NEWS

မြောင်းတကာစက်မှုဇုန် Textile Place အထည်ချုပ်စက်ရုံအလုပ်သမား ၂ဦးရဲ့ ရင်ဖွင့်စာ

CoverLogo
2.7K Views

(အလုပ်သမား - ၁)နေ့စား ဝန်ထမ်းအနေနဲ့အလုပ်လုပ်တာ ၃ လပြည့်နေပါပီ လခစားပြောင်းပေးမယ်ပြောပီး
အထည် အရေတွက်ကိုပိုတောင်းပါတယ်။အခုချိန်ကအလုပ်ရှာရတာခက်ခဲလို့ သည်းခံနေရတာ အထဲမှာတရုတ်တွေကလူပါးဝနေပါတယ် သူတိူ့တောင်းတဲ့%ကိုမှီအောင်လုပ်ပေးလဲ ဘာမှမထူးဘူး ၊ သွားပြောလဲရန်လုပ်ပါတယ် နောက်တစ်ခါလာပြောရင်အလုပ်ထုတ်မယ်လို့ပြောပါတယ်

စက်ရုံကနေ့စားတွေခေါ်ပီး အတင်းလုပ်ခိုင်းနေတာ သူတို့ပေးတာထက်အဆပေါင်းများစွာခိုင်းနေပါတယ်
အလုပ်မရှိတော့သည်းခံနေရတယ် နိုင်ငံတော်က ရော ဒီလိုလုပ်နေတာတွေကို ခွင့်ပြုထားတာလား၊

(အလုပ်သမား - ၂)ကျွန်တော်တို့လိုင်းဆိုရင်တစ်နေ့ကို ၁၇၀၀ လောက်တောင်းတာ အထည်အရေအတွက်၊ ဘောင်းဘီတုန်းကဆိုရင်တနေ့ကို ၂၂၀၀ တောင်းတာ လူက ၂၈ ယောက် အထည်တောင်းချက်က လန်ထွက်နေတာပဲ အခုကာလက မရှိလို့သာခိုကပ်လုပ်နေရတာ တော်တော်ဆိုးဆိုးဝါးဝါးပါ။

အလုပ်သမားတစ်ယောက်ရဲ့လုပ်နိူင်စွမ်းအားဆိုရင်တော့ ဘယ်ရမလဲ သူတို့တောင်းသလောက်၊
ဒါပေမယ့်စက်ရုပ်တွေလို သံပတ်ပေးပြီးခိုင်းသလိုပဲ အထည်က စက္ကန့်မလပ် တကါတာ ပုံးတွေနဲ့ နောက်ကတွန်းတင်တာသူတို့တောင်းသလောက် မရ တဲ့ လိုင်းဆိုရင် တအားအပြောခံရတာ
ဆဲတာတွေကလဲပက်စက်ရော မရလဲရအောင်လုပ်ကြရတာပေါ့ အလုပ်မှမရှိကြတာ၊
လူတွေအိမ်ပြန်ချိန်ဆို လှုပ်တောင်မလှုပ်ချင်ကြတော့ဘူး။

စက်ရုံဆင်းတာ လုပ်သက် ၇ နှစ်ပြည့်တော့မယ်၊ ဒီလိုတခါမှမကြုံဖူးဘူး။ အလုပ်ထုတ်တာဆိုရင်လဲ လွယ်တာမှပြောမနေနဲ့ နောက်နေ့မလာနဲ့တော့ဆိုရင်ပြီးသွားပြီ အလုပ်သမား အခွင့်အရေးဆိုတာဘာမှန်းတောင်မသိ့ဘူး။

ကျွန်တော်တို့စက်ရုံက  ပုံး စနစ်နဲ့သွားတာ အလယ်မြောင်းထဲမှာပုံးကိုထည့်တယ် နောက်က 
လေဘောင်ကစက္ကန့်နဲ့တွန်းတာ နောက်ကလေဘောင်နဲ့တွန်းတဲ့ အထည်ကို အလျင် မှီ‌အောင်ချုပ်ပေးရတယ် ။

စက်လိုင်းတစ်လိုင်းမှာ လူ ၂၈ ယောက်နဲ့ဖွဲ့စည်းထားတယ်။ တနေ့ကို အထည် ၁၀၀၀ ဆိုတာကတော့ အနိမ့်ဆုံးတောင်းတဲ့လိုင်းလို့ ပြောလို့ရတယ် တစ်နေ့ကိုအထည် ၂၂၀၀ အထိ့ ပေးရတဲ့လိုင်းတွေရှိတယ် ။
လက်ရှိလိုင်းတော်တော်များများမှာဆိုရင် တနေ့ အထည် ၁၇၀၀ လောက်တောင်းထားတာတွေ့ရတယ် ။

ဥပမာ ဗျာ
စက္ကန့်နဲ့တွန်းတာဆိုတော့ 
တနေ့ ၁၇၀၀ ဆိုရင် 
တစ်နာရီ ၁၇၀ ပဲထားအုန်းတော့
တစ်နာရီ မိနစ် ၆၀
၆၀ မိနစ် X ၆၀ စက္ကန့်
တစ်နာရီကို ၃၆၀၀ စက္ကန့်
၃၆၀၀ စက္ကန့် ÷ တစ်နာရီ ၁၇၀

လေ‌ဘောင်က ၂၁ စက္ကန့်ကို တခါတွန်းတယ်။ ပြောချင်တာကတော့ "၂၁စက္ကန့်ကို တစ်ထည်ချုပ်ပေးရတယ် ဆိုတဲ့သဘောပေါ့" ဘယ်ချိန်ရေသောက်ချိန်ရှိမလဲ အပေါ့အလေးသွားဖို့  ဘယ်ချိန်ရှိမလဲ ။အထည်တွေက အရမ်းကြီးမခဲယဉ်းပေမယ့် အာဝါလီကတော့ လူတယောက်လုပ်နိူင်တဲ့လုပ်နိူင်အားထက်များတယ်၊

