NEWS

ရန်ကုန်က စက်မှုဇုန်တွေမှာလျှပ်စစ်ဓာတ်အားသုံးယာဉ်များထုတ်လုပ်ဖို့ဆောင်ရွက်ပါကလုပ်ငန်းလိုင်စင်ကိုအမြန်ဆောင်ရွက်ပေးမယ်လို့စစ်ကောင်စီမက်လုံးပေး

CoverLogo
1.4K Views

ရန်ကုန်မြို့အတွင်းလျှပ်စစ်ဓာတ်အားကိုအသုံးပြုကာသုံးစွဲနိုင်မယ့်လျှပ်စစ်မော်တော်ယာဉ်များထုတ်လုပ်နိုင်ဖို့ ရန်ကုန်က စက်မှုဇုန်တွေမှာဆောင်ရွက်ပါက လုပ်ငန်းလိုင်စင်တွေကိုအလျှင်အမြန်ဆောင်ရွက်ပေးသွားဖို့ရှိကြောင်း စစ်ကောင်စီရဲ့ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဆိုင်ရာအထူးသက်သာခွင့်များညှိနှိုင်းကြီးကြပ်ရေးလုပ်ငန်းကော်မတီကသတင်းထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များတွင် လျှပ်စစ်သုံးယာဉ်များ ထုတ်လုပ်တပ်ဆင်တဲ့ စက်ရုံ၊ အလုပ်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံပါက စက်မှုဇုန်နဲ့ပတ်သက်တဲ့ကိစ္စရပ်များကို အဆင်ပြေချောမွေ့စေရန် အတွက် ဇုန်ကော်မတီများနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားဖို့ရှိနေပြီးဒါ့အပြင် အဆိုပါ စက်ရုံ၊ အလုပ်ရုံများအတွက် စည်ပင်သာယာဆိုင်ရာ လိုင်စင်များကို လျင်မြန်လွယ်ကူစွာ ရရှိနိုင်ရေးအတွက်လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြေလျှော့ဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။

လျှပ်စစ်သုံးယာဉ်များအတွက် မြန်မာနိုင်ငံအတွင်းအများပြည်သူနဲ့သက်ဆိုင်သောနေရာများက ကားပါကင်များတွင်Charging Station လို့ခေါ်တဲ့Battery အားသွင်းတဲ့ နေရာ(၃၆)နေရာခန့်တည်ဆောက်ပေးသွားနိုင်မယ်လို့ အဆိုပါ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဆိုင်ရာအထူးသက်သာခွင့်များညှိနှိုင်းကြီးကြပ်ရေးလုပ်ငန်းကော်မတီရဲ့ အစည်းအဝေးကထုတ်ပြန်ပါတယ်။

လက်ရှိမှာမြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားသုံးမော်တော်ယာဉ်များကို တရုတ်၊ ထိုင်းနဲ့ဂျပန်နိုင်ငံတို့ကတင်သွင်းပြီး ရောင်းချနေကြောင်း လူမှုကွန်ယက်များတွင်အပြိုင်အဆိုင် ကြေညာနေကြပြီး အဆိုပါ ကြေညာရောင်းချမှုများဟာ လိမ်လည်ခြင်များပါဝင်နေတယ်လို့သိရပါတယ်။

" လျှပ်စစ်ကားတွေကိုမြန်မာငွေသိန်း၃၀ပမာဏ နဲ့ လိုင်စင်အပြီးအစီးဆိုပြီး တာချီလိတ် မြဝတီမြို့လိပ်စာတွေနဲ့ လှုမှုကွန်ယက်ကနေရောင်းနေကြတာရှိတယ်။ သူက ငွေကြိုလွဲခိုင်းပြီး နောက်မှဝယ်သူဆီကားတင်ပေမယ့်သဘောပြောတာရှိတယ်။ အဲ့ဒါတွေကလိမ်တာပေါ့ အချို့လည်း လိမ်ခံလိုက်ရတာရှိတယ်။ငွေလွဲပြီးမှဖုန်းမကိုင်တော့ဘူးပေါ့။ အဲ့ဒီလို လှုမှုကွန်ယက်ကကြေညာတာတွေ့ရင်  ကိုယ့်မျက်မြင်သွားကြည့်နိုင်မှ ဝယ်ယူနိုင်မယ်ဆို ပိုပြီးအဆင်ပြေမှာပါ" လို့ လူမှုကွန်ယက်သုံးစွဲသူ တစ်ဦးကပြောပါတယ်။

စစ်ကောင်စီအစိုးရအနေနဲ့ လျှပ်စစ်အားအသုံးပြုတဲ့ မော်တော်ကားနဲ့လျှပ်စစ်မီးရထားတွေ တည်ဆောက်မယ်လို့ကြုံးဝါးထားပေမယ့် မြန်မာနိုင်ငံတွင်းမှာ အချိန်မှန် မီးမပေးနိုင်တဲ့အနေအထားတွေလည်းရှိနေရာ အလှည့်ကျမီးပေးစနစ်နဲ့ အချိန်ပိုင်းမီးပေးစနစ်တွေကို ပြီးခဲ့တဲ့နွေရာသီအတွင်းက မြန်မာပြည်သူများကြုံတွေ့ခဲ့ကြရပါသေးတယ်။

MyanmarLabourNews
 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026