NEWS

မြန်မာ အထည်ချုပ်လုပ်သားများအပေါ် ချိုးဖောက်မှုများအား H&M စုံစမ်းနေ

CoverLogo
851 Views

ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင် လက်လီရောင်းချသူ H&M ရဲ့ မြန်မာအထည်ချုပ်စက်ရုံတွေမှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမားတွေအခွင့်အရေး ချိုးဖေါက်မှု ၂၀ ကို စုံစမ်းစစ်ဆေးနေတယ်ဆိုပြီး ပြောကြားခဲ့တယ်လို့ သြဂုတ် ၁၆ ရက်က ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ပြိုင်ဘက် Zara ရဲ့ Inditex ကတာ့ အရှေ့တောင်အာရှနိုင်ငံတွေက ဝယ်ယူမှုတွေကို ရပ်ဆိုင်း လိုက်တယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းက ပြောကြားထားပါတယ်။

ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားရေးအဖွဲ့က မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီအထိ အထည်ချုပ် စက်ရုံပေါင်း ၁၅၆ ရုံမှာ အလုပ်သမားတွေအပေါ် ညှင်းပန်းနှိပ်စက်မှု အမှုပေါင်း ၁၅၆ မှုရှိခဲ့တာကြောင် အရင်နှစ် ၅၆ ရုံ နဲ့နှိုင်းယှဉ်ပါက စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း အလုပ်သမား အခွင့်အရေးတွေ ယိုယွင်းလာခဲ့တယ်လိုလည်း ရိုက်တာက ဖော်ပြပါတယ်။

မြန်မာနိုင်ငံက အထည်ချုပ် စက်ရုံတွေမှာ လုပ်ခလစာ လျှော့ချခံရတာ၊ လုပ်အား ခိုးယူမှုတွေနဲ့ တရားမျှတမှု မရှိတဲ့ အလုပ်ထုတ်မှုတွေ ၊ လူမဆန်စွာ အလုပ်ခိုင်းစေတာနဲ့ အချိန်ပို လုပ်ခိုင်းတာတွေရှိနေတာကိုလည်း အစိုးရ မဟုတ်သော အဖွဲ့အစည်း၊ စီးပွားရေးနှင့် လူ့အခွင့်အရေး အရင်းအမြစ်ဌာန (BHRRC) ရဲ့ အစီရင်ခံစာအရ သိခဲ့ ရတယ်လို့ ဖော်ပြပါတယ်။

"မြန်မာနိုင်ငံမှာ နောက်ဆုံးပေါ် ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်း စိုးရိမ်မိပါတယ်၊ ကျွန်တော်တို့ရဲ့ စံချိန်စံညွှန်းနဲ့ လိုအပ်ချက်တွေအရ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ စိန်ခေါ်မှုတွေ ပိုများလာတာကို တွေ့ရပါတယ်" ဟု ဆွီဒင်အခြေစိုက် H&M ကုမ္ပဏီက ပြောကြားပါတယ်။

စစ်ကောင်စီ အာဏသိမ်းမှုဟာ တိုင်းပြည်အတွင်း နိုင်ငံရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်း ကို တွန်းပို့ခဲ့သလို့ မြန်မာနိုင်ငံအတွင်းက အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက် တယ်လို့ စွပ်စွဲခံရတဲ့ စက်ရုံ ၁၂၄ ရုံ ကိုတွေ့ရှိခဲ့တယ်လို့ BHRRC အဖွဲ့က ပြောဆိုပါတယ်။

BHRRC အဖွဲ့က သမဂ္ဂခေါင်းဆောင်တွေ၊ နိုင်ငံတကာမီဒီယာတွေနဲ့ ပြည်တွင်းအလုပ်သမားသတင်းတွေ ဖော်ပြနေတဲ့ Myanmar Labour News လို မီဒီယာတွေ အပါအဝင် ရင်းမြစ်တွေက တဆင့် ချိုးဖောက်မှုတွေကို ဖော်ပြခံရတဲ့ အမှတ်တံဆိပ်ကို စစ်ဆေးကာ အလုပ်သမားတွေကို တွေ့ဆုံမေးမြန်းပြီး အစီရင်ခံစာတွေကို အတည် ပြုဖို့ ကြိုးပမ်းနေတယ်လို့လည်း BHRRC က ပြောဆိုတယ်လို့လည်း ဖော်ပြထားပါတယ်။

နှစ်နှစ်အတွင်း Zara Inditex ချုပ်စက်ရုံတွေရဲ့ အလုပ်သမားတွေ အပေါ် ချိုးဖောက်မှု ၂၁ မှု ရှိတယ်လို့ စွပ်စွဲခံ ထားရပြီ H&M တံဆိပ်ချုပ် စက်ရုံတွေမှာတော့ အမှုပေါင်း ၂၀ ရှိတယ်လို့ BHRRC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Inditex ဘက်ကတော အစီရင်ခံစာအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုထားသလို မြန်မာ စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူနဲ့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေကလည်း မှတ်ချက်ပေးဖို့ အကြောင်းပြန်ကြားတာ မရှိဘူးလို့ ရိုက်တာ သတင်းက ဖော်ပြထားပါတယ်။

Source / Photo- REUTERS (Soe Zeya)


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026