NEWS

မူဆယ်မှာ အထည်ချုပ်လုပ်ငန်းလုပ်ရန်သွားရောက်တဲ့ လူထောင်နဲ့ချီပိတ်မိနေ

CoverLogo
777 Views
 
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်လိုင်းကနေ အထည်ချုပ်လုပ်ငန်းလုပ်ဖို့သွားတဲ့သူတွေအနေနဲ့ မြန်မာဘက်ကအလုပ်ပွဲစားတွေရဲ့ခေါ်ယူမှုကြောင့် တဖက်နိုင်ငံကလုပ်ငန်းခွင်ထဲမရောက်ရှိနိုင်သေးဘဲ နယ်စပ်မြို့ဖြစ်တဲ့မူဆယ်မှာ လူထောင်နဲ့ချီကာပိတ်မိနေတယ်လို့သိရပါတယ်။
နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း စက်မှုဇုန်တွေကတရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတွေမြန်မာနိုင်ငံတွင်းမှာ လုပ်ငန်းလုပ်ခြင်းမရှိတော့ဘဲ တရုတ်ဖက်က ရွှေလီနယ်စပ်မြို့တွေမှာစက်ရုံထောင်ကာအထည်ချုပ်လုပ်ငန်း လုပ်ပြီး မြန်မာဘက်ကလုပ်သား‌တွေကို အလုပ်ပွဲစားတွေကတဆင့်ပြန်လည်ခေါ်ယူတာကြောင့် အလုပ်သွားရောက်လုပ်ကိုင်သူတွေ များပြားတယ်လို့ဆိုပါတယ်။
အဲ့ဒီ့တရုတ်နယ်စပ်ဘက်က အထည်ချုပ်စက်ရုံမှာသွားရောက်လုပ်ကိုင်ကြတဲ့မြန်မာလုပ်သားတွေဟာလက်ရှိမှာ ၃သိန်းကျော်လောက်ရှိနိုင်သလို ထပ်မံသွားရောက်လုပ်ကိုင်ဖို့ မြန်မာနယ်စပ်မြို့ဖြစ်တဲ့မူဆယ်မှာ စောင့်ဆိုင်းနေသူမြန်မာ အလုပ်သမား ၅၀၀၀ ကျော်ရှိနေရာ ၎င်းတို့အနေနဲ့အလုပ်ပွဲစားတွေရဲ့လိမ်လည်ခေါ်ယူလာမှုကြောင့် တဖက်လုပ်ငန်းခွင်ထဲလည်းမရောက်ဘဲ အခက်ခဲများကြုံတွေ့ကာပိတ်မိနေတယ်လို့သိရပါတယ်။
" မူဆယ်က သိန်းသန်းချီကားဝင်းမှာကတော့ မြန်မာဖက်ကနေတရုတ်စက်ရုံကိုအလုပ်သွားလုပ်မယ့်လူတွေနေထိုင်နေကြတာများတယ်။အသိတွေထဲ တရုတ်သွားဖို့စောင့်နေကြတာတွေရှိတယ်။သူတို့ပြောတာတော့ ပွဲစားကခေါ်လာတာဟိုဘက်မှာတရုတ်ယွမ်၂၀၀၀ လောက်ရတယ်ပြောလို့လိုက်လာတယ်‌တဲ့ခေါ်လာတုန်းကဒီမှာ၂ပတ်လောက်နေရင်ဟိုဘက်ကလာခေါ်မယ်ဆိုပြီးအခု၃လလောက်ရှိနေပြီလာမခေါ်သေးလို့ပြောတယ်။ အခုဒီမှာက ပွဲစားနဲ့လာတာရော သူတို့ဘာသူတို့အချိတ်အဆက်နဲ့ကိုယ်တိုင်လာကြတာရောအစုံပါပဲ။အလုပ်ရသွားပြီးအခြေအနေကောင်းသွားသူလည်းရှိသလို အလုပ်မရဘဲ အလိမ်ခံရတာတွေ ၊အခက်ခဲတွေ့တာနဲ့ ပိတ်လှောင်ခံရတာတွေလည်းရှိတဲ့သတင်းတွေကြားရတယ်။ အစုံပါပဲ"လို့ မူဆယ်မြို့မှာ ကုန်ကားမောင်းနေသူ ကိုကျော်ကျော်က ပြောပါတယ်။
မူဆယ်မြို့မှာ စောင့်ဆိုင်းနေကြတဲ့မြန်မာလုပ်သားတွေ ထဲအသက် ၁၈ နှစ်ကနေ ၄၀ ခန့်အထိ အမျိုးသား အမျိုးသမီးတွေ ပါဝင်နေပြီး ၎င်းတို့အနေနဲ့ အလုပ်လည်းမရရှိသေးတဲ့အတွက် စားဝတ်နေရေးအခက်ခဲတွေကြုံတွေ့ကာ မိမိတို့နေထိုင်ရာနေရပ်တွေကို ပြန်ဖို့အတွက်ကိုလည်း အလုပ်ပွဲစားတွေက မှတ်ပုံတင်သိမ်းဆည်းထားတာရှိသလို လျော်ကြေးပြန်တောင်းတာတွေရှိနေတဲ့အတွက် မူဆယ်မြို့မှာပဲ ပိတ်မိနေကြတယ်လို့သိရပါတယ်။
