NEWS

မြန်မာအထည်ချုပ်လုပ်သားများ ၁ ရက်လျင်အလုပ်ချိန် ၁၅ နာရီကျော် လုပ်ကိုင်နေ

CoverLogo
795 Views

မြန်မာနိုင်ငံအတွင်း အထည်ချုပ် စက်ရုံတချို့က အလုပ်သမားတွေဟာ တရက် ၁၅ နာရီကျော်လုပ်ကိုင်နေရပြီး အိပ်ချိန် အနည်းငယ်သာရှိတယ်လို့ IWFM ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က Myanmar Labour News ကို ပြောပါတယ်။ 

 

မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေမှာတော့ တနေ့ အလုပ်လုပ်ချိန်ကို ၈ နာရီသာ သတ်မှတ်ထားပါတယ်။  

 

“ ကျွန်မ H&M ချုပ်တဲ့ စက်ရုံတရုံက အလုပ်သမားတွေပြောတာက အလုပ်စချိန် ၆ နာရီ လို့ ပြောတယ်။ တကယ် အလုပ်စချိန်က ၇နာရီခွဲဖြစ်ရမယ်။ အလုပ်သမားတွေကတော့ စက်ရုံတောင်းတဲ့ အထည်စံချိန်ကို ပြည့်ဖို့၊ ညဉ့်နက်သန်းခေါင် အချိန်ပိုတွေ ဆင်းပြီး လုပ်နေရတယ်။ စက်ရုံထဲ နေထိုင်တဲ့ အလုပ်သမားတွေမှာ ဆိုရင် ပိုဆိုးတယ်။ တချို့ဆို မနက် ၃ နာရီထ အလုပ်လုပ်တယ်ဆိုတာတွေ တွေ့ရ၊ တချို့လည်း မနက် ၃ ခွဲလောက်ထိ လုပ်ရတယ် ဆိုတာမျိုးတွေ တွေ့တယ်။ တနေ့ကို အလုပ်ချိန် နာရီ ၁၅ နာရီထက်ကျော်ပြီး အိပ်ချိန် ၄ နာရီ လောက်ပဲ ရှိတာကိုတွေ့ရတယ်” လို့ ဒေါ်ခိုင်ဇာမောင်က ပြောပါတယ်။ 

 

လက်ရှိ စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး စစ်အုပ်ချုပ်ရေးရှိနေပေမဲ့လည်း အထည်ချုပ်စက်ရုံ တွေ အများစုရှိတဲ့ ရန်ကုန်မြို့က စက်မှုဇုန်တွေမှာတော့ ညဉ့်နက်သန်းခေါင် အချိန်ပိုခေါ် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ် ။ 

 

လက်ရှိ အထည်ချုပ်စက်ရုံတွေဟာ နေ့စားအလုပ်သမားခန့် လုပ်ကိုင်ခိုင်းတာ ပိုများလာပြီး အလုပ်ခပေး ချေရာမှာတော့ အစမ်းခန့်၊ အလုပ်သင် ခေါင်းစဉ်တပ်ကာ လုပ်ခလစာရဲ့ ၇၅ ရာခိုင်နှုန်းနဲ့ ပေးချေခိုင်းစေတာတွေ ရှိသလို သတ်မှတ်လုပ်ခလစာ ၄၈၀၀ ကျပ်ပေးပေမဲ့ အထည်စံချိန်ကိုမြှင့်ပြီး ချုပ်ခိုင်း နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

 

အထည်စံချိန်ကို မြှင့်ပြီးလုပ်ကိုင် ခိုင်းတာကြောင့်လည်း အလုပ်သမားတွေ မှာ အလုပ်ချိန်ကို ပိုမိုလုပ်ကိုင် နေရတာလို့ ဆိုပါတယ်။ 

 

“ အထည်စံချိန်ကိုမြှင့်ထားတော့ အလုပ်သမားတွေမှာ အချိန်ပိုတွေ လုပ်ရပေမဲ့ လုပ်ခမရဘူးဆိုတဲ့ ပြဿနာတွေ ပေါ်ပေါက်လာတောပေါ့ ”လို့ ဆက်ပြောပါတယ်။ 

 

Myanmar Labour News ရဲ့မှတ်တမ်းတွေမှာတော့ အချိန်ပိုလုပ်ကိုင်ရပြီး လုပ်ခမပေးတဲ့ စက်ရုံပေါင်း တဒါဇင် ကျော်ကို မှတ်တမ်းတင်ထားပါတယ်။ 

 

အထည်ချုပ်စက်ရုံတွေဘက် အချိန်ပိုလုပ်ခိုင်းရာမှာ အလုပ်သမားတွေရဲ့ ဆန္ဒကို မေးမြန်းတာမရှိတဲ့အပြင် အချိန်ပို မလုပ်ကိုင်ပါက ဂရိတ်အဆင့်ချတာ၊ ဖယ်ရီမပေးဘူးဆိုပြီး ၊ အလုပ်ထုတ်တာနဲ့ ခံစားခွင့်တွေကို လျှော့ချမယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိ နေတယ်လို့ Myanmar Labour News ရဲ့ မှတ်တမ်း တွေမှာ တွေ့ရပါတယ်။ 

 

“ရွှေပြည်သာစက်မှုဇုန်ထဲက စက်ရုံမှာဆို တပတ်ကို နာရီ ၈၀ ကျော် ခိုင်းစေတာတွေရှိတယ်။ အလုပ်ရှင်တွေ ကလည်း အလုပ်သမားရုံးကလူတွေကို မကြောက်တော့ဘူး။ လာစစ်လည်း တရက်နှစ်ရက် ရပ်လိုက်တယ်။ ပြန်လုပ်တာပဲ။ အလုပ်သမား ဥပဒေတွေ အားလုံးကို ချိုးဖောက်ပြီး လုပ်ကိုင် ခိုင်းနေတာ။ တန်ရာတန်ကြေး မပေးတာတွေလည်း ရှိတယ်” လို့ အလုပ်သမားရေးတက်ကြွလှုပ်ရှားသူ တဦးက ပြောပါတယ်။

 

၂၀၂၃ ခုနှစ် ဇွန်လအတွင်းမှာတော့ အချိန်ပိုလုပ်ခအပါအဝင် တရက်လုပ်ခလစာ ဒေကြေးတိုးမြှင့်ပေးဖို့ တောင်းဆိုတဲ့ အတည်ချုပ် စက်ရုံက အလုပ်သမားခေါင်းဆောင်တွေနဲ့ ဆက်စပ်ပြီး ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ခုံရုံးမှာ စစ်ဆေးဖို့ ပြင်ဆင်နေပါတယ်။ 

 

#MyanmarLabourNews 

Photo- Industriall


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026