NEWS

ယာဉ်မောင်းတွေ ပစ်ထားခဲ့တဲ့ မြန်မာ ၅၀ ကျော် အဖမ်းခံရ

CoverLogo
27 Views
 
ထိုင်းနိုင်ငံ၊ အူထိုင်းဌာနီခရိုင် ခေါင်နတ်ကျေးရွာ သစ်တောအနီး ယာဉ်မောင်း ပစ်ထား ခဲ့လို့ ပုန်းအောင်းနေရတဲ့ မြန်မာလုပ်သား ၅၀ကျော်ကို ထိုင်းရဲတပ်ဖွဲ့ ကဖမ်းဆီးခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေ အရသိရပါတယ်။
 
ဩဂုတ် ၁၁ရက် မနက်ပိုင်းက ခရိုင်ရဲတပ်ဖွဲ့၀င်တွေ က လှည့်ကင်းဆောင်ရွက်ချိန်တွင် သစ်တောအနီး ရပ်ထားတဲ့ ယာဉ်သုံးစီး ကို တွေ့ရှိရပြီး ယာဉ်မောင်းတွေ ကို မတွေ့ရဘဲ ပုန်းအောင်းနေတဲ့ မြန်မာ နိုင်ငံသား ၅၅ဦး ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
 
ဖမ်းဆီးခံရတဲ့ ၅၅ဦး ထဲမှာ အမျိုးသား ၃၆ ဦးနဲ့ အမျိုးသမီး ၁၉ ဦး ပါ၀င်ပြီး ခရီးသွားလာခွင့် စာရွက်စာတမ်းတွေ မပါရှိတာကြောင့် တရားမဝင် ဝင်ရောက်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ လူကုန်ကူးမှုကနေ ကာကွယ်ဖို့အတွက် ယင်းတို့အားလုံးကို စစ်ဆေးနေပြီး ထွက်ပြေးသွားတဲ့ ယာဉ်မောင်းတွေ နဲ့ ပို့ဆောင်ပေးတဲ့ ပွဲစားတွေကို ရဲတွေက ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။
 
ဩဂုတ်လ ၁၁ရက်မှာ လည်း ကန်ဖိုင်ဖက်ပြည်နယ် ခလွန်ကလွန်း အဝေးပြေးလမ်းမကြီး အမှတ်၁ပေါ်တွင် ဘတ်စ်ကားထဲ ပုန်းအောင်းလာတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို(CIB)အဝေးပြေးရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
Ref-policenewsvarieties

Related posts

Cover
Tianjin Fashion Milestone စက်ရုံမှူး အထည် ဆုကြေးမပေးဘဲ ခြိမ်းခြောက်ခိုင်းစေ
Aug 11, 2025
Cover
Myanmar S.Flamingo Garment ကြီးကြပ်ရေးမှူးများ ငွေကြေးတောင်းယူနေ
Aug 11, 2025
Cover
New Plus အထည်ချုပ် ဆုကြေး ခွဲခြားပေး
Aug 11, 2025
Cover
တရုတ်နိုင်ငံ Longchuan Depin Clothing အထည်ချုပ်စက်ရုံ အလုပ်ချိန် စော လုပ်ခိုင်းပြီး အချိန်ပိုခ မပေး
Aug 11, 2025
Cover
Qianshi အထည်ချုပ် စက်လိုင်းမန်နေဂျာ အမျိုးသမီးအလုပ်သမားများအား ဆဲဆို
Aug 11, 2025
Cover
Yangon Oscar စက်ရုံလုပ်သားများ လူမှုဖူလုံရေးခံစားခွင့်များ ဆုံးရှုံးနေ
Aug 07, 2025
Cover
Tech-wear (BonTech) အချိန်ပိုကြေး အပြည့်မပေး
Aug 07, 2025
Cover
လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လိုလားနေ
Aug 07, 2025