VIDEO

မြန်မာကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။

CoverLogo
204 Views

 

မြန်မာနိုင်ငံကို အရေးယူဖို့ ILO ကချမှတ်လိုက်တဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ အလုံးစုံစီးပွားရေးပိတ်ဆို့တာမဟုတ်ဘဲ စစ်အုပ်စုနဲ့ ဆက်စပ်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာတွေကို အဖွဲ့ဝင်နိုင်ငံ တွေ အနေနဲ့ ပြန်လည်သုံးသပ်ဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဥက္ကဌ ဦးမောင်မောင်က ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ၁၁၃ ကြိမ်မြောက် ညီလာခံကနေ မြန်မာနိုင်ငံနဲ့ စစ်ကောင်စီကို အရေးယူဖို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်တာဖြစ်ပြီး တရုတ်၊ ရုရှနဲ့ ဘီလာရုစ် နိုင်ငံတွေကတော့ ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။ "စစ်အုပ်စုကို ထောက်ခံနေတဲ့ တရုတ် ရုရှနဲ့ ဘယ်လာရုစ်က လွဲလို့ကျန်တဲ့နိုင်ငံတွေထောက်ခံပါတယ်" လို့ CTUM ဥက္ကဌ ဦးမောင်မောင်ကပြောပါတယ်။

အခုလို ILO ပုဒ်မ ၃၃ နဲ့အရေးယူတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး အရေးယူမှုကြောင့် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ၊ စစ်အာဏာရှင် ပြုတ်ကျရေး ဘယ်လိုအထောက်အကူဖြစ်စေလဲဆိုတာကို မေးမြန်းတင်ဆက်ထားပါတယ်။ #MyanmarLabourNews #ILO #Article33


Related posts

Cover
Yangon Oscar စက်ရုံလုပ်သားများ လူမှုဖူလုံရေးခံစားခွင့်များ ဆုံးရှုံးနေ
Aug 07, 2025
Cover
Tech-wear (BonTech) အချိန်ပိုကြေး အပြည့်မပေး
Aug 07, 2025
Cover
လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လိုလားနေ
Aug 07, 2025
Cover
CHI MEI Garment အထည်ချုပ် စက်ရုံ အချိန်ပို အတင်းအကျပ်ဆင်းခိုင်း
Aug 06, 2025
Cover
ငလျင်ဒဏ်သင့် အာမခံ လုပ်သားများ စက်တင်ဘာ ၆ ရက် နောက်ဆုံးထားပြီး အကျိုးခံစားခွင့်လျှောက်ထားဖို့ကြေညာ
Aug 06, 2025
Cover
Dishang Fashion (Myanmar) အလုပ်သမားတွေတောင်းဆိုမှုပြုလုပ်
Aug 06, 2025
Cover
အလုပ်ပိတ်ရက်အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရ
Aug 05, 2025
Cover
ဂျပန်မှ မြန်မာလုပ်သား ၁၃၀၀ ကျော် ခေါ်ယူဖို့ ကမ်းလှမ်း၊ အမျိုးသမီး လုပ်သား အများဆုံးပါဝင်
Aug 04, 2025