NEWS

ယနေ့စက်သုံးဆီဈေးနှုန်း အဆမတန် ဆက်လက်မြင့်တက်လာခဲ့

CoverLogo
2.1K Views

သြဂုတ်၂၅ရက်ယနေ့စက်သုံးဆီဈေးနှုန်းတွေဟာ အဆမတန်ဆက်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ သတ်မှတ်ဈေးနှုန်းအရ သိရပါတယ်။ 
   
"အမလေးဆီဈေးတွေတက်လို့  အန်တီတို့လည်းကားခတွေပိုပေးရတယ်။ မနက်အစောငါးဈေးကိုထသွား။ ဈေးသည်တွေစုပြီးကားငှားကြတာ။  ကားဆီတွေဈေးတက်တော့ကားခကိုလည်း တစ်ခေါက်ကိုသုံးလေးသောင်းပေးနေရတယ်။ ကိုယ်လည်းမကိုက်တော့ဈေးတင်ရတယ်။  တစ်နေရာတက်နေလို့ပိုကုန်နေသရွေ့ အကုန်လိုက်တက်နေမှာပဲ ဆိုတော့ဈေးလာ၀ယ်ကြသူတွေကိုလည်း အားနာရတယ်။ ဈေးတွေတက်လို့လေ  ဘယ်တတ်နိူင်မလဲ အကုန်လိုက်တက်နေတာဆိုတော့လည်း အချိန်တန်ရင်အောက်ခြေက အခြေခံလူတန်းစားတွေပဲ ဒုက္ခရောက်ရတာ။ စစ်တပ်အနေနဲ့ကလည်း ကုန်ဈေးနှုန်းမထိန်းနိုင်မှတော့ အရှုံးပေးသင့်နေပြီတိုင်းပြည်ကိုဆက်ပြီး မယူချင်နဲ့ပေါ့"လို့ ဈေးသည်တစ်ဦးကဆိုပါတယ်။

သြဂုတ်၂၅ရက်နေ့  ရန်ကုန်မြို့ရဲ့ စက်သုံးဆီဈေးနှုန်းတွေမှာ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးတဲ့ကော်မတီရဲ့ ရည်ညွှန်းသတ်မှတ်ဈေးအရ လူသုံးအများဆုံးဖြစ်တဲ့ ၉၂ အောက်တိန်းက တစ်လီတာကို ကျပ်ငွေ၂၄၉၀၊ ၉၅ အောက်တိန်းက တစ်လီတာကို ကျပ်ငွေ၂၅၇၀၊ ဒီဇယ်တစ်လီတာကျပ်ငွေ ၃၀၅၅ Pဒီဇယ် တစ်လီတာကို ကျပ်ငွေ၃၁၃၅ကျပ်သို့လည်းကောင်း အသီးသီးဆက်လက် မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။

ဒါဟာ ရန်ကုန်အခြေပြုပြောပြထားတဲ့ ဈေးနှုန်းတွေဖြစ်ပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေက နယ်မြို့ဒေသတွေမှာဆိုရင် စက်သုံးဆီဈေးဟာ နေရာဒေသအလိုက် ကွာခြားမှုတွေရှိနေရာ ၃၅၀၀ကျပ်အထက်အထိ  သတ်မှတ်ထားတာကိုလည်း ဈေးကွက်အရ သိရပါတယ်။

အခုလိုစက်သုံးဆီဈေးနှုန်းမြင့်တက်လာတာဟာ ပြီးခဲ့တဲ့သြဂုတ်၈ရက်က အာဏာသိမ်းစစ်ကောင်စီရဲ့ 
ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို ပြည်ပကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဝန်းကျင် တင်သွင်းနေရတာကြောင့်  ပြည်ပကနေတင်သွင်းမှုလျှော့ချသွားမယ်လို့ပြေဆိုခဲ့ပြီး နောက်ပိုင်း အခုလိုဆက်တိုက်မြင့်တက်လာတာပဲဖြစ်ပါတယ်။  

သြဂုတ်လ ၈ ရက်နေ့က လူသုံးအများဆုံးဖြစ်တဲ့  ၉၂ အောက်တိန်းတစ်လီတာဟာ ၁,၈၂၀ ကျပ်သာရှိခဲ့ရာကနေ ယနေ့သြဂုတ်၂၅ရက်နေ့မှာတော့ စက်သုံးဆီဈေး ဓါတ်ဆီ၊ ဒီဇယ်ဈေးဟာ ရန်ကုန်ပေါက်ဈေး စက်သုံးဆီ ၉၂ အောက်တိန်းတစ်လီတာကို ကျပ် ၂၄၉၀အထိ မြင့်တက်လာခဲ့ပြီး ပြင်ပပေါက်ဈေးမှာတော့ ဆီရေသန့်တစ်ဗူးလျှင် ၃၂၀၀ အထိ မြင့်တက်လာတာပဲဖြစ်ပါတယ်။

MyanmarLabourNews


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026