VIDEO

မြန်မာကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။

CoverLogo
560 Views

 

မြန်မာနိုင်ငံကို အရေးယူဖို့ ILO ကချမှတ်လိုက်တဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ အလုံးစုံစီးပွားရေးပိတ်ဆို့တာမဟုတ်ဘဲ စစ်အုပ်စုနဲ့ ဆက်စပ်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာတွေကို အဖွဲ့ဝင်နိုင်ငံ တွေ အနေနဲ့ ပြန်လည်သုံးသပ်ဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဥက္ကဌ ဦးမောင်မောင်က ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ၁၁၃ ကြိမ်မြောက် ညီလာခံကနေ မြန်မာနိုင်ငံနဲ့ စစ်ကောင်စီကို အရေးယူဖို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်တာဖြစ်ပြီး တရုတ်၊ ရုရှနဲ့ ဘီလာရုစ် နိုင်ငံတွေကတော့ ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။ "စစ်အုပ်စုကို ထောက်ခံနေတဲ့ တရုတ် ရုရှနဲ့ ဘယ်လာရုစ်က လွဲလို့ကျန်တဲ့နိုင်ငံတွေထောက်ခံပါတယ်" လို့ CTUM ဥက္ကဌ ဦးမောင်မောင်ကပြောပါတယ်။

အခုလို ILO ပုဒ်မ ၃၃ နဲ့အရေးယူတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး အရေးယူမှုကြောင့် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ၊ စစ်အာဏာရှင် ပြုတ်ကျရေး ဘယ်လိုအထောက်အကူဖြစ်စေလဲဆိုတာကို မေးမြန်းတင်ဆက်ထားပါတယ်။ #MyanmarLabourNews #ILO #Article33


Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026