NEWS

ယာဉ်မောင်းတွေ ပစ်ထားခဲ့တဲ့ မြန်မာ ၅၀ ကျော် အဖမ်းခံရ

CoverLogo
274 Views
 
ထိုင်းနိုင်ငံ၊ အူထိုင်းဌာနီခရိုင် ခေါင်နတ်ကျေးရွာ သစ်တောအနီး ယာဉ်မောင်း ပစ်ထား ခဲ့လို့ ပုန်းအောင်းနေရတဲ့ မြန်မာလုပ်သား ၅၀ကျော်ကို ထိုင်းရဲတပ်ဖွဲ့ ကဖမ်းဆီးခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေ အရသိရပါတယ်။
 
ဩဂုတ် ၁၁ရက် မနက်ပိုင်းက ခရိုင်ရဲတပ်ဖွဲ့၀င်တွေ က လှည့်ကင်းဆောင်ရွက်ချိန်တွင် သစ်တောအနီး ရပ်ထားတဲ့ ယာဉ်သုံးစီး ကို တွေ့ရှိရပြီး ယာဉ်မောင်းတွေ ကို မတွေ့ရဘဲ ပုန်းအောင်းနေတဲ့ မြန်မာ နိုင်ငံသား ၅၅ဦး ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
 
ဖမ်းဆီးခံရတဲ့ ၅၅ဦး ထဲမှာ အမျိုးသား ၃၆ ဦးနဲ့ အမျိုးသမီး ၁၉ ဦး ပါ၀င်ပြီး ခရီးသွားလာခွင့် စာရွက်စာတမ်းတွေ မပါရှိတာကြောင့် တရားမဝင် ဝင်ရောက်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ လူကုန်ကူးမှုကနေ ကာကွယ်ဖို့အတွက် ယင်းတို့အားလုံးကို စစ်ဆေးနေပြီး ထွက်ပြေးသွားတဲ့ ယာဉ်မောင်းတွေ နဲ့ ပို့ဆောင်ပေးတဲ့ ပွဲစားတွေကို ရဲတွေက ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။
 
ဩဂုတ်လ ၁၁ရက်မှာ လည်း ကန်ဖိုင်ဖက်ပြည်နယ် ခလွန်ကလွန်း အဝေးပြေးလမ်းမကြီး အမှတ်၁ပေါ်တွင် ဘတ်စ်ကားထဲ ပုန်းအောင်းလာတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို(CIB)အဝေးပြေးရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
Ref-policenewsvarieties

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
WHN Garment ခွင့်ယူပါက ဂရိတ်ချ၊ ရက်မှန်ကြေး ဖြတ်၊ သရဲပူးသည်ဟုဆိုကာ ဝမ်တိန်ထိုးရ
Feb 23, 2026
Cover
SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုစတင်ပြုလုပ်နေ
Feb 23, 2026