NEWS

မြန်မာ-ထိုင်းနှစ်နိုင်ငံ သဘောတူလုပ်သားစေလွှတ်မှု ရပ်ဆိုင်းခြင်းက ရွှေ့ပြောင်းလုပ်သားတွေအတွက် အခက်ကြုံစေခဲ့

CoverLogo
1.6K Views

မြ၀တီမြို့ကနေတဆင့် ထိုင်းနိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်ဖို့ အတွက် တရားမဝင်လမ်းကြောင်းကနေ တဆင့် ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ မြန်မာလုပ်သားတွေ နေ့စဉ်နဲ့ အမျှဖမ်းဆီးခံရမှုက မြင့်တက်လျှက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ လ ၃၁ ရက်တည်းမှာ နယ်စပ်လုံခြုံရေးတိုးမြင့်ထားတဲ့ ထိုင်း နိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ အလုပ်လုပ်ကိုင်ဖို့ သွားတဲ့ မြန်မာ လုပ်သား ၃၀၀ နီးပါး ဖမ်းဆီးခံလိုက်ရပါတယ်။

အခုလို အခက်အခဲ အမျိုးမျိုးကြားက ရရာနည်းလမ်းနဲ့ သွားရောက် ဖို့ ကြိုးပမ်းရင်းဖမ်းဆီးခံလိုက်ရသူ ထောင်နဲ့ချီရှိနေသလို အသက်သေဆုံးသည့်အထိ ဖြစ်ခဲ့ရသူတွေလည်း ရှိနေတာပါ။ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်ညမှာတင် မြဝတီမြို့နယ် ကျောက်ခက် ရွာကနေတဆင့် ထိုင်းနိုင်ငံ တာ့ခရိုင် အတွင်းက မြို့နယ်ထဲကို တရားမဝင် ရောက်ရှိသွားတဲ့ မြန်မာလုပ်သား ၁၈၄ ဉီကို ထိုင်းလုံခြုံရေးအဖွဲ့ က ဖမ်းဆီးလိုက်ပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၁၀ လ ပြည့်ကာလကို ရောက်ရှိလာပြီဖြစ်သလို ဖြစ်ပေါ်လာတဲ့ ပဋိပက္ခ တွေ ၊ အလုပ်အကိုင်ရှားပါးလာမှုတွေ ကြောင့် မြန်မာလုပ်သမားတွေဟာ အနီးစပ်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နိုင်ဖို့ အတွက် ရရာနည်းလမ်းနဲ့ ဝင်ရောက်ဖို့ ကြိုးပမ်းနေတာလဲ ဖြစ်ပါတယ်။

ဒါတွေကို စတင်စေခဲ့တဲ့ ၂၀၂၀ မတ်လ လောက်ကစပြီး မြန်မာနိုင်ငံထဲ ရောက်ရှိလာတဲ့ corona virus ရောဂါထိန်းချုပ်မှုကို ကရင် ပြည်နယ်အစိုးရအဖွဲ့က မတ်လကနေ စတင်ပြုလုပ်ခဲ့ပါတယ်။ဒီအပြင် ထိုင်းအစိုးရက မြန် မာရွှေ့ပြောင်း အလုပ်သားတွေကို  ပြန်လည်းလွဲပြောင်းရာ ရွေ့ပြောင်းလုပ်သား ၂သိန်းခန့်ကို ပြည် နယ်အစိုးရအဖွဲ့က လက်ခံခဲ့ပါတယ်။

တချိန်တည်းမှာပဲ နှစ်နိုင်ငံ သဘောတူ (MOU)စာချုပ်နဲ့ ရွေ့ပြောင်းလုပ်သားစေလွှတ်မှု အစီအစဉ်ကိုလည်း ယာယီရပ်ဆိုင်းလိုက်တာပါ။

ဒီနောက်မှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အလုပ်ရှင်တွေက လက်ခံမထားတော့ကြောင့် အခက်အခဲကြားက ပြန်လာခဲ့ရတာလို့ ထိုင်းပြန် မြန်မာရွှေ့ပြောင်း လုပ်သားတွေက ဆိုပါတယ်။

"ထွက်စာကို တစ်လကြိုပြီ တင်ခိုင်းထားတယ် ထွက်စာက ကိုယ့်ရက်စေ့တော့ ပြန်ခိုင်းတယ် ပြန်လာတော့ တံတားက ပိတ်သွားပြီး အဲ့တော့ ဟိုမှာ အိမ်ငှားပြီး နေရတယ် သူဌေးကတော့ လက်မခံတော့ဘူး" လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားတဉီးက ဆိုပါတယ်။

ဒီအပြင် အလုပ်ရှင်က လုပ်ငန်းရပ်နားလိုက်ပြီး အလုပ်သမားတွေကို လက်မခံတော့တဲ့အတွက် နေရေး ထိုင်းရေး စားရေး ကျန်းမာရေး စောင့်ရှောက်မှုမှာ ခက်ခဲလာတယ်လို့ လုပ်သားတဦးက ခုလို ဆိုထားပါတယ်။

