NEWS

မြန်မာနိုင်ငံကို ILO အရေးယူ

CoverLogo
538 Views
 
မြန်မာနိုင်ငံကို ILO Article 33 နဲ့ အရေးယူဖို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO)က ဒီကနေ့ ဆုံးဖြတ် အတည်ပြုတယ်လို့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က လူမှုကွန်ရက်စာမျက်နှာ ဖေ့ဘွတ်မှာ ထုတ်ပြန်ထား ပါတယ်။
 
၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (ILC) ကနေ မြန်မာနိုင်ငံနဲ့ စစ်ကောင်စီကို အရေးယူဖို့ တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုလိုက်တာလို့ ရေးသားထားပါတယ်။
 
အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု‌တွေ ကြောင့် မြန်မာစစ်ကောင်စီကို ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့တာလို့ သိရပါတယ်။
 
လက်ရှိ စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ်‌တွေ ဖြစ်တဲ့ MICs-TUF ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးသက်နှင်းအောင်၊ CTUM က ဒေါ်ခင်စုစုလှိုင်တို့ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချထားပြီး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ILO က တောင်းဆိုထားပါတယ်။
 
စစ်ကောင်စီက အတင်းအဓမ္မ စစ်သားစုဆောင်းမှူတွေ ပြုလုပ်နေတဲ့အပြင် အလုပ်သမားအရေး ဆောင်ရွက်သူတွေကို ခြိမ်းခြောက်ဖမ်းဆီးတာတွေလည်း ပြုလုပ်နေတာပါ။
 
မြန်မာနိုင်ငံကို ILO Article 33 အရေးယူဒဏ်ခတ်မှုက ဒုတိယအကြိမ် ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တုန်းက ပထမအကြိမ် အရေးယူခံရဖူးပါတယ်။
 
၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ ကို ဇွန် ၂ ရက်မှ ၁၃ ရက်ထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတာ ဖြစ်ပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
WHN Garment ခွင့်ယူပါက ဂရိတ်ချ၊ ရက်မှန်ကြေး ဖြတ်၊ သရဲပူးသည်ဟုဆိုကာ ဝမ်တိန်ထိုးရ
Feb 23, 2026
Cover
SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုစတင်ပြုလုပ်နေ
Feb 23, 2026