NEWS

မြန်မာနိုင်ငံမှာ လုပ်ခလစာတိုးမြှင့်မှုမရှိလို့  ကျွမ်းကျင်လုပ်သားဆုံးရှုံးမှုပြဿနာ ပိုများလာ

CoverLogo
588 Views

မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာတိုးမြင့်မှုမရှိတာတွေကြောင့် ​ဆောက်လုပ်ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း အပါအဝင် လုပ်ငန်းခွင်တွေမှာ  ကျွမ်းကျင်လုပ်သား ဆုံးရှုံးမှု​ပြဿနာတွေ မိုများလာတယ်လို့ လုပ်ငန်းရှင်များကဆိုပါတယ်။ 

"ကျွမ်းကျင်လုပ်သားတွေက မရှိတော့ဘူး။ ရှာရခက်လာတယ်။ အထည်ချုပ်တို့ ဆောက်လုပ်ရေးပညာရှင်ပိုင်းတို့ဆိုရင် ပြည်ပကိုထွက်တာများတော့ လုပ်ငန်းရှင်တွေအခက်တွေ့လာတယ်။ ဒါကြောင့်လည်းကျန်ရှိနေ​သေးတဲ့ ကျွမ်းကျင်လုပ်သားတွေကို မက်လုံးပေးပြီး လစာတိုးခေါ်တာတွေရှိလာတာ။ အလုပ်သမားတွေအနေနဲ့က အရေတွက်များများထွက်ဖို့မြန်ဖို့ ညနေ ၅ နာရီ ထိအလုပ်လုပ်တာကို ည ၆နာရီ ၇ နာရီအထိ အရမ်းကြိုးစားအားစိုက်ပြီး လုပ်ဖို့မလိုဘူး။ ကိုယ်ချုပ်လိုက်တဲ့အထည်ကသေသပ် လှပရမယ်။ အရည်အသွေးမြင့်နေရမယ် ဒါမှကိုယ့်ရဲ့ ကျွမ်းကျင်မှုတိုးတက်စေမှာ။ ဒေးကြေးတွေတိုးတယ် ကျွမ်းကျင်အဆင့်တွေကိုပဲတိုးပေးတာ ဘာလို့လဲဆိုတော့ အဲ့ဒီကျွမ်းကျင်တွေက လခနည်းလို့ပြည်ပမထွက်သွားဖို့ပဲ" လို့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုတွေအပြင် ကျွမ်းကျင်လုပ်သားများအနေဖြင့် လုပ်ခလစာ ရရှိမှုတိုး​​မြင့်လာမှုမရှိခြင်း၊ လုပ်ခလစာတိုးမြှင့်ရန် တောင်းဆိုသော်လည်း တိုးမြှင့်ပေးခြင်းမရှိတဲ့အပြင် ဖမ်းဆီးထောင်ချခံရခြင်းနဲ့ အလုပ်ထုတ်ခံရခြင်းတွေသာ ရရှိလာတာကြောင့် အလုပ်သမားတွေဟာ ပြည်ပနိုင်ငံတွေဖြစ်တဲ့ အထည်ချုပ် အလုပ်အကိုင် အများဆုံးရှိတဲ့ လာအို၊   ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ တရုတ် အစရှိသည့် ပြည်ပနိုင်ငံများသို့ တရားဝင်သာမက တရားမဝင်နည်းလမ်းဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာမှုတွေများတာကြောင့် ပြည်တွင်းမှာ ကျွမ်းကျင်လုပ်သားတွေရှားပါးလာတာဖြစ်တယ်လို့ သိရပါတယ်။ 

"ပြည်ပကိုကျွမ်းကျင်တာတွေရော မကျွမ်းကျင်တာတွေရော အကုန်ရောက်ပဲ။ လုပ်ခလစာကွာတာကိုး။ ဒီမှာ တစ်လကို ၃ သိန်းရဖို့ မလွယ်ဘူး ဟိုမှာက၁၂ သိန်းလောက်က အသာလေး။ လာအိုကိုအထည်ချုပ်နဲ့သွားတာအများကြီးပဲ။ ဟိုဘက်ကသူဌေးက အကုန်ကျခံခေါ်ပေမဲ့ ပွဲခနဲ့သွားတာတွေတပုံကြီးပဲ။ စက်ချုပ်ကျွမ်းကျင်ဆိုတာနဲ့လာအိုသွားဖို့ပဲ ပြည်တွင်းကအလုပ်သမားရှိမယ် ကျွမ်းကျင်ရှားပြီး အလုပ်သင်များမယ် ရေရှည်မလွယ်ဘူး" လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ 

လက်ရှိတွင် လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်လုပ်သား ရှားပါးမှုဒဏ်ကိုရင်ဆိုင်ရသလို အလုပ်သမားတွေကလည်း အလုပ်ရဲ့လုပ်ခလစာအပေါ် မူတည်ပြီး skill labour အဆင့်မီလုပ်သားများက  သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ လုပ်ခလစာ မကိုက်ညီဘူးလို့ ခံစားရကာမလုပ်ကိုင်တော့တာဖြစ်ပါတယ်။ 

လက်ရှိတွင် ရန်ကုန်မြို့အတွင်းမှာ တိုင်းနဲ့ပြည်နယ်အသီးသီးက  အနယ်နယ်အရပ်ရပ်မှ တိုက်ပွဲရှောင်ရောက်ရှိ ရွှေ့ပြောင်းလာကြသည့် ပြည်သူများ များပြားလာသလို စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအသစ်လျှောက်ထားမှုတွေ ရှိလာပေမဲ့ လုပ်ခနည်းပါးပြီး ကျွမ်းကျင်လုပ်သားရှားပါးလာတာ တွေ သိသိသာသာ ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026