" ဟိုး စစခြင်း အချိန်ကဆို မတရားစိုးရိမ့်ရတာပေါ့ ခုလည်း စိုးရိမ့်ရတာပဲ ကိုယ်တွေစီ မဟုတ်တဲ့အတွက် ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မိဘအိမ်မှ မဟုတ်တာ တခုခုဖြစ်တယ်ဆို အမြဲတမ်း ခက်ခဲတာလေ အလုပ်မရှိရင် စားစရာမရှိဘူး နေစရာမရှိဘူး နေဖို့ထိုင်ဖို့ လုံးဝ အဆင်မပြေဘူး အဲ့ဒါကြောင့် ကျွန်တော်တို့ ပြန်လာရတာ ဖြစ်တယ်" လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၄ရက်နေ့က ထိုင်းနိုင်ငံ တာ့ခရိုင်အတွင်း ထိုင်းလုံခြုံရေးအဖွဲ့မှ ဖမ်းမိသည့် မြန်မာလုပ်သားများတွေ့ရစဉ်

ဒီအပြင် ကရင်ပြည်နယ်မှာ ရောဂါပြန်ပွားမှုကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့တာကြောင့် အစိုးရရုံဌာနတွေနဲ့ အထည်ချုပ်စက်ရုံ၊ ဈေးအပြင် စားသောက် ဆိုင်တွေကို covid-19 ထိန်းချုပ်ရေး စည်ကမ်းနဲ့ အညီ ဖွင့်ခွင့်ရရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မတ်လ အလွန်မှာတော့ တကျော့ပြန် တတိယလှိုင်းကိုဗစ် ထိန်းချုပ်နိုင်ရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေအကြား စက်ရုံ၊ အလုပ်ရုံ၊ အထည်ချုပ်စက်ရုံအချို့ကို  ယာယီရပ်နားလိုက်တဲ့အတွက် အလုပ်မရှိ အလုပ်ရှာတော့လည်းမရသလို ရင်းနှီး သွားဖို့ကလည်း လုံလောက်တဲ့ ငွေကြေး မရှိတဲ့အတွက် ချေးငှားပြီး တရားမဝင်လမ်းကြောင်းမှာ ထိုင်းအစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေက နေ့စဉ်လိုလို ရှိနေတာကြောင့် တရားဝင်လမ်းကနေ သွားနိုင်ရေး ရှိရာပစ္စည်းတွေ ရောင်းချ ပေါင်နှံပြီး မနိုင်ပေမဲ့ (MOU)နဲ့ သွားရောက်အအလုပ် လုပ်နိုင်ဖို့  ကြိုး စားနေရသူတွေလည်း ရှိနေပါတယ်။

ပြည်တွင်းမှာ လတ်တလော ရင်ဆိုင်နေရတဲ့  အခက်အခဲနဲ့ ပတ်သက်ပြီ ထိုင်းနိုင်ငံကို သွားရောက် အလုပ် လုပ်လိုသူတွေရဲ့ မျော်လင့်ချက်ကို လည်းခုလို ကြားသိရပါတယ်။

" အဲဒါတော့ မစဉ်စားရသေးဘူး ဘယ်လိုဖန်တီးရမလဲ မသိဘူး ကုမ္ပဏီတွေ ဘာတွေ ဖွင့် ပြန်ဖွင့်ရင်တော့ သွားရပြီးပေါ့ အာမခံချက်တို့ ဘာတို့ ရှိရင် ကိုယ်က တရားဝင်သွားရမယ့်ဟာကို လုပ်ရမယ်ဆိုတော့ အဆင်မပြေဘူးလေ ဟိုရောင်း ဒီရောင်းပေါ့ လမ်းစရိတ်က များတယ်လေ"လို့ ယင်းက ဆိုပါတယ်။

" ငွေကြေးကလည်း အဆင်မပြေဘူး ကျန်ခဲ့တဲ့သူကလည်း လှုပ်ရှားရုန်းကန်ရသလို ဟိုကို သွားဖို့ သူ့အတွက်ကိုလည်း မနဲရုန်းကန်နေရတယ် လမ်းမှာ အဖမ်းအဆီးလည်းရှိတယ် အစစ်အ ဆေးတွေလည်း ရှိတယ် သူတို့ရဲ့ အခက်အခဲတွေက မပြည့်စုံသေးဘူး" လို့ ထိုင်းကို ရွှေ့ ပြောင်းသွားလာဖို့ ပြင်ဆင်နေသူတဉီးရဲ့ ဆွေမျိုးတော်စပ်သူက ဆိုပါတယ်။

ဒီအပြင် ထိုင်းနိုင်ငံအတွင်း အလုပ်သမားလိုအပ်ချက်ကို ဖြေရှင်းနိုင်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က ပြုလုပ်တဲ့အစည်းအဝေးမှာ ထိုင်းအလုပ်သမား ဝန် ကြီးဌာနရဲ့ Mr suchat chonk linက လာမည့် ဒီဇင်ဘာလမှာ (MOU)ရွှေ့ပြောင်းလုပ်သား (၈၀၀ ၀၀) ဦးကို ခေါ်ယူခွင့်ပြုသွားမယ်ဆိုတဲအကြောင်းကို ထည့်သွင်းပြောကြားတာကို ကရင်ပြည်နယ်အခြေစိုက် ကေအိုင်စီသတင်မှာ ဖေါ်ပြထားပါတယ်။

ဒီအပြင် ၂၀၂၀ မတ်လကနေ  ယာယီရပ်ဆိုင်ထားရပြီး ယခုအကြိမ် ပြန်လည် ဖွင့်သွားမည်ဆိုပါက ၂၀၂၀က ထိုင်းနေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်သွားခွင့်ပြုနိုင်ရန် နှစ်နိုင်ငံ တာဝန်ရှိသူတွေအနေနဲ့ ဦးစားပေး ထည့်သွင်းစေလိုတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်းလုပ်သားတွေက တောင်းဆိုထားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026