NEWS

ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် ကို 'ည' မထွက်ရ အမိန့် ပြန်ရုပ်သိမ်း

CoverLogo
524 Views
 
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ) တွင် ည မထွက်ရအမိန့် ကို ဒီဇင်ဘာလ ၂၇ ရက်မှ စ ပြီး ရုပ်သိမ်းတယ်လို့ စစ်ကော်မရှင်က ဒီဇင်ဘာ ၂၆ရက် ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
 
ယခင်က ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ်(၄၄)မြို့နယ်(ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဆိုကာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို စစ်ကော်မရှင်က ထုတ်ပြန်ထားခဲ့ပါတယ်။
 
ယခုကြေညာချက်မှာတော့ နယ်မြေဒေသ တည်ငြိမ် အေးချမ်း မှု ပိုမိုတိုးတတ် ကောင်းမွန်လာ တာကြောင့် စီးပွားရေး ၊ လူမှုရေး ၊ဘာသာ ရေးဆိုင်ရာ ကိစ္စရပ်တွေ တိုးတက်ဆောင်ရွက် နိုင်ဖို့ အများပြည်သူ သွားလာမှု အဆင်ပြေချောမွေ့စေရေး နဲ့ လုပ်ငန်းပိုမို ဖွံဖြိုး တိုးတက်စေရေး အတွက်ဆိုကာ ယခင်ထုတ်ပြန်ထားတဲ့ နံနက်(၁)နာရီမှ နံနက်(၃)နာရီအတွင်း ညမထွက်ရ အမိန့်အား ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်မှစတင်ပြီး ရုပ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
""ညမထွက်ရ အမိန့် ရုပ်သိမ်းလည်း အခု ချိန်က စစ်မှုထမ်းဆွဲမှာ ကြောက်ရ လူဆိုး သူခိုး လုယက်တာ ကြောက်ရ နဲ့ လုံခြုံမှု မှ မရှိတာ မဖြစ်မနေ ကိစ္စတွေ နဲ့ ကျန်းမာရေး ကိစ္စကြောင့် ညဘက် ထွက်တာလောက်ပဲ ရှိမယ်
သူတို့ ညမထွက်ရ ရုပ်သိမ်းလည်း ည၈နာရီ နောက်ပိုင်းဆို ဘယ်မှ ကို မထွက်ရဲကျတာ""လို့ပြည်သူတစ်ဦးကပြောပါတယ်။
 
လက်ရှိကာလ တွင် ရန်ကုန်တိုင်း အတွင်း လူငယ်တွေကို စစ်မှုထမ်း အတွက် အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင် ခြင်း၊ မသမာသူတွေက လုယက် သတ်​ဖြတ် ခြင်းစတဲ့ လုံခြုံရေး အလွန်အားနည်းတာကြောင့် ပြည်သူ အများစုမှာ ညဘက် များ တွင် နေအိမ် ပြင်ပ သို့ သွားလာ မှု အလွန်နည်းပါးလျက်ရှိကြောင်း သိရပါတယ်။
 

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026