NEWS

ရန်ကုန်ရှိမြို့နယ် အချို့တွင် အမျိုးသမီးစစ်မှုထမ်းစာရင်း စတင်ကောက်ယူနေ

CoverLogo
535 Views
 
ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက အမျိုးသမီးစစ်မှုထမ်းစာရင်း စတင်ကောက်ယူနေပြီဆိုတဲ့ သတင်းထွက်ပေါ်နေ သလို အဆောင်နေအမျိုးသမီး တွေလည်း ဧည့်စာရင်းကောက်နေမှုအပေါ် စိုးရိမ်နေရတယ် လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
 
"ကျွန်အမတို့ဆီမှာက အဆောင်နေတဲ့ဧည့်စာရင်းစာရွက်မိတ္တူတွေလိုက်တောင်းနေတာ။ ပြီးတော့ စစ်မှုထမ်းက မိန်းကလေးတွေခေါ်နေတယ်ဆိုတော့ အတော်လေးကိုစိတ်ပူနေရပါတယ်။ တစ်နေ့တစ်နေ့ ကျီးလန့်စာစားအလုပ်လုပ်နေကြရတယ်"လို့ လှိုင်သာယာမြို့နယ်နေ အလုပ်သမားတစ်ဦးကဆိုပါတယ်။
 
စစ်ကောင်စီက လာမဲ့စစ်မှုထမ်းအပတ်စဉ် (၁၀) အပြီး အမျိုးသမီးများပါ စစ်မှုထမ်းရတော့မှာဆိုတာကြောင့် ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် တွေကအသိပေးတာတွေလည်းရှိသလို ဧည့်စာရင်းတိုင်ကြားထားတဲ့ စာရွက်မိတ္တူကို ရပ်ကွက်ရာအိမ်မှူးထံသို့ မဖြစ်မနေပို့ပေးဖို့ လိုက်လံအသိပေးတာတွေလည်း ရှိနေတယ်လို့ သိရပါတာယ်။
 
"၂၃ရက်နေ့ကတည်းကလို့တော့ပြောတယ်။ ရွှေပြည်သာမှာ ရပ်ကွက်အလိုက်လမ်းအလိုက် နောက်ဆုံးဧည့်စာ ရင်းစာရွက်ကို မိတ္တူကူးပြီးပေးဖို့လိုက်ပြောနေတာ။ လှိုင်သာယာရောပဲ။ အရှေ့ဒဂုံဘက်ဆို အမျိုးသမီးတွေစစ်မှုထမ်းဖို့အလှည့်ရောက်ပြီတောင်ပြောနေတာ"လို့ ရွှေပြည်သာမြို့နယ်နေ စက်ရုံအလုပ်သမားတစ်ဦးကဆိုပါတယ်။
 
၂၀၂၄ ဖေဖော်ဝါရီက စစ်ကောင်စီအတည်ပြုခဲ့တဲ့ အသက်၁၈နှစ်ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ စစ်မှုထမ်းဥပဒေတွင် အမျိုးသားများသာမက အသက်(၁၈)နှစ်မှ (၂၇)နှစ်အတွင်း အမျိုးသမီးများလည်း ၂နှစ်စစ်မှုထမ်းရန်ဆိုတဲ့အချက် ပါဝင်နေတယ်လို့ သိရပါတယ်။
 
အဆိုပါဥပဒေထွက်လာပြီးနောက် လူငယ်အလုပ်သမားများအားလုံး စစ်မှုထမ်းဖို့ခေါ်ခံရသလို ပေါ်တာဆွဲတာတွေလည်းရှိခဲ့လို့ လူငယ်အားလုံးသောကရောက်နေထိုင်ရသလို ပြည်ပသို့ထွက်ခွာရတာတွေပါ ရှိခဲ့တာပဲဖြစ်ပါတယ်။
 
ယခုလ ဇန္နဝါရီ ၂၃ ရက်တွင် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ကြေညာရာ လူငယ် တွေကို ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်း၊အရွယ်ရောက် သူအားလုံး စစ်မှုထမ်းရမည့် စစ်စည်းရုံးအမိန့် အပါအဝင် အစိုးရဝန်ထမ်းများလည်း စစ်မှုထမ်းရမယ်လို့ နည်းဥပဒေမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ခုလက်ရှိမှာတော့ သာကေတမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ လှိုင်သာယာ ရွှေပြည်သာ စတဲ့မြို့နယ်တွေမှာ အမျိုးသမီးစစ်မှုထမ်းစုဆောင်းရန် အသက် ပြည့်ပြီး အမျိုး သမီးရှိရာ နေအိမ်များသို့ အကြောင်းကြားစာများပေးပို့ခြင်း၊ စာရင်းကောက်ယူခြင်းများ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာလို့ သိရပါတယ်။
 
"အိမ်ထောင်စုစာရင်းတွေ ထပ်လာကောက်တာတွေရှိတယ်။ အဆောင်နေတွေကျ ဧည့်စာရင်းတွေလိုက်တောင်းတယ်။ ဘာလို့လဲမေးတော့ အတိအကျမပြောဘူး။ဒီအတိုင်း ရပ်ကွက်ရုံးက ကောက်ယူနေတာလို့ပဲသိရတယ် လို့ အမျိုးသမီးတစ်ဦးကဆိုပါတယ်။
လက်ရှိတွင် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းရှိအမျိုးသားများအား အဓမ္မစစ်မှုထမ်းခိုင်သည့် သင်တန်းအပတ်စဉ်(၉)အား စစ်ကောင်စီက စတင်နေတာလည်းဖြစ်ပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026