သူတို့ကတော့ ပြောမှာပေါ့  IE နည်းပညာနဲ့ အထည်တောင်းတာဆိုပြီးတော့  IE နည်းပညာကိုသေချာနားမလည်ပေမယ့် ပွိုင့်တစ်ခုခုကို အထည်ချုပ်နေတဲ့ အလုပ်သမားနားကိုသွား၊ ပြီးရင်  ချုပ်တဲ့အချိန်ကိုစက္ကန့်မှတ်တယ် ပြီးရင် အဲ့စက္ကန့်အတိုင်းအထည်တောင်းတာ စဉ်းစားသာကြည့်တော့ လူတွေက သံပတ်ပေးထားတဲ့စက်ရုပ်တွေကိုဖြစ်လို့ နေတယ် နောက်တချက်က  ပွိုင့်တစ်ခုကိုဘယ်‌လောက်စက္ကန့် ပဲ ချုပ်ရမယ် ကျော်လို့မရဘူးဆိုတာမျိုး သူတို့သတ်မှတ်ထားတဲ့စက္ကန့်ထက်ကျော်ရင်အပြောခံရတယ်၊

ရှောင်တခင်ခွင့် ၊ဆေးခွင့် ၊ လုပ်သက်ခွင့် ၊ မီးဖွါးခွင့် ၊ ဖခင်ဖြစ်ခွင့် လိုမျိုး အလုပ်သမားအခွင့်အရေးဆိုင်ရာခံစားခွင့်တွေ ကို မရဘူး၊ အိုတီတွေဆိုရင်လဲ ရုံးပိတ်ရက်တွေ အိုတီခေါ်တယ် သူတို့ခေါ်လို့ မဆင်းရင် နောက်နေ့မလာနဲ့ အလုပ်ထုတ်မယ်ဆိုပြီးပြောတယ်။ ကိုယ်က ပိတ်ရက်လေးနားချင်လို့ မဆင်းချင်ရင်တောင် ငြင်းပိုင်ခွင့်လုံးဝမရှိဘူး။သူတို့ အာဝါလီတောင်းသလောက်မရတဲ့အလုပ်သမားတွေကိုအလုပ် ထုတ်တာတွေရှိတယ်။ အါ့လိုအလုပ်ထုတ်ရင်လဲ ဘာခံစားခွင့်မှမရဘူး နောက်နေ့မလာနဲ့‌ တော့ဆိုတဲ့ စကားလေးပဲခံစားခွင့်ရတယ်။

အလုပ်ရှင်ရဲ့ တာဝန်ခံတွေ က အလုပ်သမားတွေကိုဆဲတာကလဲ ပတ်ပတ်စက်စက်ဆဲတာ သူတို့က အလုပ်သမားတွေကိုဆူရင် စောက် (ဥပမာ- စောက်ထည်မရဘူးလားစောက်ကောင်မဆိုတာမျိုး၊ ဘာပြောပြောရှေ့က စောက်ဆိုတဲ့စကားလုံးထည့်တာ )(စောက်) ဆိုတဲ့အသုံးအနှုန်းက အယဉ်ကျေးဆုံးပဲ။

အလုပ်သမားတွေစီးတဲ့ Ferry တွေဆိုရင်လဲ  ကြပ်လိုက်တာမှ ငပိသိပ်ငချဉ်သိပ် တခါတလေ ခြေထောက်လေး နေရာပြင်ဖို့နဲးနဲးလေးမြှောက်ရင် ပြန်ချလို့တောင်မရဘူး အါ့လောက်ထိ့အောင်ကြပ်တာ။

ဒါပေမယ့်ဗျာ ဘယ်လောက်ကြီးပဲအခြေအနေဆိုးဆိုး အလုပ်မရှိရင် စားဝတ်နေရေးကအဆင်မပြေဘူးလေ 
ဒီတော့ အသက်ရှင်သန်ဖို့ ခိုကပ်လုပ်နေရတာပေါ့။

အောတစ်တွေဝင်ရင်တွေဝင်ရင်တော့ အိုတီ‌တွေအရမ်းဆင်းရလား  မဆင်းရဘူးအါ့လို မျိုး  ဖြစ်နေတာတွေနဲ့ဆန့်ကျင်ဘက်လိမ်ပြောခိုင်းတာ လစာပေးတဲ့ကိစ္စတွေဆိုလဲ ကလိမ်ကကျစ် တွေပဲ
အလုပ်သမားတွေဆင်းထားတဲ့ အိုတီကိုခွဲထုတ်ပြီး ‌ထောက်ပံ့ကြေးနေရာမှာထည့်တယ် ဥပမာ အိုတီ နာရီ၈၀ ဆင်းရရင် ၅၈ နာရီ‌လောက်ပဲ အိုတီကြေးထည့်ပေးပြီးတော့ ကျန်တဲ့အို‌တီကြေးတွေကို ထောက်ပံ့ကြေးနေရာမှာခွဲထည့်တယ် သူတို့စက်ရုံက ထောက်ပံ့ကြေးတွေလဲပေးသလိုလိုဘာလိုလိုပေါ့။

ဒါကတော့ ရင်ဖွင့်စာပေးပို့လာတဲ့ အလုပ်သမား ၂ဦးရဲ့ ပြောပြချက် အပြည့်အစုံပါ။ရင်ဖွင့်စာပေးပို့လိုတဲ့ အလုပ်သမားတွေအနေနဲ့  Myanmar Labour News Page Messenger ကနေ ပေးပို့နိုင်ပါတယ်။

 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026