NEWS

မြန်မာမျိုး ရေသန့်စက်ရုံ အချိန်ပိုကြေး ကျပ်တစ်ထောင်ပဲ ပေး

CoverLogo
539 Views
မြန်မာမျိုးရေသန့်စက်ရုံကိုလဲ ပြောပါအုံး မင်မင်ရေ။
အချိန်ကြေး ot ကို တနာရီ ၁၀၀၀ ပဲ ပေးနေတယ်။
အခြေခံလစာ ၂၆၀၀၀၀ ရဖို့ နှစ်နှစ်လောက်လုပ်ရတယ်။
 
အစိုးရရုံးပိတ်ရက်တွေ ot ဆင်းရင်လည်း အချိန်ပိုကြေး ပေးမပေး သေချာ မသိရနဲ့၊ ဟိုဟာကို ဟိုကောင်မျှော် ရသလိုပါပဲ။
 
မေလ ၁ ရက် အလုပ်သမားနေ့မှာ စက်ရုံရဲ့ FB မှာ ဂုဏ်ပြုထားပါတယ်။ ကျနော်တို့ စက်ရုံအလုပ်သမား တွေ အချိန်ပို အလုပ်ဆင်း ပေးရပါတယ်။ အချိန်ပို ကြေးတော့ မရခဲ့ပါဘူး။ စက်ရုံအလုပ်သမားတွေကို တပြားမှ မပေးဘဲ ဂုဏ်ပြုပါတယ်။
 
အခါကြီးရက်ကြီးတွေကို အလုပ်ဆင်းရတဲ့အခါ အချိန်ပိုကြေး ပေးပါတယ်။ လစာ တစ်ဆခွဲပြောလိုက်၊ နှစ်ဆ ပြောလိုက်နဲ့၊ အချိန်ပိုကြေးအတွက် အလုပ်သမားတွေမှာ ရှုပ်ထွေးပြီး ရမရတောင် မသေချာပါဘူး။
 
သကြန်ပိတ်ရက်ဆိုရင် မနက်၈ ညနေငါးနာရီအထိ တသောင်းခွဲနဲ့ နေ့စားရှင်းပေးပါတယ်။ လက်ရှိ ကုန်ဈေးနဲ့ လစာ၊ otကြေးတွေက အဆင်မပြေပါဘူး မင်မင်ရေ။
 
စက်ရုံက လှိုင်သာယာမြို့နယ်၊ ၁၄ရပ်ကွက် ၊ လှိုင်ရတနာလမ်း မှာပါ။ ၀န်ထမ်းက Helper ၊Production ၊Office အားလုံးပေါင်းရင် ၄၅ယောက် ပါ။
 
လစာ ၂၆၀၀၀၀ မရခင် တလ ၂၃၀၀၀၀ ပဲရပါတယ်။ ဘာခံစားခွင့်မှမရခဲ့ဘူး။ တစ်ခုတော့ရပါတယ်။ တစ်လတခါ ကြက်ဥ ကိုးလုံး ပဲ ရပါတယ်။
ကူညီပါဦး မင်မင်ရေ။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026