NEWS

ရက်မှန်ကြေးမရရှိတာ အပါအဝင် အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ မရရှိတော့ဘူးလို့ အလုပ်သမားတွေပြော

CoverLogo
1.8K Views

လုပ်ငန်းခွင်အတွင်း ရက်မှန်ကြေး ပေးချေခြင်းမရှိတော့တာ အပြင် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်တွေ ဖြစ်တဲ့ ခွင့်နှင့် အကျိုးခံစားခွင့်တွေလည်း မရှိတော့ဘူးလို့  SAN NGW YAUNG တာယာစက်ရုံအလုပ်သမားတွေကပြောပါတယ်။

အဆိုပါ စက်ရုံမှာ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် ၂ ၊ လှေအသင်းဝင်ဦးချိန်လမ်းမှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၈၀ ဝန်းကျင်နဲ့ လည်ပတ်နေတဲ့ စက်ရုံတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ယခင်ကအလုပ်သမားတွေကိုပေးထားသောရက်မှန်ကြေး(၂၀၀၀၀)ကျပ်ကို ဒုတိယကိုဗစ်လှိုင်းတွင်မပေးတော့ဘဲ၊ ဖြတ်တောက်ထားပြီး၊ စစ်အာဏာ သိမ်းပြီးနောက်မှာရက်မှန်‌‌ကြေးမပေးတော့ဘူးဟုအလုပ်ရှင်မှထပ်မံ‌‌ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

“စက်ရုံကအရင်ကဆို အလုပ်သမားတွေကို ၆ လသို့မဟုတ် ၁ နှစ်တစ်ခါပုံမှန်လစာတိုးပေး‌နေပြီး၊ အခုနောက်ပိုင်းမှာ အလုပ်ရှင်ကိုယ်စားလှယ်မန်နေဂျာနဲ့ ခေါင်းဆောင်ပိုင်းများက သူတို့နဲ့အဆင်‌ပြေတဲ့အလုပ်သမားဆိုရင် လစာတိုးပေးတယ် သူတို့နဲ့အ‌ဆင်မပြေတဲ့ အလုပ်သမားများကို အလုပ်ဘယ်လောက်လုပ်လုပ်လစာတိုးပေးခြင်းမရှိဘဲ ခွဲခြားဆက်ဆံခံနေရတယ်" လို့ အဆိုပါ စက်ရုံက အမည်မဖော်လိုတဲ့ စက်ရုံလုပ်သားတစ်ဦးကပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်မှာ ဥပဒေပါခံစားခွင့်ဖြစ်သောရှောင်တခင်ခွင့်ခံစားခွင့်ကိုခံစားခွင့်လုံး ၀မ‌‌ပေးဘူးလို့သိရပါတယ်။

အလုပ်သမားများကိုခွဲခြားဆက်ဆံတာတွေ အပြင် စက်ရုံရှိအလုပ်သမားများရဲ့လုပ်ငန်းခွင်ဆိုင်ရာ အဆင်မပြေမှုတွေ ဖြစ်ပေါ်ပါကလဲ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အတွက်အလုပ်သမားများအခက်ခဲများကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

SAN NGW YAUNG တာယာ စက်ရုံမှာ တရုတ် ဗီယက်နမ်စတဲ့ နိုင်ငံတွေကနေ သွင်းကုန်များ တင်သွင်းပြီး ပြည်တွင်းမှာပြန်လည်ဖြန့်ဖြူးရောင်းချနေတာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားတွေအနေနဲ့ အလုပ်သမားဉပဒေပါ ခံစားခွင့်တွေ ပြန်လည်ရရှိလိုပြီး ဖြတ်တောက်ထားတဲ့ ရက်မှန်ကြေးတွေ ပြန်လည် ရရှိလိုတယ်လို့ ဆိုပါတယ်။

 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026