NEWS

"ရုန်(လ်)သာအထည်ချုပ်စက်ရုံက အလုပ်သမားများကိုအချိန်ပို အတင်းအကျပ်ခေါ်ယူစေခိုင်း

CoverLogo
966 Views

ရန်ကုန်တိုင်း ရွှေပြည်မြို့နယ် ဝါးတရာ စက်မှုဇုန်၊အမှတ်(- ) Rong Da Garment Company Limited(ရုန်လ်သာ)အထည်ချုပ်စက်ရုံဟာ အလုပ်သမားများကို အချိန်ပိုတွေ  အတင်းအကျပ် ခေါ်ယူစေခိုင်းနေတယ်လို့ အလုပ်သမားတွေထံက  သိရပါတယ်။ 

အဆိုပါစက်ရုံက မေ၄ ရက်နေ့ စနေနေ့ လစာထုတ်ရက်တွင် အလုပ်သမားများအား ညနေစောင်းအထိလုပ်ခလစာထုတ်ပေးခြင်းမရှိသေးဘဲ  ည ၇ နာရီထိအချိန်ပိုဆင်းခိုင်းခြင်းနဲ့ အချို့အလုပ်သမားများကို ALL Lin ( ညလုံးပေါက်) ဆင်းခိုင်းတာတွေရှိခဲ့တာလို့ အလုပ်သမားတွေထံကသိရပါတယ်။ 

" Rong Da အထည်ချုပ်က စနေ မှာ လစာ ထုတ်ရင် တခြားစက်ရုံတွေ ၁၂:၃၀ လစာထုတ်ပေးကြတယ်။ ဒီစက်ရုံ က ၄:၀၀နာရီ မှ လစာပေးတယ်၊ ခုကြတော့ ၄:၀၀နာရီမှာ ကို မပေးဘဲ ထားလို့အလုပ်သမားတွေကတိုင်ကြတာ။ခုတော့ လစာကရသွားပြီ၊ OT ကတော့ဆင်းလိုက်ရတယ်" လို့ အလုပ်သမားနဲ့နီးစပ်သူကဆိုပါတယ်။ 

လက်ရှိ Rongda Garment တွင် ချုပ်လုပ်သော Brand မှာ Sinsay နှင့် SMOG ၊ RESERVED အထည်များဖြစ်ပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေနဲ့ အငြင်းပွားမှုတွေ မကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။ 

"Rongda အထည်ချုပ်မှ packing စာရေး ကို မှားယွင်းအလုပ်ထုတ်မှုဖြစ်ပွားခဲ့သလို အလုပ်သမား အမျိုးသမီးတစ်ဦး လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် လက်မှာ ဒဏ်ရာရှိခဲ့ပေမဲ့ လျော်ကြေး ကျပ် ၂၀၀၀၀ ပေးပြီး အလုပ်ထုတ်ခဲ့တာ ၊ အများပြည်သူရုံးပိတ်ရက်မှာ ဆန္ဒမပါဘဲ အချိန်ပို ဆင်းခိုင်းတာ၊ လုပ်ငန်းခွင်အတွင်း ရိုင်းဆိုင်းစွာ ပြောဆို ခိုင်းစေတာ၊ လူမှုဖူလုံရေး ခွင့်နဲ့ အလုပ်ပိတ်ရက် ခံစားခွင့်မရ ၊ အထည်စံချိန်မပြည့်တာနဲ့ အချိန်ပိုဆင်းဖို့ ငြင်းပယ်ပါကလည်း အလုပ် ထုတ်ပယ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

အဆိုပါစက်ရုံဟာ  လူဦးရေ ၁၇၀၀ ကျော် စက်လိုင်း ၂၂ လိုင်းဖြင့်လည်ပတ်နေပြီးချုပ်လုပ်နေပြီး စက်ရုံမှာ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြစ်ပွားပါက ဖြေရှင်းပေးဖို့ အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီ WCC ဖွဲ့စည်းထားတာလည်းမရှိဘူးလို့ သိရပါတယ်။ 

စက်ရုံလုပ်သားတွေအတွက် နားရက်မရှိ အလုပ်လုပ်ကိုင်ရတဲ့အတွက် အိပ်ရေးမဝတာ၊ စက်ရုံတွင်း အိပ်တဲ့ ရက်တွေမှာ ခြင်ကိုက်တာကြောင့် ဒဏ်ရာအနာတရ ဖြစ်တာတွေရှိပြီး လူမှုရေး၊ ကျန်းမာရေးတွေ ထိခိုက် ခဲ့တယ်လို့ အလုပ်သမားတွေက ပြောဆိုတာကို Myanmar Labour News မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂ ရက်က ဖော်ပြခဲ့ပါသေးတယ်။

 

 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026