NEWS

ယာဉ်ထိန်းရဲများနှင့် စစ်သားများ ပူးပေါင်းစစ်ဆေးမှု ယာဉ်လုပ်သားများ ထိခိုက်ရ

CoverLogo
690 Views

#ပေးစာ 

အယ်ဒီတာ လူကြီးမင်းတွေကို အသိပေးပါတယ်။

ကျွန်တော်ကတော့  ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်မြို့တွေကို လှည့်လည် သွားလာနေရတဲ့ ယာဉ်မောင်း လုပ်သား တဦးပါ။ 

မော်တော်ပီကယ်(ယာဉ်ထိန်းရဲ) တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အရေးယူပေးဖို့ တောင်းဆိုပါတယ်။ သူတို့က  အကြောင်းအမျိုးမျိုးရှာပြီး ယာဉ်တွေကို ဖမ်းဆီး ငွေတောင်းနေတဲ့ အဖွဲ့တွေပါ။ 

အခုနောက်ပိုင်းဆို အမျိုးသမီးယာဉ်ထိန်းရဲမေတွေပါ တွေ့ရပါတယ်။ 

အမျိုးသမီးရဲမေမို့ ယဉ်ယဉ်ကျေးကျေး မရှိပါဘူး။ အားလုံးတော့ မဟုတ်ပေမဲ့ အများစုက ငေါက်ငမ်းပြီး ရိုင်းရိုင်းဆိုင်းဆိုင်း ပြောပါတယ်။ အမျိုးသားယာဉ်မောင်းတွေကို  ယာဉ်ထိန်းဝတ်စုံဝတ်ပြီး ငေါက််ငမ်း ပြောတယ်ဆိုတာက အနိုင်ကျင့် အရှက်ခွဲတာပါ။ 

ဆိုးတာကတော့ မော်တော်ပီကယ်နဲ့ စစ်သားတွေ ပေါင်းပြီး မူးယစ်ပြီး စစ်ဆေးတာပါ။ နယ်တွေဘက်ဆို လက်နက်ခဲယမ်းတွေ စစ်ဆေးသလိုနဲ့ ခြိမ်းခြောက်ပါတယ်။ အကြောင်းမျိုးမျိုးရှာ ဖမ်းမယ်ပြောပြိး ငွေကြေး ပိုက်ဆံတောင်းပါတယ်။ 

ရန်ကုန်မြို့ထဲ ဝင်လာတာနဲ့ ယာဉ်ထိန်းရဲ၊ ရဲနဲ့ စစ်သားတွေက ယာဉ်မောင်း၊ယာဉ်လုပ်သားနဲ့ ယာဉ်တွေရဲ့ အထောက်အထား ပြည့်စုံတယ် ဆိုရင်တောင် မှတ်ပုံတင် စစ်တယ်ပါတယ်။ နောက် လက်ကိုင်ဖုန်းယူပြီး စစ်ပါတယ်။ ဖုန်းထဲက app တွေ ဖွင့်ကြည့်တယ်။ ကိုယ်ရေးကိုယ်တာတွေကို မေးမြန်းတာတွေ လုပ်ပါတယ်။ ပြည်သူတယောက်ကို ကြောက်လန့်အောင် လုပ်ပါတယ်။ လုံလည်း မလုံခြုံပါဘူး။

အဆိုးဆုံးက အဲဒီစစ်ဆေးသူတွေ ငွေကြေး မရမက တောင်းတော့တာပဲ။

စစ်သားတွေ သေနက်ကြီးကိုင်ပြီး ကားတားတယ် ။ ကားပေါ်တက်ပြီး ဟိုရှာ ဒီရှာ လုပ်တယ်ဗျာ။ 

ယာဉ်ထိန်းရဲက ကားနဲ့ ပါတ်သက်တာ စစ်တယ်၊ အာလုံးစုံတော့ အပြစ်ရှာတယ် ။ လူပိုတင်တာတွေပါ ထည့်ပြောတယ်။ အချိန်လည်း ကုန်ပြီး၊ ပိုက်ဆံလည်းပေးရတော့ ယာဉ်လုပ်သားတွေအတွက်် ငွေကြေး နစ်နာပါတယ်။ နောက် စိုးရိမ် ထိပ်လန့် ရတယ်။ သွားလာရတာလည်း မလုံခြုံသလို့ ခံစားရတယ်။

ယာဉ်ထိန်းရဲက အမှုတစ်မှုကို ကျပ်လေးသောင်း တောင်းတယ် ။ မပေးရင် ချလံဖြတ်တယ်။  စိတ်ညစ်ရတယ်ဗျာ။ လမ်းမပေါ်တောင် မထွက်ရဲသလောက် ဖြစ်နေတယ်။

လိုင်စင်ဖမ်းခံထားရဲ့ ယာဉ်းမောင်းက ရေဘေး ကယ်ဆယ်ရေးသွားနေလို့ လိုင်စင်ကို ကိုယ်စား သွားရွေးတော့လည်း ယာဉ်မောင်းရဲ့ လိုင်စင်မပြနိုင်ရင် ကျပ် တစ်သိန်းပေးရမယ်လို့ တောင်းပါတယ်။ ဒီနေ့မရွေးရင် မနက်ဖြန်ဆို တစ်သိန်း နှစ်သောင်းလို့လည်း ထပ်ပြောပါတယ်။

ကျွန်တော်တို့ ယာဉ်မောင်း ယာဉ်လုပ်သားတွေဆိုတာ မူးယစ်ဆေး သယ်လာသူတွေကိုလည်း မဟုတ်ဘူး ။ သူတို့ တောင်းသလို မပေးနိုင်ပါဘူး။ အချိန်နဲ့ သွားလာ လုပ်ကိုင် နေရသူတွေပါ။ ခရီးထွက်ပြီဆိုမှ ခေါက်ကြေးရပါတယ်။ 

ဥပဒေကိုကျော်ပြီး ခြိမ်းခြောက် ငွေသက်သက်တောင်းနေတာတွေက ကုန်စည် စီးဆင်းမှုတွေကိုလည်း နှောင့်ယှက်နေသလိုပါပဲ။  

ယာဉ်မောင်းတဦး

စက်တင်ဘာ ၂၉၊ ၂၀၂၄

Photo- MOI
#MyanmarLabourNews


Related posts

Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026