NEWS

ရန်ကုန်မြို့ပြနေပြည်သူ ထက်ဝက်ခန့်ဆင်းရဲနွမ်းပါးလာဟု UNDP ထုတ်ပြန်

CoverLogo
350 Views
 
ရန်ကုန်မြိုမှာ နေထိုင်သူ ၃ သန်းနီးပါး ဆင်းရဲနွမ်းပါးသူတွေ ဖြစ်လာတယ်လို့ ကုလသမဂ္ဂဖွံဖြိုးမှုအစီစဉ် UNDP Myanmar က ဇွန်လ ၃ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
ရန်ကုန်မြို့ပြ ဆင်းရဲနွမ်းပါးမှုအား လှစ်ဟသုံးသပ်ခြင်းအစီရင်ခံစာ မှာ ထည့်သွင်း ရေးထားတာဖြစ်ပြီး ရန်ကုန်မြို့နေ လူဦးရေရဲ့ ၂ ဒသမ ၇သန်း ခန့် ဆင်းရဲနွမ်းပါးနေတယ်လို့ ဆိုပါတယ်။
 
ဒီအစီရင်ခံစာကို ပြီးခဲ့တဲ့ နှစ် ဇူလိုင်လ ကတည်းက စစ်တမ်းကောက်ယူခဲ့ပြီး ဖြေဆိုသူ ပေါင်း ၄၈၀၀ ကျော် ရဲ့ အချက်အလက်တွေကို အခြေခံထား လေ့လာခဲ့တယ်လို သိရပါတယ်။
 
၂၀၁၇ ခုနှစ်က ရန်ကုန်မြို့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းသာ ဆင်းရဲသားအဖြစ် သတ်မှတ်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာ တော့ လူဦးရေရဲ့ ၄၃ ရာခိုင်နှုန်းအထိ ဆင်းရဲနွမ်းပါးသူဦးရေ တိုးလာခဲ့တာလို့ UNDP က အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
 
ဒါ့အပြင် ပြန်လည် နလံထူ ဖို့ ခက်တဲ့ ဆင်းရဲတွင်းအတိမ်အနက်မှာလည်း ၂၀၁၇ တုန်းက မြို့လူဦးရေရဲ့ နှစ်ရာခိုင်နှုန်းသာ ရှိရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ မှာတော့ ၂၆ ရာခိုင်နှုန်းအထိ တိုးပွားခဲ့ရာ ဆင်းရဲနွမ်းပါးသူတွေမှာ အရင်ကထက် ပိုမို ဆင်းရဲမွဲတေမှု မျဉ်းအောက် ပိုမိုရောက်လာတယ်လို့ UNDP က သတိပေး ထား ပါတယ်။
 
ဆင်ခြေဖုံးမြို့နယ်တွေကို ရွှေ့ပြောင်းလာတဲ့ အိမ်ထောင်စုတွေရဲ့ သုံးပုံတစ်ပုံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းလာသူတွေ ဖြစ်ပြီး ရွှေ့ပြောင်းအခြေချသူတွေဟာ ငွေကြေးနဲ့အရင်းအမြစ် အကန့်အသတ်တွေရှိနေတယ်လို့ ဆိုပါတယ်။
 
မူလနေထိုင်တဲ့နေရာက အိမ်ထောင်စုစာရင်း၊ နိုင်ငံသား အထောက်အထား စတဲ့ စာရွက်စာတမ်းတွေ ပျောက်ဆုံးခဲ့သလို ပြန်လည်ထုတ်ယူဖို ခက်ခဲ့တာကြောင့် ရန်ကုန်မြို့ က တရားဝင်အလုပ်တွေ လုပ်ကိုင်ဖို့ အခက်အခဲတွေ့ ရှိတယ်လို့ UNDP အစီရင်ခံစာမှာ ဖော်ပြပါတယ်။
 
မြိုပြတွေဆီ ရွှေ့ပြောင်းအခြေချကြတာက သမိုင်းအစဉ်အလာအရ ပိုမိုကောင်းမွန်တဲ့ဘဝကို လိုချင်တဲ့အတွက် လာရောက်ကြတာ ဖြစ်ပေမယ့် လက်ရှိ အခြေအနေ ဟာ မူရင်းဒေသမှာ ဆက်လက်ရှင်သန်နေထိုင်ဖို့ ခက်ခဲတဲ့အတွက် အရာရာစွန့်ပစ်ပြီး မျှော်လင့်ချက်မဲ့ ရွှေ့ပြောင်းလာရတာမျိုးတွေ ဖြစ်နေတယ်လို့ အစီရင်ခံစာ မှာဖေါ်ပြထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026