NEWS

မြန်မာဂျော်နီ အိတ်စက်ရုံ အချိန်ပို ခေါ်သည်ကို တိုင်ကြားလို့ ဟုဆိုကာ အလုပ်သမား ဖုန်းများအား သိမ်းဆည်း

CoverLogo
1K Views

မြန်မာဂျော်နီ (Myanmar Journay)အိတ်စက်ရုံ အချိန်ပို ခိုင်းစေနေတာကို တိုင်ကြားတယ်ဆိုပြီး လက်ကိုင် ဖုန်းတွေကို သိမ်းဆည်းပြီး သုံးစွဲခွင့် ပိတ်ပင်ခဲ့တယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

စက်ရုံက အချိန်ပို အလွန်အကျွံ ခိုင်းစေလို့  တိုင်ကြားခံထားရပေမဲ့ လက်ရှိအချိန်အထိ အချိန်ပို ဆက်လက်ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“အချိန်ပိုတွေက ဆက်ခေါ်နေတာပဲ။ ဖုန်းတွေကိုတော့ သိမ်းတယ်။ နောက် နားချိန်မှာ ဖုန်း  သုံး လို့ မရတော့ ဘူး ဆိုဘူး ပြောထားတယ်။ စက်ရုံကို တိုင်တာ မရပ်သ၍  ဖုန်းပေးမကိုင်ဘူး ။ ပြီးတော့ မန်နေဂျာ အမျိုးသမီးက ပြောတယ်။ သူတို့ အိုတီတွေ ခိုင်းနေတာကို ဖုန်းပေးကိုင်ရင် တိုင်မှာစိုးလို့ ပြောတယ်” ဆိုပြီး  စက်ရုံ အလုပ်သမားတဦး က ပြောပါတယ်။  

အောက်တိုဘာလထဲမှာ စပြီး ဖုန်းတွေ သိမ်းဆည်းခဲ့ပြီး နားချိန်တွင် ဖုန်းသုံးခွင့်အား ပိတ်ပင်ခဲ့တာလို့ သိရ ပါ တယ်။ 

အောက်တိုဘာလ တလလုံး ည ၈နာရီ၊ စနေ ၆ နာရီခွဲ အထိ အချိန်ပို ဆက်တိုက်ခေါ်ယူပြီး နိုဝင်ဘာ ၃ ရက် တနင်္ဂနွေနေ့မှာလည်း အချိန်ပိုကို ည ၆နာရီခွဲ အထိ အတင်းအကျပ် ခိုင်းစေခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

အဲဒီ တနင်္ဂနွေနေ့ အိုတီပေးခဲ့တာမှာလည်း  ည ၆ နာရီခွဲ အထိ လုပ်ကိုင် မပေးဘဲ ညနေ ၄ နာရီခွဲ မှာ ပြန်တဲ့ အလုပ်သမားတွေကို မန်နေဂျာဖြစ်သူက ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။  

" တနင်္ဂနွေနေ့ကို အိုတီ ခေါ်တယ်။ မဆင်းချင်တဲ့သူများတော့ အတင်းအကျပ်ခေါ်တယ်။  အိုတီဆင်းတော့လည်း ည၆နာရီခွဲအထိ ဆင်းပေးရမယ်ဆိုပြီးလုပ်တယ်။ည ၆နာရီ ထိ မဆင်းနိုင်ဘူး၊  ညနေ၄နာရီ နဲ့ ပြန်မယ်ပြောတော့။ မန်နေဂျာက “မဆင်းနိုင်ရင် နောက်နေ့ မလာနဲ့တဲ့”။တချို့ အလုပ်သမားတွေကို အလုပ်ထုတ်ခိုင်းတယ်၊  တချို့ ကို တော့ အိုတီ ရပ်ပစ်မယ် ဆိုပြီး ခြိမ်းခြောက်တယ်" လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

၂၀၂၂ ခုနှစ်က အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနရဲ့ ညွှန်ကြားလွှာမှာ တပတ် အချိန်ပို နာရီ ၂၀ ထက် ကျော်လွန်ခိုင်းစေခွင့် မပြုထားတဲ့ အပြင် အချိန်ပို ခိုင်းစေပါက တပတ်ကြိုတင် အကြောင်းကြား ခွင့်ပြုချက် ရယူဖို့ ပါရှိပါတယ်။ 

ဒါ့အပြင် အချိန်ပို ခေါ်ယူခိုင်းစေရာမှာ အလုပ်သမားတွေရဲ့ သဘောတူ လက်မှတ်ရ ယူဖိုလည်း ညွှန်ကြားထားပါတယ်။

"ဖုန်းတွေကို သိမ်းထားတယ်။ အရေးကြီး ကိစ္စ ရှိရင် မိသားစုတွေ ကို ဘယ်လိုဆက်သွယ်ရမလဲ။ အိုတီ ခိုးလုပ်ပြီး တိုင်မှာ ကြောက်နေတာ။ ဦးစီးတွေပြောလဲ မရဘူး ။ အိုတီ ခွင့်ပြုချက်မရှိဘဲ ခိုင်းနေတာပဲ။ မန်နေဂျာက  အတော် ဆိုး တယ်။ ဝန်ထမ်းတွေကို ဖိအားပေးတယ်၊ ခြိမ်းခြောက်တယ်။ ဖုန်းသိမ်းထားတာဟာ လူ့အခွင့်ရေး ချိုးဖောက် တာပဲ " လို့ စက်ရုံလုပ်သား တဦးက ပြောပါတယ်။  

မြန်မာဂျော်နီ Myanmar Journay အိတ်စက်ရုံက ရန်ကုန်မြို၊ ရွှေပြည်သာမြိုနယ် ၊ ဝါးတရာစက်မှုဇုန်၊ ၂ လမ်းမှာ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင် တစ်ရုံ ဖြစ်ပါသည်။  လုပ်သား ၃၀၀ ကျော်နဲ့ Solo တံဆိပ်အိပ်တွေ  ချုပ်လုပ် နေတယ်လို သိရပါတယ်။

 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026