအနည်းငယ်ပြန်ကျလာတာတွေ့ရပါတယ်။
 
ဟင်းသီးဟင်းရွက်များထဲ ဂေါ်ဖီထုတ်အသေးတစ်ထုပ် ၁၀၀၀ ကျပ်၊ဂေါ်ဖီ ထုပ်အကြီး တစ်ထုပ် ၃၀၀၀ ကျပ်‌၊ ဘူးသီးတစ်လုံး ၆၀၀၀ ကျပ်၊ဘူးသီးတစ်စိပ် ၁၀၀၀ ကျပ်‌၊ကြောင်လျှာသီးတစ်တောင့် ၁၀၀၀-၁၅၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ဆယ်သား ၅၀၀-၆၀၀ ကျပ်၊ ဒန့်ဒလွန်ရွက်တစ်စည်း ၃၅၀ ကျပ်၊ ပေါက်ပန်းဖြူရွက်တစ်စည်း ၃၅၀ ကျပ်၊ ဘူးညွန့်တစ်စည်း ၅၀၀ ကျပ်၊ တရုတ်ကန်စွန်းရွက်တစ်စည်း ၈၀၀ ၊ မျှစ် ၃၀ သား ၂၀၀၀ ကျပ်၊ ပဲပင်ပေါက်တစ်ဆယ်သား ၇၀၀ ကျပ်၊ ပဲပြားတစ်တွဲ ၁၂၀၀ ကျပ်၊ ကိုက် လန်ရွက်တစ်စည်း ၁၂၀၀ ကျပ်၊ မုန်ညှင်းထုပ်တစ်ဆယ်သား ၇၀၀ ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့် ၂၅၀၀-၃၀၀၀ ကျပ် ၊ဂေါ်ရခါးညွန့်တစ်စည်း ၁၂၀၀ ကျပ်၊သံပရာသီးတစ်လုံး ၁၀၀ ကျပ်၊ ရှောက်သီးတစ်လုံး ၅၀၀-၇၀၀ ကျပ်၊ ကြက်ဟင်းခါးသီးတစ်လုံး ၇၀၀ ကျပ်၊ ခရမ်းသီးအလုံးလတ် ၃ လုံး ၁၀၀၀ ကျပ်၊ ရုံးပတေသီးတစ်ပုံ ၅၀၀ ကျပ်၊ သခွားသီးတစ်လုံး ၂၀၀-၃၀၀ ကျပ်၊ ဆလပ်ရွက်တစ်စည်း ၅၀၀ ကျပ်ဈေးတွေနဲ့ဝယ်ယူစားသုံးနေရတာပါ။
 

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026