NEWS

မြန်မာအိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် အနည်းဆုံးလုပ်လစာ တိုးမြှင့်ပေးနေ

CoverLogo
535 Views
 
ဗီယက်နမ်နိုင်ငံက အလုပ်သမားတွေကို အနည်းဆုံးလုပ်လစာတိုးမြှင့်ပေးမယ်လို့ အာဏာပိုင်တွေက ကြေညာ ထား ပါတယ်။ ဒီလို တိုးမြှင့်ပေးမှုတွေကို ဇူလိုင် ၁ရက်ကတည်းက စတင်ခဲ့ပြီး အနည်း သတ်မှတ်ထားတဲ့ လုပ်ခ ပမာဏရဲ့ ၆ ရာခိုင်နှုန်းတိုးမြှင့်ပေးမှာလို့ VN Express က ဇူလိုင် ၁ ရက်က ဖော်ပြထားပါတယ်။
လုပ်ခလစာတိုးမြှင့်ပေးတာကို ဒုတိယဝန်ကြီးချုပ် Pham Binh Minh က ဇွန်လ ၁၂ ရက်မှာ လက်မှတ် ရေးထိုး ဗီယက်နမ်မီဒီယာတွေက ဖော်ပြပါတယ်။ အခုလို အနည်းဆုံးလုပ်ခလစာကို အခုဇူလိုင်လမှာ တိုးမြှင့်ခဲ့တာက လေးနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ အနည်းဆုံးလုပ်ခလကို ၂၀၂၂ ခုနှစ်မှာ နောက်ဆုံးအကြိမ် တိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။
အခုလို တိုးမြှင့်မှုပေးမှုက အလုပ်သမားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကြား အကျိုးစီးပွား ဟန်ချက်ညီနိုင်မယ်ဆိုပြီး ယူဆရနိုင်တယ် လို့လည်း ဖော်ပြထားပါတယ်။
လုပ်ခတိုးမြှင့်ပေးတဲ့ အစီအစဉ်အရ လုပ်သား တစ်ဦးကို တစ်လခစာမှာ ၁၁ ဒေါ်လာအထိ တိုးမြင့်ရရှိမှာဖြစ်ပြီး လုပ်သားတဦးကို ဒေါ်လာ ၁၅၀ ဝန်းကျင်ကနေ ၂၀၀ ကျော်အထိရရှိနိုင်တယ်လို့ ဗီယမ်နမ်မီဒီယာတွေကို ကိုးကားပြီး Myanmar Industry Guide က ရေးသားထားပါတယ်။
ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေရှ်နိုင်ငံတွေမှာလည်း အနည်းဆုံး လုပ်ခလစာတွေကို ၂၀၂၃ နှစ်အတွင်းက တိုးမြှင့် ပေးထား ပါတယ်။ ဘင်္ဂလားဒေရှ်နိုင်ငံမှာတော့ အနည်းဆုံးလုပ်ခစာအတွက် တောင်းဆိုမှုတွေ ဖြစ်ပွားခဲ့တာ ကြောင့် ဆန္ဒပြသူတချို့ သေးဆုံးခဲ့ရပါတယ်။
ဒီနောက်မှာ အနည်း ဆုံးလုပ်ခလစာကို ၅၆ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်ပေးခဲ့ပြီး နှစ်စဉ် ၅ ရာခိုင်နှုန်းတိုးပေးဖို့ကိုပါ အစိုးရက အာမခံခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အနည်းဆုံး လုပ်ခလစာ ၄၈၀၀ ကျပ်ကို ၂၀၁၈ ခုနှစ်မှာ တိုးမြင့်ပြီးကတည်းက ၆ နှစ်ကြာအထိ တိုးမြှင့်သတ်မှတ်ပေးတာ မရှိသေးပါဘူး ။
၂၀၂၃ ခုနှစ် လကုန်ပိုင်းမှာတော့ ထောက်ပံ့ကြေး ကျပ်တထောင် တိုးပေးဖို့ စက်ရုံအလုပ်ရုံနဲ့ လုပ်ငန်းတွေကို အကြောင်းကြားခဲ့ပေမဲ့ လက်ရှိအချိန်အထိ အနည်းဆုံးလုပ်ခစာ မပေးတဲ့ စက်ရုံအလုပ်ရုံတွေ ရှိနေပါတယ်။
Photo - VN Express

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026