"တကယ်တော့ တရုတ်နဲ့ MOUစနစ်က စတာမကြာသေးဘူး။ ဒါကလည်းတရုတ်ပြည်မကြီးနဲ့မဟုတ်သေးဘူး။တရုတ်နယ်စပ်က ယူနန်တို့ တယ်ဟုန်းတို့ အဲ့ဒီ့မြို့တွေမှာမြန်မာအလုပ်သမားတွေ တရားဝင်အလုပ်လုပ်နိုင်ဖို့ ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ နှစ်နိုင်ငံ နာလည်မှုစာချုပ် (MOU) လက်မှတ်ရေးထိုးထားတာအဲ့နောက်ပိုင်း အစိမ်းရောင်ကတ်လို့ခေါ်တဲ့ ယာယီနယ်စပ် ဖြတ်သန်းခွင့် (TBP) လက်မှတ်နဲ့ တရုတ်ဘက်မှာ အလုပ်သွားလုပ်သူများလာရာကနေ အခုလိုမူဆယ်မှာ အလုပ်လုပ်ဖို့စောင့်ဆိုင်းပြီးပိတ်မိသူတွေများလာတာ၊ ဒါကပြဿနာတစ်ရပ်လိုဖြစ်လာပေမယ့် နှစ်နိုင်ငံလုံး ဒီအလုပ်သမားပြဿနာတွေကိုမရှင်းနိုင်သေးဘူးပေါ့။တရားဝင်ဆိုတော့အရင်ကဆို ၁၅ ရက်လောက်မူဆယ်မှာစောင့်ပြီးတာနဲ့အလုပ်ကရပြီပေါ့ အခုဟာက နယ်စပ်ဝင်ခွင့်အတွက်စနစ်တွေပြောင်းသွားတာ အရင်က ယာယီနယ်စပ် ဖြတ်သန်းခွင့် (TBP) လက်မှတ်နဲ့ တရုတ်ဖက်ဝင်ပြီးအလုပ်လုပ်နိုင်ပေမယ့်အခုကအလုပ်လုပ်မယ်ဆို နယ်စပ်ဝင်ဖို့ကတ်တစ်မျိုးတည်းနဲ့မရတော့ဘူး တရုတ်စက်ရုံတွေကနေဒီလူကိုအလုပ်ခန့်လိုက်ပါပြီ ဝင်ခွင့်ပေးပါဆိုမှရတော့တဲ့အတွက် စနစ်ပြောင်းသွားလို့ဖြစ်ရတာလည်းရှိတယ်။တစ်ချို့ကတော့ပွဲစားတွေကလူလည်ကျတာရှိတယ်။သူတို့ကစက်ရုံတွေရဲ့လုပ်သားလိုအပ်ချက်အတွက်နယ်စပ်မှာ အဆင်သင့်ရှိနေတဲ့သူကို ခေါ်ဖို့နဂိုထဲကမြန်မာနိုင်ငံထဲဝင်ပြီး တရုတ်မှာအလုပ်လုပ်ဖို့ ပိုက်ဆံမကုန်ကြပဲ သူတို့ခေါ်သွားပေမယ်ဆိုပြီး လူစုဆောင်းထားတဲ့သဘော မူဆယ်က ဂိုဒေါင်တွေမှာ လူတွေကိုနေစရာပေးပြီးစောင့်ခိုင်းတာ၊ အချို့လည်း မူဆယ်အထိ ခေါ်လာပြီးအလုပ်လုပ်မယ့်သူဆီကပိုက်ဆံယူပြီးလိမ်သွားတာ အဲ့တာမျိုးတွေနဲ့ နယ်စပ်မှာ မြန်မာလုပ်သားတွေ အခက်ခဲဖြစ်ကုန်တာပါ"လို့ မူဆယ်မြို့ရှိဒေသခံတစ်ဦးကပြောပါတယ်။
ကိုဗစ်ကပ်ရောဂါ စဖြစ်ချိန်ကတည်းက တရုတ်ဘက်ကို နယ်စပ်ပေါက်ကနေတစ်ဆင့် လူဝင်အထွက်ကို ပိတ်ထားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ကမှ ပြန်ဖွင့်ပေးခဲ့ရာမှာ မြန်မာလုပ်သားအများအပြားတရုတ်ပြည်ကိုသွားရောက်အလုပ်လုပ်ကြပြီး မူဆယ်နယ်စပ်မြို့မှာ ပိတ်မိနေမှုဟာ၂၀၂၅ခုနှစ်အတွင်းမှာပိုမိုဖြစ်ပွားလာတာလို့သိရှိရပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026